သိုဟန်ဘွား: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဓါး +ဓား)
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၁ -
 
'''သိုဟန်ဘွား'''သည် ရွှေနန်းကြော့ရှင်[[နရပတိရွှေနန်းကြော့ရှင်နရပတိ]] နောက် အင်းဝနန်းကို စံမြန်းသော ရှမ်းမင်းဖြစ်သည်။ [[မိုးညှင်းစလုံ]] (ခေါ်) မိုးညှင်းစော်ဘွားစဝ်လုံ၏ သားတော်ဖြစ်သည်။ သိုဟန်ဘွား၏ ခမည်းတော် မိုးညှင်းစလုံသည် မြောက် ဘက် မြေဒူးနယ်၊ ဒီပဲယင်း၊ စည်ပုတ္တရာ စသည် တို့နှင့် အင်းဝနေပြည်တော် အစွန်အဖျားကို ထိပါးဖန်များခဲ့ရုံမက သက္ကရာဇ် ၈၈၆ ခုနှစ်တွင် စစ်ကိုင်းသို့ချီလာ၍
ကျောင်းကန်အိမ်ယာတို့ကို မီးတိုက်ကာ ဧရာဝတီအနောက်တစ်လွှား မြို့ရွာများကို တိုက်ခိုက်သိမ်းယူသည်မှာ သရက်မြို့သို့ တိုင်လေသည်။ ထိုကမှ ပြည်ဘုရင် ဆင်ဖြူရှင် [[သတိုးမင်းစော]]နှင့် ပေါင်း၍ အင်းဝသို့ချီသည်။ အင်းဝဘုရင်ရွှေနန်းကြော့ရှင် မခံနိုင်သဖြင့် ယခု မေမြို့အနီး ဆင်ခေါင်း၊ ဝက်ဝံသို့ ဆုတ်ရလေရာ အင်းဝတွင် သတိုးမင်းစောအားထားခဲ့၍ ဆင်ကောင်း၊ မြင်းကောင်း ယူကာ စလုံပြန်လေသည်။ သို့ရာတွင် သတိုးမင်းစောသည် အင်းဝတွင်ရှိသော အကြီးအကဲတို့ကိုယူ၍ ပြည်သို့ပြန်ရာ ရွှေနန်းကြော့ရှင်လည်း အင်းဝသို့ပြန်၍ အင်အား ထူထောင်ပြန်သည်။