သီပေါမင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ပြဌာန်း +ပြဋ္ဌာန်း)
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၃၆ -
သီပေါမင်းနှင့် မှူးကြီး မတ်ကြီးတို့သည် အင်္ဂလိပ်တို့ ကျေနပ်အောင် လက်ဆောင် ပဏ္ဏာများဖြင့် ကာလကတ္တားသို့ ချစ်ကြည်ရေး မစ်ရှင် အဖွဲ့ တခု စေလွှတ်ကာ အင်္ဂလိပ် မြန်မာ ချစ်ကြည်ရေး တည်မြဲမှုကို ထိန်းသိမ်းထားရန် ပန်ကြားလေသည်။ မြန်မာနိုင်ငံ၌ ရှိကြသော ဗြိတိသျှ အာဏာပိုင်များကမူကား မိမိတို့ အလိုကျ အတိုင်း မြန်မာတို့က မလိုက်လျောလျှင် မစ်ရှင် အဖွဲ့ကို သရက်မြို့ထက် ကျော်လွန်၍ သွားခွင့် မပေးဟု လည်းကောင်း၊ မဟာဝန်ရှင်တော် မင်းကြီးနှင့်လည်း ဆက်သွယ်ခွင့် မပေးဟု လည်းကောင်း၊ ငြင်းဆိုကြသည်။ ထို ဗြိတိသျှတို့၏ အဆိုမှာ မစ်ရှင် အဖွဲ့သည် သာမန် ချစ်ကြည်ရေး ပြုလုပ်ရန်သာ ဖြစ်၍ အကျိုးထူးလှမည် မဟုတ်သည့် အပြင် မစ်ရှင် အဖွဲ့၌လည်း အမှုတို့ကို ဆောင်ရွက်နိုင်သော အာဏာမရှိ ဟူ၍ ဖြစ်လေသည်။ ဤတွင် မန္တလေး နန်းတော်သည် မစ်ရှင် အဖွဲ့ခေါင်းဆောင် သံအမတ်များအား "ပြောရေး ဆိုခွင့် အာဏာများကို သာမက ခေတ္တစာချုပ်ဖြစ်စေ၊ ရာသက်ပန် စာချုပ်ဖြစ်စေ၊ ချုပ်ဆိုနိုင်ခွင့် ရှိသော အာဏာကို လည်းကောင်း၊ ယခု မျက်မှောက် ဖြစ်ပျက်နေသော နှစ်နိုင်ငံ ပြဿနာ အရေးအခင်းတို့ကို ဖြေရှင်းရေး အတွက် ပြောဆိုနိုင်သော၊ စီစဉ်နိုင်သော၊ တိုင်ပင်နိုင်သော အာဏာကို လည်းကောင်း၊ အနာဂတ်၌ နှစ်နိုင်ငံ အရေးအခင်း ရှုပ်ထွေးမည့် ကိစ္စကြီးငယ် မှန်သမျှကို ပြေလည်စွာ ဆောင်ရွက်နိုင်သော အာဏာကို လည်းကောင်း" လွှဲအပ် လိုက်လေသည်။ ရာသက်ပန် ချစ်ကြည်ရေး မဟာမိတ် စာချုပ်တွင် တိုင်းပြည် အသီးသီး၏ အချုပ်အချာ အာဏာပိုင်မှုကို လေးစားခြင်း၊ နိုင်ငံခြားသား ရာဇဝတ်သားကို ဆိုင်ရာ အာဏာပိုင်သို့ ပေးအပ်ရခြင်း၊ ကုန်သည်များ အခွန် ပေးဆောင်ရန် မလိုဘဲ အခမဲ့ ဝင်ရောက် ကုန်ကူးသန်းခွင့် ပေးခြင်း စသည်တို့ ပါဝင်လေသည်။
 
စင်စစ်မှာ ဗြိတိသျှတို့ကလည်း မန္တလေး နန်တော်ကဲ့သို့ပင်နန်းတော်ကဲ့သို့ပင် မန္တလေး နန်တော်နန်းတော် အပေါ်၌ ငြိမ်းချမ်းရေး လိုလားကြောင်း ပြစေသည် သဘော ဖြစ်လေသည်။ ဗြိတိသျှတို့ ဘက်ကမူ အထက် မြန်မာနိုင်ငံကို နှိမ်နင်းလိုလျှင် အောက်မြန်မာနိုင်ငံရှိ ဗြိတိသျှ စစ်တပ် အပြင် နောက်ထပ် စစ်သည် ၅,ဝဝဝ လိုကြောင်း စစ်ဘက် အကြံပေး အရာရှိက အစီရင်ခံ ထားလေသည်။ ထိုအခါကသော် ဗြိတိသျှတို့သည် အာဖဂန်နီ စတန်နှင့် အာဖရိက တောင်ပိုင်းတွင် နယ်ချဲ့ စစ်ပွဲ ဆင်နွှဲ နေရသည့် အတွက် မြန်မာတို့ကို တိုက်ခိုက်ခဲ့လျှင် ဝန်ထုပ် တခု တိုးလာမည် ဖြစ်လေသည်။ ထို့ကြောင့် မြန်မာတို့အား နှိမ်နင်းရန် အရေးကို ခေတ္တ ရွှေ့ဆိုင်း ထားကြရလေသည်။ ထိုအချိန်တွင် သီပေါမင်းသည် ခမည်းတော် မင်းတုန်းမင်း အမြှော်အမြင် ကြီးစွာ ဆောင်ရွက်ခဲ့ သဖြင့် ရအပ်သော အကျိုး ကျေးဇူးတို့ကို ခံစားလျက် နေရသည်။ နန်းတက်စ နှစ်များတွင် မြန်မာဘုရင် အုပ်စိုးသော အထက် တခွင်၌ ကူးသန်း ရောင်းဝယ်ရေးသည် တိုးတက်ဖွံ့ဖြိုး ခဲ့လေသည်။
 
[[File:King Thebaw -Ratnagiri.jpg|thumb|150px|left|ဗြိတိသျှတို့သည် သီပေါဘုရင်အား ရတနာဂီရိသို့ ခေါ်ဆောင်၍ ဤတိုက်နန်းတော်တွင် ထားလေသည်။]]