ထူးအိမ်သင်: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
→‎အနုပညာလှုပ်ရှားမှု: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၃၆ -
 
== အနုပညာလှုပ်ရှားမှု ==
မော်လမြိုင်မြို့တွင် ဂီတဆရာ ဦးအောင်စိုး (KC Francis) ထံမှ ဂီတ သင်္ကေတနှင့် ဂီတပညာ သင်ယူခဲ့သည်။<ref name="het">{{cite journal | url=http://www.people.com.mm/starbio_view.cfm?id=5310&parent=5310&sec=9 | title=Musical Bird That Has Flown Away | date=April 2006 | author=Moe Moe Aung | work=People Magazine Myanmar | volume=3 | deadurl=yes | archiveurl=https://web.archive.org/web/20110429095418/http://www.people.com.mm/starbio_view.cfm?id=5310&parent=5310&sec=9 | archivedate=2011-04-29 | df= }}</ref> ၁၉၈၆ ခုနှစ်တွင် ''နာရီပေါ်မှမျက်ရည်စက်များ'' စီးရီးဖြင့် ဂီတလောကသို့ စတင်ဝင်ရောက်ခဲ့သည်။ ထူးအိမ်သင်သည် ကိုယ်ပိုင်သံစဉ်သီချင်းအများစုကို ရေးသားသီကုံးခဲ့ပြီး ဂီတပညာရှင်တစ်ဦး ဖြစ်ရန် ကြိုးပမ်းအားထုတ်ခဲ့သည်။ ထူးအိမ်သင်၏ အခြားတစ်ကိုယ်တော် တေးစီးရီးများမှာ မှော်ဆရာအိမ်မက်၊ သက်ငြိမ်၊ အတ္တပုံဆောင်ခဲများ ၊ အရင်အတိုင်း၊ စကားလုံးမရှိတဲ့ကောင်းကင်၊ မြို့ပြလရောင်တမ်းချင်း၊ ဝန်ရိုးစွန်းမီးဝင်ရိုးစွန်းမီး ၊ အမေ (သို့မဟုတ်) မေတ္တာတော်ဘွဲ့၊ အစိမ်းရောင်ရက်စွဲများ၊ တစ်နေ့စာအလွဲများ၊ ချစ်ခြင်းအားဖြင့် စသည်တို့ဖြစ်သည်။ ထူးအိမ်သင်သည် ကဗျာများကိုလည်း ရေးသားခဲ့သည် ။
 
၁၉⁠၉၁ခုနှစ်တွင်ထွက်ရှိခဲ့သည့် ရာဇဝင်များရဲ့ သတို့သမီးသီချင်းကြောင့် ပရိတ်သက်များမျက်ခုံးလှုပ်ခဲ့ရသည်။ သီချင်းသည် မြန်မာနိုင်ငံ၏ အဓိက ရေစီးကြောင်းဖြစ်သည့် ဧရာဝတီမြစ်ကို ဖော်ကျူးထားသော်လည်း ဒီမိုကရေစီခေါင်းဆောင် [[အောင်ဆန်းစုကြည်|ဒေါ်အောင်ဆန်းစုကြည်]]ကို ရည်စူး၍ ရေးသားထားသည်ဟု အများက ထင်ကြသည်။ ထို့ကြောင့် သူ၏ ဖျော်ဖြေတင်ဆက်ရေးပွဲများကို စစ်အစိုးရမှ ပိတ်ပင်ခဲ့သည်။