ဟယ်ရီပေါ်တာနှင့် သွေးနှောမင်းသား: တည်းဖြတ်မှု မူကွဲများ

တည်းဖြတ်မှုအတွက် စကားချပ် မရှိပါ
No edit summary
No edit summary
| followed_by = [[ဟယ်ရီပေါ်တာနှင့် မရဏမှော်လက်ဆောင်]]
}}
'''''ဟယ်ရီပေါ်တာနှင့် သွေးနှောမင်းသား''''' ({{lang-en| Harry Potter and the Half-Blood Prince}} ၊ '''ဟယ်ရီပေါ်တာနှင့် သွေးတစ်ဝက်မှော်ဝိဇ္ဇာ''' စသည်ဖြင့်လည်း ဘာသာပြန်ဆိုကြ) သည် ဗြိတိသျှစာရေးဆရာမ [[ဂျေ ကေ ရိုးလင်း]] ရေးသားထားသည့် နာမည်ကြီး ဆန်းကြယ်စိတ်ကူးယဉ် ဝတ္ထုရှည်တစ်ပုဒ် ဖြစ်၍၊ ထိုဝတ္ထုသည် [[ဟယ်ရီပေါ်တာ]] စာအုပ်စီးရီးတွင်စာအုပ်အတွဲတွင် နောက်ဆုံး၏ရှေ့နှင့် ဆဋ္ဌမမြောက်စာအုပ်ဖြစ်သည်။ ထိုစာအုပ်သည် အဓိကဇာတ်ဆောင် [[ဟယ်ရီပေါ်တာ (ဇာတ်ကောင်)|ဟယ်ရီပေါ်တာ]]၏ ဟော့ဂ်ဝပ် စုန်းကဝေအတတ်နှင့် မှော်ပညာကျောင်းတော်ကြီးတွင် တက်ရောက်ရသော ဆဋ္ဌမနှစ်ကျောင်းသားဘဝအကြောင်း ဖြစ်၍ ဟယ်ရီ၏ ပြေးမလွတ်နိုင်သော ဝဋ်ဒုက္ခအကြောင်းများ၊ ဗော်လ်ဒီမော့၊ ဟယ်ရီ၏ ကောင်းရာညွှန်ဆရာကြီးတစ်ဦးလည်းဖြစ်၊ ဟော့ဂ်ဝပ်ကျောင်းအုပ်ကြီးလည်းဖြစ်သော အဲလ်ဘတ်စ် ဒမ်ဘယ်လ်ဒိုးနှင့် ဗော်လ်ဒီမော့တို့၏ နောက်ဆုံးတိုက်ပွဲအတွက် ဟယ်ရီ၏ ကြိုတင်ပြင်ဆင်မှုများ စသည့်ဇာတ်ကြောင်းများကို ဖတ်ရှုရမည့် ဝတ္ထုဖြစ်သည်။
 
ထိုစာအုပ်ကို [[ယူနိုက်တက်ကင်းဒမ်း]]တွင် ဘလွမ်းစ်ဘာရီ စာအုပ်တိုက်မှလည်းကောင်း၊ [[အမေရိကန်ပြည်ထောင်စု]]တွင် စကောလာ့စတစ်မှလည်းကောင်း ၂၀၀၅ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်တွင် ထုတ်ဝေဖြန့်ချိခဲ့လေသည်။ အခြားသော နိုင်ငံအချို့တွင် ထိုနေ့၌ပင် ထုတ်ဝေခဲ့ပေသည်။ စတင်ဖြန့်ချိချိန်မှ ၂၄ နာရီအတွင်း အုပ်ရေ ကိုးသန်းခန့်အထိ ရောင်းချနိုင်ခဲ့သဖြင် ထိုအချိန်က မှတ်တမ်းဝင်စံချိန်တင်နိုင်ခဲ့သော်လည်း၊ နောင်တွင် စာအုပ်စီးရီး၏ အဆက်ဖြစ်သော ''[[ဟယ်ရီပေါ်တာနှင့် မရဏမှော်လက်ဆောင်]]'' မှ ထိုစံချိန်ကို ကျော်ဖြတ်ကာ ထပ်မံစံချိန်ချိုးနိုင်ခဲ့သည်။
အမည်မသိ အသုံးပြုသူ