ဟယ်ရီပေါ်တာ: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
စာလုံးပေါင်း ပြင်ခဲ့သည် စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ် |
No edit summary |
||
စာကြောင်း ၂၅ -
}}
'''''ဟယ်ရီပေါ်တာ''''' ({{lang-en|Harry Potter}} ၊ '''ဟာရီပေါ့တာ''' ဟုလည်း အသံထွက်/စာလုံးပေါင်းကြ) သည် ဗြိတိသျှစာရေးဆရာမ [[ဂျေ ကေ ရိုးလင်း]] ရေးသားသော လူကြိုက်များထင်ရှားသည့် နာမည်ကြီး ဆန်းကြယ်စိတ်ကူးယဉ် ဝတ္ထုရှည် စာအုပ်အတွဲ (စီးရီး) တစ်ခု ဖြစ်သည်။ ထိုဝတ္ထုများသည် ဟော့ဂ်ဝပ် စုန်းကဝေအတတ်နှင့် မှော်ပညာကျောင်းတော်ကြီးတွင် တက်ရောက်ကြသည့် ငယ်ရွယ်သော မှော်ဆရာကောင်လေး [[ဟယ်ရီပေါ်တာ (ဇာတ်ကောင်)|ဟယ်ရီပေါ်တာ]]နှင့် သူ၏ သူငယ်ချင်းများဖြစ်သော ဟာမိုင်ယွန်းနီ ဂရန်ဂျာ (မိန်းကလေး)၊ ရော်နယ်
စာအုပ်အတွဲ၏ ပထမဆုံးဝတ္ထုဖြစ်သော ၁၉၉၇ ခုနှစ်၊ ဇွန်လ ၂၆ ရက်တွင် ထုတ်ဝေခဲ့သည့် ''[[ဟယ်ရီပေါ်တာနှင့် ပြဒါးရှင်လုံး|ဟယ်ရီပေါ်တာနှင့် ပြးဒါးရှင်လုံး]]'' စာအုပ် စတင်ထုတ်ဝေချိန်ကပင် စာအုပ်သည် ရေပန်းစားမှု ၊ ဝေဖန်ရေးများက ချီးကျူးဂုဏ်ပြုမှု ၊ စီးပွားရေးဆိုင်ရာ အောင်မြင်မှုတို့ဖြင့် ကမ္ဘာတစ်ဝန်း လွန်စွာနာမည်ကျော်ကြားလာခဲ့သည်။ ထိုစာအုပ်များသည် ကလေးလူငယ် စာဖတ်သူတို့ အပြင် ယန်း အဒေါ့လ်တ် (Young Adult) ခေါ် အရွယ်ရောက်လူငယ်များ၊ လူကြီးစာဖတ်သူများအတွက်ပါ စိတ်ဝင်စားမှု မြင့်တက်စေနိုင်ခဲ့သည်။<ref>{{cite news|url=http://news.bbc.co.uk/2/hi/entertainment/2996578.stm|title=Potter's place in the literary canon|work=BBC News|last=Allsobrook|first=Dr. Marian|date=18 June 2003|accessdate=15 October 2007|deadurl=no|archiveurl=https://web.archive.org/web/20080109162755/http://news.bbc.co.uk/2/hi/entertainment/2996578.stm|archivedate=9 January 2008|df=dmy-all}}</ref> ယခုစာအုပ်အတွဲကို ရုပ်ရှင်စီးရီးအဖြစ် ပုံဖော်ရာတွင်လည်း အထူးအောင်မြင်ခဲ့လေသည်။ ထိုစာအုပ်များတွင် ပါဝင်သော မှော်ကြိမ်လုံး၊ မှော်ဂါထာစသည်တို့က မကြားဖူးသူ ရှားလောက်အောင်ပင် စာဖတ်သူ ပရိသတ်များအပေါ် အလွန်ဩဇာသက်ရောက်၍ အချို့ကို အရူးအမူး ဖြစ်စေခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် ဟယ်ရီပေါ်တာ စာအုပ်အတွဲသည် အုပ်ရေသန်းငါးရာကျော် ရောင်းချပြီးဖြစ်သောကြောင့် '''ကမ္ဘာ့အရောင်းရဆုံး စာအုပ်အတွဲ''' ဖြစ်လာခဲ့သည့်အပြင် ဘာသာစကားပေါင်း ၈၀ မျှ ပြန်ဆိုခဲ့ပြီးဖြစ်သည်။<ref name="Harry Potter copies">{{cite news|url=https://www.pottermore.com/news/500-million-harry-potter-books-have-now-been-sold-worldwide|work=[[Pottermore]]|title=500 million Harry Potter books have now been sold worldwide|author=The Pottermore News Team|date=1 February 2018|deadurl=no|archiveurl=https://web.archive.org/web/20180314231631/https://www.pottermore.com/news/500-million-harry-potter-books-have-now-been-sold-worldwide|archivedate=14 March 2018|df=dmy-all}}</ref>
|