မြန်မာအက္ခရာ: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၁၄၁ -
|}
 
ပါဠိဘာသာရေးရိုးရေးစဉ်အတိုင်း "က…ဠ" နောက်တွင် အ အက္ခရာထက်၌ နိဂ္ဂဟိတ်တင်သော (အံ) ကို ဖြည့်၍ က…ဠ၊ အံ ဟု ဗျည်း (၃၃) လုံး ရေတွက်သတ်မှတ်ကြသည်လည်း ရှိသည်။ ဤ၌ သေးသေးတင် ( ံံ ) ကိုသာ ဗျည်းဟု ဆိုလိုသည်။ ယှဉ်သော (အ) မှာ အသံရွတ်ဆိုရရုံမျှ ပြထားခြင်းဖြစ်သည်။<ref group=note>အချို့ပညာရှိများကလည်း ( ံံ ) အပြင် ဝိသဇ္ဇနီ ( ) ပါထည့်ပြီး ဗျည်း (၃၄) လုံးဟု သတ်မှတ်လိုသည်။ အချို့ကမူ က…ဠ၊ အံ၊ အံ့၊ အံး ဟူ၍လည်းကောင်း၊ အချို့က က…ဠ၊ အံ့၊ အံ၊ အံး ဟူ၍လည်းကောင်း ဗျည်း ၃၅-လုံး သတ်မှတ်လိုသည်။ ( ံံ ) အပြင် အောင်မြစ်အောက်မြစ် ( ) နှင့် ဝိသဇ္ဇနီ ( ) တို့ကို ဗျည်းအဖြစ် ဖြည့်စွက်ရေတွက် ဖော်ပြခြင်းဖြစ်သည်။</ref>
 
အ အဆုံး ဗျည်း (၃၃) လုံးမူသည် မြန်မာမှုအရ အရေးအသားစနစ်ကို အလေးပေးထား၍ အံ အဆုံး ဗျည်း (၃၃) လုံးမူမှာ စကားသံစနစ်ကို အလေးပေးထားကြောင်း တွေ့ရသည်။ အံ ( ံံ ) ဗျည်းအဆုံးထားလိုသူတို့က (အ) သည် သရမျှသာဖြစ်၍ ဗျည်းစာရင်းတွင် ပါစရာမလို၊ ( ံံ ) သာ ဗျည်းအဖြစ် ပါသင့်သည်ဟု ယူဆကြသည်။ သို့သော် (အ) သည် ရှေးပုဂံခေတ်ကပင် သရ၏ တာဝန်အပြင် ဗျည်းတစ်ခုသဖွယ် ဆောင်ရွက်လာခဲ့ကြောင်းကို ဤသို့ တွေ့ရပေသည်။
 
က အစ ဠ အဆုံး ဗျည်း (၃၂) လုံးကို သရသင်္ကေတများနှင့် ယှဉ်၍ အက္ခရာပွားနိုင်သကဲ့သို့ (အ) ကိုလည်း ယင်းသင်္ကေတအားလုံးနှင့် ယှဉ်၍ အက္ခရာပွားနိုင်သည်။ အခြား ဗျည်းများကို ဝဆွဲ၍ ဗျည်းတွဲအဖြစ် ရေးနိုင်သကဲ့သို့ (အ) ကိုလည်း ဝဆွဲ၍ ဗျည်းတွဲအဖြစ် ရေးနိုင်သည်။ ဗျည်းတို့တွင် အသတ်တင်၍ ရေးနိုင်သကဲ့သို့ ပုဂံခေတ်က (အ) တွင် အသတ်တင်၍ ရေးခဲ့ကြသည်။