မြန်မာအက္ခရာ: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
No edit summary စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် |
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် |
||
စာကြောင်း ၁၉၇ -
== သရအက္ခရာများ ==
မြန်မာစာရေးသားမှုတွင် အခြေခံအားဖြင့် သရအက္ခရာ (၁၂) လုံး ရှိသည်။ ၎င်းတို့မှာ အ၊ အာ၊ ဣ၊ ဤ၊ ဥ၊ ဦ၊ ဧ၊ အဲ၊ ဩ၊ ဩော်၊ အံ၊ အို တို့ ဖြစ်သည်။ တစ်နည်းအားဖြင့် အ၊ အာ၊ အိ၊ အီ၊ အု၊ အူ၊ အေ၊ အဲ၊ အော၊ အော်၊ အံ၊ အို ဟုလည်း ရေးသားနိုင်သည်။ ယင်းအခြေခံ သရ (၁၂) လုံးကို မူတည်ပြီး အောက်မြစ် (
{| class="wikitable"
|-
စာကြောင်း ၂၁၅ -
|}
ယင်းသရ (၂၁) လုံးအနက် အောက်မြစ် (
ဗျည်းအရေအတွက်နှင့် စပ်လျဉ်း၍ အယူအဆအမျိုးမျိုး ရှိကြသကဲ့သို့ သရအရေအတွက်နှင့် စပ်လျဉ်း၍လည်း အယူအဆအမျိုးမျိုး ရှိခဲ့ကြသည်။ ရှေးပါဠိသဒ္ဒါကျမ်းတစ်စောင်ဖြစ်သော ကစ္စည်းသဒ္ဒါကျမ်းက အ၊ အာ၊ ဣ၊ ဤ၊ ဥ၊ ဦ၊ ဧ၊ ဩ-သရရှစ်လုံးဟု ပြသည်။ မောဂ္ဂလလာန်ကျမ်းကမူ အ၊ အာ၊ ဣ၊ ဤ၊ ဥ၊ ဦ၊ ဧ၊ ဩ၊ ဧတ်၊ ဩတ်-သရ (၁ဝ) လုံးဟု ပြသည်။ ကုန်းဘောင်ခေတ် တောင်တွင်းဆရာတော် ခင်ကြီးဖျော်၏ သဒ္ဒဗျူဟာကျမ်း၌မူ အ၊ အာ၊ ဣ၊ ဤ၊ ဥ၊ ဦ၊ ဧ၊ ဩ-သရရှစ်လုံးတွင် အဲ၊ ဩော်၊ အို သုံးလုံးဖြည့်စွက်ပြီး မြန်မာသရ ၁၁ လုံးဟု ပြဆိုခဲ့သည်။ ယင်းပြဆိုချက်များ၌ အံ ကို မတွေ့ရချေ။ ရှေးသဒ္ဒါဆရာများက အံ ကို အခြေခံသရတစ်ခုအဖြစ် မယူကြချေ။ ၎င်းတို့က နိဂ္ဂဟိတ် (- ံ) ကို ဗျည်းစာရင်း၌ ထည့်သွင်းကြသဖြင့် အသရတွင် နိဂ္ဂဟိတ်ဗျည်း (- ံ) ယှဉ်သော အံ ကို အခြေခံသရတွင် မထည့်ကြခြင်းဖြစ်သည်။ မြန်မာ သင်ပုန်းကြီးကမူ အံ ကို ဗျည်းစာရင်း၌ ထည့်သွင်း မပြဆိုခဲ့ချေ။ အသတ်ဗျည်းမပါသော သရများကို ကမချသရများအဖြစ် စုစည်း ဖော်ပြသော အခါတွင်မူ အသတ်ဗျည်း ထင်ရှားမရှိသော အံ သည်လည်း ကမချ သရများတွင် အကျုံးဝင်ခဲ့လေသည်။ ဤသို့ဖြင့် သင်ပုန်းကြီးက အံ ကို သရတစ်ခုအဖြစ် ဖော်ပြခဲ့ပေသည်။
ပုဂံခေတ် ရှေးဦးမြန်မာအရေးအသားများတွင် အထက်ပါ သရ (၁၂) လုံးအနက်မှ အဲ၊ အော်၊ အို တို့ကို မတွေ့ရသေးပေ။ ထိုခေတ်က - ဲ အစား - ါယ် ကိုလည်းကောင်း၊ ေ-ာ် အစား -ဝ် ကို လည်းကောင်း၊ [သာဓက။ ။ တဝ်၊ ပုဇဝ် (တော်၊ ပူဇော်)] -ို အစား -ိဝ်၊ -ုဝ်၊ ေ-ိဝ်၊ -ိုဝ် တို့ကိုလည်းကောင်း သုံးခဲ့ကြသည်။ အဆိုပါ ပါယ်၊ ထိုဝ် စသည့် စာလုံးများတွင် ယ်၊ ဝ် များ ပါရှိနေခြင်းကြောင့် ၎င်းတို့ကို သရအဖြစ် မသတ်မှတ်ခဲ့ပေ။
သက္ကရာဇ် ၄၉၃-ခုနှစ်ထိုး အလောင်းစည်သူမင်း၏ ရွှေဂူကြီး ပါဠိဘာသာ ကျောက်စာတွင် ဗေဲသာခမာသ ဟု ဧဲ သရဖြင့် ရေးထိုးထားသည်ကို တွေ့ရသည်။ သက္ကရာဇ် ၅ဝ၉-ခုနှစ်ထိုး ငနွယ်သင်ကျောက်စာ (ပုံ-၅၉) တွင် "လဲကိုဝ်ဖျက်ဆီသသူ" ဟူ၍ အဲသရကို တွေ့ရသည်။ ဧဲ သဏ္ဌာန်သည် သက္ကတသဏ္ဌာန်ဖြစ်၍ အဲ သဏ္ဌာန်သည် မြန်မာမှုပြုထားသော သဏ္ဌာန်ဖြစ်ပေသည်။ ပါဠိတွင် အဲသရမရှိချေ။ ထိုသက္ကတ ဧဲသဏ္ဌာန်ကို စွဲ၍ ယောအတွင်းဝန်၏ လိပိဒီပိကာကျမ်း၊ လယ်တီဆရာတော်၏ သင်ပုန်းကြီးသံခိပ် စသည်တွင် သရအက္ခရာများကို ပြဆိုရာ၌ ဧဲဟု ပြဆိုခဲ့ကြသည်။ သို့သော် ဝေါဟာရတ္ထပကာသနီ ကျမ်းပြုဆရာတော်ကမူ မြန်မာမှု အဲ ကိုပင် နှစ်သက်သည်။ ခင်ကြီးဖျော်၏ သဒ္ဒဗျူဟာတွင်လည်း အဲဟုပင် ပြသည်။ မြန်မာမှု၌ ေ-ဲ ရေးထုံးမရှိကြောင်းကို ဝေါဟာရတ္ထပကာသနီကျမ်းက ''သဝေတွင် နောက်ပစ်၍လည်း မြန်မာမှု၌ မထင်ရှိခဲ့'' ဟု ပြဆိုခဲ့သည်။ အဲသည် သက္ကရာဇ် ၅၀၀ ခန့်မှစ၍ မြန်မာသရတစ်ခု ဖြစ်လာခဲ့ပေသည်။
|