တရုတ်ပြည်သူ့သမ္မတနိုင်ငံ: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ် |
No edit summary စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် |
||
စာကြောင်း ၄၉ -
'''တရုတ်ပြည်သူ့သမ္မတနိုင်ငံ''' ([[တရုတ်ဘာသာ|တရုတ်]] - (Simplified Chinese - 中华人民共和国); (Traditional Chinese - 中華人民共和國)၊ [[ဖျင်းယင်း]] - Zhōnghuá Rénmín Gònghéguó) သည် အရှေ့[[အာရှ]]၏ အကြီးဆုံးနိုင်ငံဖြစ်ပြီး ကမ္ဘာ့တတိယ သို့မဟုတ် စတုတ္ထအကြီးဆုံးနိုင်ငံဖြစ်သည်။ တရုတ်ပြည်သည် လူဦးရေ သန်း ၁၃၀၀ ရှိပြီး လူဦးရေ အများဆုံးနိုင်ငံလည်းဖြစ်သည်။ တရုတ်ကွန်မြူနစ်ပါတီ Communist Party of China (CPC) မှ အုပ်ချုပ်သည်။ ပြည်နယ်ပေါင်း (၂၂)ခု၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ(၅)ခု၊ မြူနီစီပါယ် အုပ်ချုပ်ရေးမြို့တော် (၄)ခု ([[ပေကျင်း]]၊ [[ထျန်းကျင်း]]၊ [[ရှန်ဟိုင်းမြို့|ရှန်ဟိုင်း]]၊ [[ချုံချင့်]]) နှင့် အထူးအုပ်ချုပ်ရေးဒေသ (၂)ခု ([[ဟောင်ကောင်]]နှင့် [[မကာအို]])တို့ ပေါ်တွင် တရားဥပဒေ စိုးမိုးအုပ်ချုပ်ထားနိုင်သည်။ မြို့တော်မှာ [[ပေကျင်း]] ဖြစ်သည်။
ဧရိယာ စတုရန်းကီလိုမီတာပေါင်း (၉.၆)သန်း (စတုရန်းမိုင်ပေါင်း - (၃.၇)သန်း) ကျယ်ဝန်းသည်။ မြေမျက်နှာသွင်ပြင်မှာ ပုံစံအမျိုးမျိုး ကွဲပြားနေသည်။ သစ်တောများလည်းရှိသလို သဲကန္တာရများ (ဂိုဘီ သဲကန္တာရ၊ တပ်ခ်လာမာကန် သဲကန္တာရ) များလည်း ရှိသည်။ ဗီယက်နမ်၊ လာအို၊ မြန်မာနိုင်ငံတို့နှင့်နီးသော ဒေသများတွင် နွေးသမပိုင်း သစ်တောများ ဖုံးလွှမ်းလျက်ရှိသည်။ နိုင်ငံ၏အနောက်ပိုင်းတွင် တောင်တန်းများ၊
တရုတ်ရှေးဟောင်း ယဉ်ကျေးမှုသည် [[မြစ်ဝါမြစ်]]ဝှမ်းဒေသမှ တရုတ်ပြည်မြောက်ပိုင်းတခွင်တွင် စတင်ပေါ်ထွန်းလာခဲ့သည်။ နှစ်ပေါင်း (၆၀၀၀) ကျော်မျှ သက်ဦးဆံပိုင် ဘုရင်စနစ်ဖြင့် နိုင်ငံကို အုပ်ချုပ်လာခဲ့သည်။ မင်းဆက်ပေါင်း မြောက်မြားစွာရှိသည်။ ပထမဆုံးမင်းဆက်မှာ ဘီစီ ၂၀၀၀ ခန့်က တည်ထောင်ခဲ့သော ရှမင်းဆက် (Xia Dynasty) ဖြစ်သော်လည်း ဘီစီ ၂၂၁ ခုနှစ် [[ချင်မင်းဆက်]] (Qin Dynasty) နှောင်းပိုင်းကာလကျမှသာ နိုင်ငံကို တစည်းတလုံးတည်း ဖြစ်အောင် စည်းရုံးသိမ်းသွင်း နိုင်ခဲ့သည်။ ထို့နောက်တွင်မွန်ဂိုတို့၏သိမ်းပိုက်ခြင်းကိုခံရသည်။ မွန်ဂိုတို့အားတွန်းလှန်ပြီးနောက် မင်မင်းဆက်ကိုတည်ထောင်သည်။ ထို့နောက်မန်ချူးတို့ကသိမ်းပိုက်ပြီး [[ချင်းမင်းဆက်]] (Qing Dynasty) ကိုတည်ထောင်သည်။ ၁၉၁၁ ခုနှစ်တွင် တရုတ်အမျိုးသားရေးပါတီ (Kuomintang (KMT)) မှ [[တရုတ်သမ္မတနိုင်ငံ]]ကို တည်ထောင်လိုက်ချိန်မှစ၍ ဘုရင်စနစ်ချုပ်ငြိမ်းခဲ့သည်။
|