"သတိပဋ္ဌာန်" ၏ တည်းဖြတ်မှု မူကွဲများ

၆ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၁ နှစ်
အ​ရေးမကြီး
(အ​ရေးမကြီး)
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
၁။ ကာယာနုပဿနာ သတိပဋ္ဌာန်ဟူသည် ထွက်သက် ဝင်သက် အစရှိသော ရူပကာယ၌ ခိုင်မြဲစွာတည်သော သတိဖြစ်သည်၊ တနည်းအားဖြင့် ခန္ဓာကိုယ်၌ (ဝါ) ဆံပင် မွေးညှင်းစသော [[၃၂ ကောဋ္ဌာသ|(၃၂) ကောဋ္ဌာသ]]၌ အဖန်ဖန် ရှုခြင်းဖြစ်ပါသည်။ ဤသို့ အဖန်ဖန် ရှုသောအခါ အသုဘ (မတင့်တယ် ရွံ့ရှာဖွယ်ဖြစ်သော) အခြင်းအရာထင်လာသည်။ ဤသတိပဋ္ဌာန်ဖြင့် ခန္ဓာကိုယ်ကို တင့်တယ်သည်ဟု မှတ်ထင်သော သုဘဝိပလ္လာသ (တင့်တယ်၏ဟု အမြင်မှားနေမှု) ကို ပယ်ရှားနိုင်သည်။
 
၂။ ဝေဒနာနုပဿနာသတိပဋ္ဌာန်ဟူသည် ဝေဒနာတရားတို့၌ ခိုင်မြဲစွာတည်သော သတိဖြစ်သည်။ တနည်းအားဖြင့် ဝေဒနာတို့ကို ဒုက္ခအခြင်းအရာထင်လာအောင် အဖန်ဖန် ရှုဆင်ခြင်သော သတိဖြစ်သည်။ ဤသတိပဌာန်ဖြင့်ဤသတိပဋ္ဌာန်ဖြင့် သုခဝေဒနာ၊ ဒုက္ခဝေဒနာနှင့် ဥပေက္ခာဝေဒနာတို့ကို အဖန်ဖန်ရှုသောအခါ အဖြစ်အပျက်ဒဏ် အမြဲခံရပုံကို မြင်ရသဖြင့် ကြောက်မက်ဖွယ် ဘေးဒုက္ခဟူ၍ ထင်လာသည်။ ဤသတိပဋ္ဌာန်ဖြင့် ရုပ်နာမ်တို့၌ သုခဟု မှတ်ထင်သော သုခဝိပလ္လာသ (ချမ်းသာ၏ဟု အမြင်မှားနေမှု) ကို ပယ်ရှားနိုင်သည်။
 
၃။ စိတ္တာနုပဿနာသတိပဋ္ဌာန်ဟူသည် သရာဂစိတ် ဝီတရာဂစိတ် အစရှိသော စိတ်အပြား၌ ခိုင်မြဲစွာတည်သော သတိဖြစ်သည်။ တနည်းအားဖြင့် စိတ်ကို အာရုံပြု၍ ဤစိတ်ကား ရာဂစိတ်၊ ဤစိတ်ကား ရာဂကင်းသောစိတ် စသည်ဖြင့် ခွဲခြားလျက် အနိစ္စ အခြင်းအရာ ထင်လာအောင် အဖန်ဖန်ရှုတတ်သော သတိဖြစ်သည်။ ဤသတိပဋ္ဌာန်ဖြင့် စိတ်တို့ကို ခွဲခြားဆင်ခြင်သောအခါ စိတ်အမျိုးမျိုး ပြောင်းလဲပုံကို သေချာစွာ သိရသဖြင့် အနိစ္စအခြင်းအရာ လွန်စွာ ထင်လာသည်။ ဤသတိပဋ္ဌာန်ဖြင့် နိစ္စဝိပလ္လာသ (မြဲ၏ဟု အမြင်မှားနေမှု) ကို ပယ်ရှားနိုင်သည်။
၁၇၄၈

တည်းဖြတ်မှုများ