စိန်တုံးမိဖုရား: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၁ -
[[File:Seindon Mibaya.jpg|thumb|စိန်တုံးမိဖုရား]]
'''စိန်တုံးမိဖုရား'''သည် [[မင်းတုန်းမင်း]]၏ မိဖုရား ၆၄ ပါးတွင် "သီရိပုဗ္ဗာရတနာဒေဝီ"ဘွဲခံ မိဖုရားတစ်ပါးဖြစ်သည်။ ဖခင်မှာ ​လေးဦး​ဗိုလ်ဆိုင်ဖြစ်၍ မိခင်မှာ မင်းတုန်းမင်း၏ မယ်​တော် ​တောင်​ဆောင်​တော်မိဖုရား ​ကျောက်​မော်မြို့စား သီရိသုစန္ဒါ မလ္လာမ​ဟေ ၏ ညီမ​တော် အာလကပ္ပမြို့စား ဖြစ်သည်။ တပယ်မင်းသားနှင့် ​မောင်နှမရင်း ​တော်စပ်သည်။ မင်းတုန်းမင်း၏ တစ်ဝမ်းကွဲ ညီမလည်းဖြစ်သည် ။ စလေမြို့နှင့် တလုပ်မြို့ကို စားရသည်။ မင်းတုန်းမင်း၏ သားသမီးမထွန်းကားသော မိဖုရား ၇ ပါးတွင် တစ်ပါးအပါအဝင် ဖြစ်သည်။ [[သင်္ဂဇာဆရာတော်]] နှင့် ဝိဇယရာမ ဆရာတော် ၂ ပါးလုံး၏ ကျောင်းအစ်မ တစ်ဦးလည်းဖြစ်သည်။
 
မင်းတုန်းမင်း နတ်ရွာစံပြီးနောက်ပိုင်း ပေးသနားတော်မူခဲ့သော စိန်ရွှေငွေများနှင့် နန်းစဉ်ပစ္စည်းများကို စာရင်းသေချာစွာ မအပ်သဖြင့် အကျဉ်းကျခံရဖူးသည်။ အင်္ဂလိပ်များ မြန်မာနိုင်ငံကို သိမ်းယူပြီးနောက် အောက်ပြည်ကို စုန်ဆင်းကာ [[မော်လမြိုင်|မော်လမြိုင်မြို့]] သာယာကုန်းရပ်ရှိ အိမ်တစ်လုံးတွင် နေထိုင်ခဲ့သည်။