ရွှေတိဂုံစေတီတော်: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
→‎ထူးခြားဖြစ်စဉ်: အ​ရေးမကြီး
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၆၇ -
 
 
ကျားသည်ခေါင်းလောင်းပုံ အနားလန်အစွန်းတွင် တက်၍ ဝပ်နေသည်ကို ဘုရားဖူးများသည် တွေ့ကာအုတ်အုတ်ကျက်ကျက် ဖြစ်ခဲ့သည်။ ဘုရားလူကြီး တစ်ဦးဖြစ်သည့် ဦးရွှေဝိုင်းသည် ရန်ကုန်အရေးပိုင်၏ စာဖြင့် ထိုနေ့ နံနက် ၈ နာရီတွင် ဗိုလ်မှူးကြီး အီးလောဖို့ဒ် ကို သွားခေါ်ခဲ့သည်။ ဗိုလ်မှူးကြီးကို အပြင်မှပြန်အလာ လမ်ူတွင်လမ်းတွင် တွေ့ခဲ့သည်။ နီးရာအိမ်များမှ သေနတ်ရှာခဲ့သည်။ နှစ်လုံးပူးသေနတ်တစ်လက်ကို ကပ္ပတိန်ဂျင်းနင်း၏အိမ်မှ ရခဲ့သည်။ အီလောဖို့ဒ်နှင့်အတူ ကပ္ပတိန် ဘီဗီးလ်၊ ကပ္ပတိန်ဂျင်းနင်း တို့လည်း အတူလိုက်ပါလာကြသည်။
 
ကျားမှာတစ်ကောင်လုံးကို မမြင်ရဘဲ ကျောကုန်း၊ နောက်ခြေထာက်နှင့် အမြီးတို့သာ မြင်ရသည်။ ဗိုလ်မှူးကြီးလောဖို့ဒ်သည် ဂျင်းနင်းအား တန်ဆောင်ပေါ်သို့ တက်၍ နေရာယူခိုင်းခဲ့သည်။ ကပ္ပတိန် ဘီးဗီးလ်အား လီဗာပူဘုရင့်တပ်ရင်းမှ ရိုင်ဖယ်သေနတ်ကိုင် စစ်သားဆယ်ဦးကို ခေါ်ခိုင်းခဲ့သည်။ စစ်သား ၁၄ ဦးမျှ ရောက်လာကြသည်။ စစ်သားများကို နှစ်စုခွဲလိုက်သည်။ ထို့နောက် ကပ္ပတိန်ဂျင်းနင်းရှိသော တန်ဆောင်း၏ တစ်ဖက်တစ်ချက်စီတွင် နေရာယူခိုင်းသည်။ ထို့နောက်ကျားကို ဗိုလ်မှူးကြီးက အမိန့်ပေးသောအခါ ပစ်သတ်စေခဲ့သည်။ ကပ္ပတိန်ဂျင်းနင်းပစ်လိုက်သော ကျည်ဆံတို့သည် ရင်အုပ်၊ ဘယ်နှင့်ညာ ပခုံးတို့တွင် ထိမှန်ခဲ့သည်။ဆက်လက်ပစ်ခန်ရာထိမှန်ခဲ့သည်။ဆက်လက်ပစ်ခတ်ရာ ကျားသည် ထိုနေရတွင်ပင် ငြိမ်ကျသွားသည်။ သို့တိုင် ကျားသည် မသေသေးဘဲ ညည်းသံပြုနေသေးသည်း။ ဂျင်းနင်းသည် ကျားဆီသို့ ငြမ်းတွင်ချည်ထားသော ဝါးလှေကားဖြင့် တက်သွား၏။ ထို့နောက် ကျား၏ ရင်အုပ်တည့်တည့်ကို တစ်ချက်ပစ်လေသည်။ ထိုအခါမှ ကျားသည်သေလေသည်။
 
ကျားသည် ငယ်ရွယ်သောကျားမ ဖြစ်သည်။ ကိုယ်မှာ ရှစ်ပေတိတိဖြစ်သည်။ ကိုယ်ပေါ်တွင် သေနတ်ဒဏ်ရာ ငါးချက်ထိမှန်ခဲ့သည်။ ဂျင်းနင်းပစ်ခတ်ခဲ့သော ကျည်ဆံလေးချက်မှာ ရင်အုပ်၊ ကျောရှေ့၊ ကျောနောက်နှင့် နှလုံးတည့်တည့်ကို ထိမှန်ခဲ့သည်။ ဂေါ်ရာစစ်သားတို့ ပစ်၍ထိသော ဒဏ်ရာမှာ တစ်ချက်သာ ရှိသည်။ နောက်ခြေထောက်အနားမှ ဖြတ်ကာ အမြီးကို ထိမှန်ခဲ့ခြင်းဖြစ်သည်။ အမြီးသည် ပြတ်ပြီး အုတ်စွန်းတွင် တွဲလောင်းကျနေသည်။