ဘကြီးတော်(စစ်ကိုင်းမင်း): တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၃၄ -
ထိုအခါ မြန်မာတို့ဘက်မှ စစ်ကူရန် ဗိုလ်မှူးဝန်ကြီး မဟာဗန္ဓုလကို [[ရခိုင်ပြည်နယ်|ရခိုင်ပြည်]]သို့တစ်ကြောင်း၊ ဗိုလ်မှူးဝန်ကြီး သတိုးသုဓမ္မ မဟာသက်တော်ရှည်ကို အာသံမဏိပူရသို့တစ်ကြောင်း ချီတက်စေသည်။ မြန်မာသက္ကရာဇ် ၁၁၈၅ ခု တစ်ပေါင်းလ၊ ခရစ်နှစ် ၁၈၂၄ ခု၊ မတ်လ ၅ ရက်နေ့တွင် အိန္ဒိယ ဘုရင်ခံချုပ် လော့အမ်းမှတ်က အင်္ဂလိပ်နှင့် မြန်မာတို့စစ်ဖြစ်ကြောင်း ကြေညာလေသည်။
 
မဟာဗန္ဓုလ၏ တပ်များသည် ပန်းဝါတိုက်ပွဲ ( ရာမူးတိုက်ပွဲ ) တွင် အရေးသားသည်။ထိုနောက်အရေးသာသည်။ထိုနောက် ရှေ့သို့ဆက်လက်ချီတက်ခြင်း မပြုသေးဘဲတပ်နားနေစဉ်၊ [[ရန်ကုန်မြို့]]ကို အင်္ဂလိပ် တပ်များက သိမ်းပိုက်လိုက်သောကြောင့်၊ ဟံသာဝတီ ရန်ကုန်မြို့ကို ပြန်လည်လုပ်ကြံရန် မဟာဗန္ဓုလအား ခေါ်တော်မူသဖြင့်၊ ရန်ကုန်သို့ချီခဲ့ရသည်။ အင်္ဂလိပ်တပ်များသည် ရခိုင်ရိုးမကိုကျော်၍ မြန်မာနိုင်ငံတွင်းသို့ဝင်ရောက်ရန် အကြံကို လက်လျှော့ပြီးသော် နိုင်ငံတွင်း ရေကြောင်းကိုမှီကာ ဧရာဝတီမြစ် တစ်လျှောက် တိုက်ခိုက်ရန် အကြံပြုသည်။ ထို့ကြောင့် ရန်ကုန်သို့ရေတပ်ကြီး ချီလာပြီးလျှင် ပင်လယ်မှ အမြောက်စိန်ပြောင်းလွှတ်ကာ မြို့ကို စီးထားခြင်း ဖြစ်လေသည်။
 
[[ပထမ အင်္ဂလိပ် - မြန်မာစစ်|အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲကြီး]] စတင်ခဲ့လေရာ၊ အင်္ဂလိပ်တို့က လက်နက်အင်အား သာလွန်ခြင်း၊ အင်္ဂလိပ် တပ်သားများသည် အလေ့အကျင့်ရှိပြီးလျှင် တိုက်ရည်ခိုက်ရည်သာခြင်း စသည်တို့ကြောင့် မြန်မာတပ်များ အရေးမလှခဲ့သည်သာများပြီးသော် စစ်သည်ရဲမက် အထိအရှအကျအဆုံး များပြားလှသည်။ ရန်ကုန်တွင် အရေးမလှသဖြင့် [[ဓနုဖြူမြို့|ဓနုဖြူ]]သို့ဆုတ်ခွာပြီးလျှင် တပ်ခံသော မဟာဗန္ဓုလသည်လည်း ၁၁၈၆ ခုနှစ်တွင် ဓနုဖြူခံတပ်၌ ဗုံးသင့်၍ ကျဆုံး လေသည်။