ဆင်ဖြူမရှင်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
No edit summary
စာတွဲများ: မျက်မြင် တည်းဖြတ် မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၂ -
ဆင်ဖြူမရှင်သည် [[မင်းတုန်းမင်း]]တရားကြီး၏ မိဖုရားခေါင်ကြီး ဖြစ်ပြီး [[စုဖုရားလတ်]]၏ မယ်တော်ဖြစ်သည်။ [[ဘကြီးတော်မင်း]]နှင့် [[နန်းမတော်မယ်နု]] ([[ဖလံဂုဏ်ရွာ]] သူ)တို့၏ သမီးဖြစ်သည်။ နန်းမတော်မယ်နုကို [[သာယာဝတီမင်း]]က ကွပ်မျက်ရာတွင် [[စကြာဒေဝီမင်းသမီး]]က အသက်ကိုအသနားခံကာ မိမိအိမ်သို့ခေါ်ပြီး စောင့်ရှောက်ထားခဲ့သည်။ သို့ဖြင့် မင်းတုန်းမင်းနန်းတက်ရာ ကျေးဇူးရှင် စကြာဒေဝီမင်းသမီးကြီးကို မထီမဲ့မြင်ပြုပြီး နန်းပလ္လင်ပေါ်သို့ အတင်းတက်သဖြင့် နာမည်ဆိုးဖြင့် စတင်ကျော်ကြားသည်။ စကြာဒေဝီမိဖုရားကြီး နှင့် [[ကနောင်မင်းသား]]တို့ မရှိတော့သည့်နောက် နန်းတွင်းအရေးအားလုံးကို ကြီးစိုးချယ်လှယ်လေသည်။ မင်းတုန်းမင်း၏ နောက်ဆုံးအချိန်များတွင်လည်း ကင်းဝန်မင်းကြီးဦးကောင်းနှင့် ပူးပေါင်းကာ အစွမ်းအစရှိသော၊ ထက်မြက်သော နန်းလျာမင်းသားများကို ဖမ်းဆီးသုတ်သင်ပြီး သူမ ဩဇာသက်ရောက်နိုင်မည် ထင်သည့် [[လောင်းရှည်မိဖုရား]]၏သား [[သီပေါမင်း]]သားကို သမီးတော်ကြီး [[စုဖုရားကြီး]]နှင့် လက်ဆက်ပြီး နန်းတင်လေသည်။ သို့သော် သီပေါမင်းသားသည် သမီးတော်လတ် [[စုဖုရားလတ်]]နှင့် ရည်ငံပြီး ဖြစ်သဖြင့် နန်းတက်ပွဲတွင် စုဖုရားလတ်က သီပေါမင်းနှင့် စုဖုရားကြီးတို့၏ အလယ်မှ ဝင်ထိုင်သဖြင့် မိဖုရား နှစ်ပါးနှင့် တစ်ပြိုင်နက်တည်း နန်းတက်ပွဲ ဖြစ်ခဲ့ရသည်။ နောက်ပိုင်းတွင် စုဖုရားလတ်ကသာ သီပေါမင်းကို ချယ်လှယ်တော့သည်။ <ref>စာဆိုတော်၊ ဒဂုန်ခင်ခင်လေး</ref> [[၁၉၀၀]]-ပြည့်နှစ်၊ [[ဖေဖော်ဝါရီ]]([[၂၆]])ရက်နေ့တွင် [[ရန်ကုန်မြို့]]၊ [[စမ်းချောင်းမြို့နယ်]]၊ [[ဝင်ဆာလမ်း]](ယခု[[ရှင်စောပု]]လမ်း) ၌ နတ်ရွာစံတော်မူသည်။
 
ကုန်းဘောင် ခေတ်နှောင်းသမိုင်းတွင် အဓိက ဇာတ်ဆောင်တစ်ဦးဖြစ်သော ဆင်ဖြူမရှင်မိဖုရားအား ရတနာပူရ စတုတ္ထမြို့တည်နန်းတည်မင်းတရားကြီး ဖြစ်သော ဘကြီးတော်မင်း ( စစ်ကိုင်းမင်းတရားကြီး ) နှင့် မိဖုရားခေါင်ကြီး ရှင်မင်းနု ( နန်းမတော်မယ်နု ) တို့မှ မြန်မာသက္ကရာဇ် ၁၁၈၃ ခု၊ တန်ဆောင်မုန်းလပြည့်ကျော် ( ၁၃ )ရက် ၊ ( ခရစ်နှစ် ၂၂-၁၁-၁၈၂၁)ကြာသပတေးနေ့တွင် မနောမယ ထီးဖြူတော်အောက်တွင် မီးရှူးသန့်စင် ဖွားမြင်တော်မူသည်။ ငယ်မည်မှာ ရွှေနန်းရှင်မယ် ဖြစ်သည်။
 
ရွှေနန်း ရှင်မယ်အား မွေးကင်းစကပင် ဖခမည်းတော် ဘကြီးတော်မင်းတရားကြီးသည် စစ်ကိုင်းမြို့နှင့် စဉ့်ကူးမြို့များကို လက်ဖွဲ့ခဲ့သည့်အပြင် ရွှေ၊ ငွေ၊ ကျောက်သံ ပတ္တမြားများကိုလည်း လက်ဖွဲ့ခဲ့သည်။ မြပုခက်လည်း တင်စေခဲ့သည်။