အင်တာနက်: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ရံပုံငွေ +ရန်ပုံငွေ) |
→အင်တာနက် ရာဇဝင်: T လိုသည်ထင်၍ ဖြည့်ခဲ့သည် စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် |
||
စာကြောင်း ၃၁ -
ဆပ်သာလန်ကို ဆက်ခံသော ရောဘတ် တေလာ သည် ရောဘတ်(စ်)ကို သူ၏ ယခင်က ပက်ကက် လမ်းပြောင်းလွှဲခြင်း အောင်မြင်မှုအပေါ် ဆက်လက်လုပ်ဆောင်သွားပြီး IPTO ၏ သိပ္ပံပညာရှင်ချုပ် ဖြစ်လာစေရန် စည်းရုံးခဲ့သည်။ တစ်ခါတွင် ရောဘတ်(စ်)သည် ကွန်ပျူတာကွန်ယက်များ အရင်းမြစ်ဝေမျှခြင်း ဟုခေါ်တွင်သည့် အစီရင်ခံစာတစ်ခုကို ရေးသားခဲ့သည်။ ထိုအစီရင်ခံစာကို ၁၉၆၈ခုနှစ် ဇွန်လတွင် တေလာက အတည်ပြုခဲ့ပြီး နောက်နှစ်တွင် လုပ်ငန်းလုပ်ဆောင်သည့် ARPANET ကို စတင်ဆောင်ရွက်ရေးအတွက် အခြေခံအုတ်မြစ် ချခဲ့သည်။
များစွာသော လုပ်ဆောင်မှုများအပြီး ၁၉၆၉ခုနှစ် အောက်တိုဘာလ ၂၉ရက်နေ့တွင် UCLA ၏ အင်ဂျင်နီယာနှင့် အသုံးချသိပ္ပံကျောင်းရှိ ကလိန်းရော့(ခ်)၏ ကွန်ယက်တိုင်းတာခြင်းစင်တာနှင့် မန်နီလို ပါ့(ခ်)၊ [[ကယ်လီဖိုးနီးယားပြည်နယ်]] SRI အင်တာနေရှင်နယ်(SRI)ရှိ ဒေါက်ကလပ်(စ်) အိန်ဂျယ်(လ်)ဘတ်(တ်)၏ NLS စနစ်အကြားရှိ ARPANET ဖြစ်လာနိုင်သည့် ပထမဆုံး ကွန်ပျူတာနှစ်ခုသည် အချင်းချင်း ချိတ်ဆက်နိုင်ခဲ့သည်။
ARPANET သည် ယနေ့အင်တာနက်၏ အကြိုကွန်ယက်များတွင် တစ်ခုအပါအဝင်ဖြစ်သည်။ သီးခြား တည်ဆောက်မှုတစ်ခုအနေဖြင့် UK National Physical Laboratory မှ ဒေါ်နယ် ဒေးဗီး(စ်)သည်လည်း ပက်ကက် လမ်းပြောင်းလွှဲခြင်း အယူအဆကို ၁၉၆၀ခုနှစ်များ အစောပိုင်းတွင် ရှာဖွေတွေ့ရှိခဲ့သည်။ ထိုအကြောင်းအရာကို ၁၉၆၅ခုနှစ်တွင် ဟောပြောခဲ့ပြီး နောက်ပိုင်းတွင် အတ္တလန်တိတ်သမုဒ္ဒရာ ကမ်းနှစ်ဘက်မှ နယ်ပယ်သစ်ရှိ အဖွဲ့များသည် သိကျွမ်းလာခဲ့ကြသည်။ အမှန်တကယ်အားဖြင့် ဒေးဗီး(စ်) အသစ်ထွင်ခဲ့သော စာလုံးများဖြစ်သည့် “ပက်ကက်” နှင့် “ပက်ကက် လမ်းပြောင်းလွှဲခြင်း”တို့ကို စံဝေါဟာရများအဖြစ် လက်ခံခဲ့ကြသည်။
|