အင်တာနက်: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၁၀၄ -
'''သတင်းအချက်အလက်'''
 
လူအများတို့က အင်တာနက် နှင့် World Wide Webသို့မဟုတ် ဝက်(ဘ်) ဟူသော ဝေါဟာရများကို အလဲအလှယ်လုပ်၍ အသုံးပြုကြသော်လည်း ယင်းဝေါဟာရများမှာ မူလအဓိပ္ပါယ်တူခြင်း မရှိပါချေ။ World Wide Web ဆိုသည်မှာ hyperlink များဖြင့် ကျိုးကြောင်းဆီလျော်စွာ အပြန်အလှန် ဆက်စပ်လျက်ရှိပြီး ဆင်တူသော အရင်းအမြစ် ခွဲခြားပေးသူများ (Uniform Resource Identifiers) (URIs) အဖြစ် ရည်ညွှန်းသော တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် စာရွက်စာတမ်းများ၊ ရုပ်ပုံများနှင့် အခြား အရင်းအမြစ်များ ဖြစ်ပါသည်။ URI များသည် ထောက်ပံ့ သူများအား ဝန်ဆောင်မှုများ လက္ခဏာသင်္ကေတဖြင့် ခွဲခြားရန်၊ ဖောက်သည်များကို စာရွက်စာတမ်းများ သိုလှောင်ထားသည့် ဝက်(ဘ်)ဆာဗာများ၊ ဖိုင်ဆာဗာများနှင့် အခြားဒေတာဘေ့(စ်)များ ရှာဖွေရန်နှင့် ရည်ညွှန်းရန် ခွင့်ပြုထားသည်။ အရင်းအမြစ်များဖြင့် ထောက်ပ့ံပေးထားပြီး၊ထောက်ပံ့ပေးထားပြီး၊ ဝက်(ဘ်)၏ အခြေခံသယ်ယူပို့ဆောင်ရေး ပရိုတိုကောဖြစ်သော ဟိုက်ပါတက်(စ်)ထရန်စဖာ ပရိုတိုကော(HTTP) ကို အသုံးပြု၍ ယင်းတို့ကို ရယူနိုင်ရန် ခွင့်ပြုထားသည်။ HTTP သည် အင်တာနက်ပေါ်တွင် အသုံးပြုသော ရာပေါင်းများစွာသော ဆက်သွယ်ရေး ပရိုတိုကော များထဲမှ တစ်ခုသာလျှင်ဖြစ်ပါသည်။ ဆော့(ဖ်)ဝဲစနစ်များကို စီးပွားရေးလုပ်ငန်းဆိုင်ရာ လောဂျစ်နှင့် ဒေတာများကို ဝေငှခြင်းနှင့် ဖလှယ်ခြင်းတို့ ပြုလုပ်ရန်အတွက် ဆက်သွယ်ခွင့် ပြုရန် HTTP အား ဝက်(ဘ်)ဝန်ဆောင်မှုများက အသုံးပြုနိုင်ပါသည်။
 
မိုက်ခရိုဆော့(ဖ်)၏ Internet Explorer၊ Mozilla Firefox၊ Opera ၊ Apple ၏ Safari နှင့် Google Chrome ကဲ့သို့သော World Wide Web ၏ browser ဆော့(ဖ်)ဝဲများသည် စာရွက်စာတမ်းများအတွင်း မြုပ် ထား သော hyperlinkများမှ တဆင့် ဝက်(ဘ်)စာမျက်နှာ တစ်ခုမှတစ်ခုသို့ အသုံးပြုသူများအား လမ်းကြောင်းပြသည်။ ဤစာရွက်စာတမ်းများတွင် ဂရပ်ဖစ်များ၊ အသံများ၊ စာသားများ၊ ဗီဒီယို၊ မီဒီယာမျိုးစုံနှင့် ကစားနည်းများ၊ ရုံးသုံး အသုံးချပရိုဂရမ်များနှင့် သိပ္ပံဘာသာရပ်ဆိုင်ရာ သရုပ်ပြခြင်းများကဲ့သို့ အပြန်အလှန်ဆက်သွယ်မှုရှိသော အကြောင်းအရာများ စသည့် ပေါင်းစပ်ထားသော ကွန်ပျူတာဒေတာများလဲ ပါဝင်နိုင်ပါသည်။ ယာဟူး နှင့် ဂူးဂဲ(လ်)တို့ကဲ့သို့ ရှာဖွေရေးအင်ဂျင်များကို အသုံးပြုသော သော့ချက်စကားလုံးတို့ဖြင့် မောင်းနှင်သည့် အင်တာနက် သုတေသနပြုမှုမှ တဆင့် ကမ္ဘာတစ်ဝှမ်းလုံးရှိ အသုံးပြုသူများသည် များပြားပြီး အမျိုးအစား စုံလင်လှသော အွန်လိုင်း သတင်းအချက်အလက်များသို့ လွယ်လွယ်ကူကူနှင့် ချက်ချင်းဆိုသလို ဝင်ရောက်ကြည့်ရှုခွင့် ရပေသည်။ ပုံနှိပ်ထားသော စွယ်စုံကျမ်းများ၊ ရှေးရိုးရာ စာကြည့်တိုက်များနှင့် နှိုင်းယှဉ်လျှင် World Wide Web သည် သတင်းအချက်အလက်များကို ဗဟိုမှထိန်းချုပ်မှုအား ခွဲဝေပေးခြင်းကို စွမ်းဆောင်နိုင်သည်။