နိုင်ငံတော်အလံ: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
→‎ကုန်းမြေပေါ်တွင် လွှင့်ထူသည့်အလံ: လင့်ခ်များပေါင်းထည့်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၁၁ -
ကုန်းမြေပေါ်တွင် လွှင့်ထူသည့်အလံတွင် အရပ်ဖက်သုံးအလံ၊ အစိုးရသုံးအလံနှင့် စစ်ဖက်သုံးအလံ ဟူ၍ ၃ မျိုးခွဲခြားထားသည်။ အစိုးရသုံးအလံကို အစိုးရရုံးများက တရားဝင် အသုံးပြုကြပြီး အရပ်ဖက်သုံးအလံကို အစိုးရနှင့် ဆက်စပ်မှု ရှိရှိ မရှိရှိ မည်သူမဆို လွှင့်ထူနိုင်သည်။ စစ်ဖက်သုံးအလံမှာမူ ကြည်းတပ်၊ ရေတပ်၊ လေတပ် စသည့် စစ်ဖက်အဖွဲ့အစည်းများမှ အသုံးပြုသည်။
 
[[အမေရိကန်ပြည်ထောင်စု]]နှင့် [[ယူနိုက်တစ်ကင်းဒမ်း]] (ဗြိတိန်) စသည့် နိုင်ငံများတွင် ထိုရည်ရွယ်ချက် သုံးရပ်စလုံးအတွက် အလံတစ်မျိုးတည်းကိုသာ အသုံးပြုကြသည်။ သို့သော်လည်း အချို့နိုင်ငံ အတော်များများတွင် အထူးသဖြင့် လက်တင် အမေရိက နိုင်ငံများတွင် အစိုးရသုံးအလံနှင့် အရပ်ဖက်သုံး အလံတို့အကြား သိသိသာသာ ကွဲပြားမှု ရှိသည်။ များသောအားဖြင့် အရပ်ဖက်သုံး အလံများသည် အစိုးရသုံးအလံထက် ပိုမိုရိုးစင်းသည်။ ဥပမာအားဖြင့် အစိုးရသုံးအလံတွင် နိုင်ငံတော် အမှတ်တံဆိပ် ပါရှိပြီး အရပ်ဖက်သုံးအလံတွင် မပါပေ။
[[File:Flag of Austria.svg|thumb|[[သြစတြီးယား]] အရပ်သုံးအလံ]]
[[File:Flag of Austria (state).svg|thumb|[[သြစတြီးယား]] အစိုးရသုံးအလံ]]
 
နိုင်ငံအနည်းငယ်တွင်သာ အစိုးရသုံးအလံနှင့် မတူသည့် စစ်ဖက်သုံးအလံကို အသုံးပြုသည်။ [[တရုတ်ပြည်သူ့သမ္မတနိုင်ငံ]]၊ [[တရုတ်သမ္မတနိုင်ငံ]] (ထိုင်ဝမ်) နှင့် [[ဂျပန်နိုင်ငံ]]တို့သည် သတိပြုမည့်လောက်သည့် သာဓကများဖြစ်သည်။ မြောက်ဥရောပနိုင်ငံများတွင် အမြှီးနှစ်ခွပါ အလံများကို စစ်ဖက်သုံးအလံနှင့် သင်္ဘောသုံးအလံများအဖြစ် အသုံးပြုကြသည်။ [[ဖိလစ်ပိုင်နိုင်ငံ]]တွင် စစ်ဖက်သုံးအလံ မရှိပါ။ စစ်ကြေငြာသည့်အခါတွင်သာ အနီရောင်ကို အပေါ်ဖက်ထားပြီး ဇောက်ထိုးလွှင့်ထူသည်။ သာမန်အချိန်တွင် အပြာရောင်ကို အပေါ်ဖက်ထားကာ လွှင့်ထူသည်။