အာဟာရချို့တဲ့ခြင်း: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၄ -
အကူအညီပေးရေး အုပ်စုများမှ တိုးတက်သုံးစွဲလာသည့် ငတ်မွတ်ခေါင်းမှု ကယ်ဆယ်ရေး ပုံစံမှာ ကူညီပေးကမ်းသည့် နိုင်ငံများမှ စားနပ်ရိက္ခာများ ဝယ်ယူနေမည့်အစား၊ ငတ်မွတ်နေသူများသို့ ငွေပေးခြင်း၊ သို့မဟုတ် ငွေစက္ကူ ဘောက်ချာများ ပေးခြင်းဖြင့် ဒေသတွင်နေထိုင်သည့် လယ်သမားများထံမှ ဝယ်ယူနိုင်သည့် ပုံစံဖြစ်သည်။ ကူညီပေးကမ်းသည့် နိုင်ငံများမှရိက္ခာဝယ်ယူခြင်းသည် သယ်ယူပို့ဆောင်ရေးစရိတ်များတွင် ငွေဖြုန်းတီးရာ ကျပြီး ထိုကဲ့သို့ လုပ်ဆောင်နိုင်ရန်အတွက် တစ်ခါတစ်ရံ ဥပဒေချမှတ်ပေးရန် လိုအပ်ပါသည်။
 
ရေရှည်ဆောင်ရွက်ချက်များတွင် ဓာတ်မြေဩဇာများနှင့် ရေသွင်းစိုက်ပျိုးခြင်းကဲ့သို့သော ခေတ်မီ စိုက်ပျိုးရေးအတွက် လိုအပ်နေသည့်ရာများတွင် ရင်းနှီးမြှပ်နှံမှုများပါဝင်သည်။ ၎င်းဆောင်ရွက်ချက်များသည် ဖွံ့ဖြိုးပြီးနိုင်ငံများတွင် အစာရေစာငတ်မွတ်မှု အပြီးသတ်ဖယ်ရှားပြီး ဖြစ်သည်။သို့သော်ငြားလည်း ကမ္ဘာ့ဘဏ်၏ ကန့်သတ်ချက်များမှာ အစိုးရမှလယ်သများသို့[[အစိုးရ]]မှလယ်သများသို့ အမတော်ကြေးများ မထောက်ပံ့ရန် တားမြစ် ထားပြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အချို့ကလည်း ဓာတ်မြေဩဇာများ တွင်တွင်ကျယ်ကျယ်သုံးခြင်းကို ဟန့်တားလျက်ရှိသည်။
 
==ဖြစ်ရခြင်းအကြောင်းများ==
စာကြောင်း ၁၀ -
'''ပဋိပက္ခများနှင့် ရောဂါ'''
ပဋိပက္ခများနှင့် စစ်ပွဲသည် လယ်ယာလုပ်သားလျော့နည်းမှုကို ဖြစ်စေသည် သို့မဟုတ် လယ်လုပ်စရာမြေမရှိသည့် နယ်စပ်ဒေသများသို့ ပြောင်းရွှေ့နေထိုင်ရသော ခိုးကိုးရာမဲ့များ သို့မဟုတ် ဒုက္ခသည်များ ဖြစ်စေသည်။
အာဟာရချို့တဲ့ခြင်းသည် ဝမ်းပျက်ဝမ်းလျှောရောဂါ သို့မဟုတ် နာတာရှည်မကျန်းမာခြင်း၊ အထူးသဖြင့် [[HIV/AIDS]] ရောဂါ ကျယ်ပြန့်စွာကူးစက် ပြန့်ပွားလာခြင်း ကဲ့သို့သော နောက်ဆက်တွဲကျန်းမာရေး ပြဿနာများ ဖြစ်ပေါ်လာနိုင်သည်။
 
==ဆင်းရဲခြင်းနှင့် စားနပ်ရိက္ခာဈေးနှုန်းများ==
စားနပ်ရိက္ခာများပြားစွာ ပြတ်လပ်ခြင်းသည် နည်းပညာချို့တဲ့သည့်နိုင်ငံများတွင် အာဟာရချို့တဲ့ စေသည့် အကြောင်း အရာ တစ်ရပ်အဖြစ် ပါဝင်နေသည်။ FAO (ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့) မှ ခန့်မှန်းသည် မှာ ရှစ်ဆယ်ရာခိုင်နှုန်းသော အာဟာရမပြည့်ဝသည့် ကလေးသူငယ်များသည် စားနပ်ရိက္ခာပိုလျှံစွာ ထုတ်လုပ် သည့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နေထိုင်ကြသည်။ စီးပွားရေးပညာရှင် အမတ်ရဆန် (Amartya Sen) က မကြာသေးမီ ဆယ်စုနှစ်အများအတွင်းက ကမ္ဘာ့ပေါ်ရှိ လူသား အားလုံးကို ကျွေးနိုင်ရန် စားနပ်ရိက္ခာမှာ လုံလောက်မှုရှိသောကြောင့် စားနပ်ရိက္ခာ ခေါင်းပါးမှုတွင် ရိက္ခာ ဖြန့်ဖြူးမှု ပြဿနာသည် အမြဲတမ်းရှိနေသည်/သို့မဟုတ် ဆင်းရဲမှုကြောင့်ဖြစ်သည် ဟုလေ့လာတွေ့ရှိထားသည်။ သူကပြောဆိုထားသည်မှာ အာဟာရချို့တဲ့ မှုနှင့် ငတ်မွတ်ခေါင်းပါးမှုတို့သည် စားနပ်ရိက္ခာဖြန့်ဖြူးမှုပြဿနာနှင့် ဝယ်လိုအားတို့နှင့် ပိုပြီးဆက်နွယ်နေသည်။
 
ယင်းအချက်သည် စားသောက်ကုန်ဈေးကစားသူများကြောင့် ဈေးနှုန်းများမြင့်တက်လာသည်ကို ညွှန်းဆိုသည်။ အမေရိကန်နိုင်ငံတွင်[[အမေရိကန်ပြည်ထောင်စု|အမေရိကန်နိုင်ငံ]]တွင် အိမ်ခြံမြေလုပ်ငန်းများ ကျဆုံးပြိုလဲခဲ့ပြီးနောက် သန်းပေါင်းများစွာ သော ဒေါ်လာငွေများသည် အစားအစာနှင့် အဓိက လူသုံးကုန်ပစ္စည်းများတွင် ထည့်သွင်းရင်းနှီးခဲ့ကြသည့် အတွက် 2007-2008 စားသောက်ကုန်ဈေးနှုန်း ပြဿနာ ဖြစ်ရသည်ဟု ပြောဆိုခဲ့သည်။ သုံးစွဲနေကျ လောင်စာများနေရာတွင် ဇီဝလောင်စာများ အစားထိုး သုံးစွဲလာသည့် အတွက်ကြောင့် အာဟာရဓာတ်အတွက် အစားအစာ ထောက်ပံ့မှု လျောနည်းလာပြီး စားသောက်ကုန်ဈေးနှုန်းများကို တက်လာစေပါသည်။ ကုလသမဂ္ဂအဖွဲ့၏[[ကုလသမဂ္ဂ]]အဖွဲ့၏ စားနပ်ရိက္ခာ အခွင့်အရေးအတွက် အထူးသတင်းထောက်ဖြစ်သူ ဂျင်းဇီးဂလာ (Jean Ziegler) အဆိုပြုထားသည်မှာ သီးနှံများထက် ပြောင်းဖူးရိုး ၊ ငှက်ပျောရွက်စသည့် လယ်ယာစွန့်ပစ်ပစ္စည်းများကို လောင်စာအဖြစ် သုံးစွဲနိုင်သည်။
 
==စားသောက်ပုံ အလေ့အကျင့်များ==