အာဟာရချို့တဲ့ခြင်း: တည်းဖြတ်မှု မူကွဲများ

interwiki en
No edit summary
စာကြောင်း ၁ -
[[File:Malnutrition.jpg|thumb|18 လအရွယ် မှန်းခြေ 14 ပေါင်သာရှိသေးသည် အာဖဂန်ခလေးငယ်မလေးအား အမေရိကန်ဆေး တပ်ဖွဲ့မှ ပက်ယာခရိုင်တွင်ပြုစုနေပုံ ]]
'''အာဟာရချို့တဲ့ခြင်း'''ဆိုသည်မှာ [[အာဟာရဓာတ်]] မလုံလောက်ခြင်း ၊ ပိုနေခြင်း သို့မဟုတ် မညီမမျှ စားသုံးခြင်းတို့ဖြစ်သည်။ အစားအစာထဲတွင် အာဟာရဓာတ်နည်းနေသလား။ များနေသလား၊ အပေါ်မူ တည်ပြီး ကွဲပြားခြားနားသည့် အာဟာရဓာတ်အစီအစဉ် မကျနမှုများဖြစ်ပေါ်လာသည်။ [[ကမ္ဘာ့ကျန်းမာရေးအဖွဲ့]]အစည်း မှ အာဟာရချို့တဲ့ခြင်း ကို ကမ္ဘာသူ ကမ္ဘာသားများ၏ ကျန်းမာရေးအတွက် တစ်ခုတည်းသော စိုးရိမ်စရာအကောင်းဆုံး ခြိမ်းခြောက်မှုအဖြစ် ကိုးကားညွှန်းဆိုသည်။ အာဟာရဓာတ် တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ခြင်းသည် အထိ ရောက်ဆုံးသော ကူညီထောက်ပံ့မှုအဖြစ် ကျယ်ပြန့်စွာသိရှိနားလည်ထားသည်။ အရေးပေါ်ဆောင်ရွက်ချက်များတွင် လိုအပ်နေသည့် အာဟာရဓာတ်များကို မြေပဲထောပတ်ကဲ့သို့ အားဖြည့်အာဟာရမှုန့်အထုတ်ငယ်များ ထောက်ပံ့ခြင်း၊ သို့မဟုတ် ဖြည့်စွက်စာများ ကို တိုက်ရိုက်ထောက်ပံ့ခြင်းတို့ ပါဝင်သည်။
 
အကူအညီပေးရေး အုပ်စုများမှ တိုးတက်သုံးစွဲလာသည့် ငတ်မွတ်ခေါင်းမှု ကယ်ဆယ်ရေး ပုံစံမှာ ကူညီပေးကမ်းသည့် နိုင်ငံများမှ စားနပ်ရိက္ခာများ ဝယ်ယူနေမည့်အစား၊ ငတ်မွတ်နေသူများသို့ ငွေပေးခြင်း၊ သို့မဟုတ် ငွေစက္ကူ ဘောက်ချာများ ပေးခြင်းဖြင့် ဒေသတွင်နေထိုင်သည့် လယ်သမားများထံမှ ဝယ်ယူနိုင်သည့် ပုံစံဖြစ်သည်။ ကူညီပေးကမ်းသည့် နိုင်ငံများမှရိက္ခာဝယ်ယူခြင်းသည် သယ်ယူပို့ဆောင်ရေးစရိတ်များတွင် ငွေဖြုန်းတီးရာ ကျပြီး ထိုကဲ့သို့ လုပ်ဆောင်နိုင်ရန်အတွက် တစ်ခါတစ်ရံ ဥပဒေချမှတ်ပေးရန် လိုအပ်ပါသည်။