ဦးခန္တီ: တည်းဖြတ်မှု မူကွဲများ

→‎ငယ်ဘဝ: ဝစ္စ​ပေါက်ထည့်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၃၀ -
== ငယ်ဘဝ ==
မောင်ဖိုးမောင် ၉ နှစ်သားအရွယ်သို့ရောက်ရှိခဲ့ချိန်တွင် လောကီလောကုတ္တရာဘက်၌ ပညာရည်ကြွယ်ဝသောသိမ်ကုန်းကျောင်းတိုက် ဆရာတော်ဘုရားကြီးထံ အပ်နှံခဲ့၍ ပညာသင် ကြားစေခဲ့လေ၏။ ထိုအခါ မောင်ဖိုးမောင်၏ ဉာဏ်ရည်မှာအတူ နေကျောင်းသားများထက် ပိုတတ်ခဲ့သည်ဆို၏။ မောင်ဖိုးမောင် ၁၃ နှစ်သားအရွယ် ရောက်ချိန်တွင် သိမ်ကုန်းဆရာတော်ဘုရားကြီးကိုပင်ဥပဇ္ဈာယ်ပြုလျက်သာမဏေ ဘဝသို့ရောက်ရှိခဲ့လေ၏။ ဆရာတော်ကြီးမှ သာမဏေဘွဲ့ကို 'ခန္တီ'ဟု မှည့်ခေါ်ခဲ့လေ၏။ ရှင်ခန္တီ။
ရှင်ခန္တီသည် သာသနာ့ဘောင်တွင် ပျော်မွေ့စွာဖြင့် ပရိယတ်ကို ဆက်လက်သင်ကြားခဲ့ရာ စာပေကျမ်းဂန်အတော် ပင်တတ်မြောက်ခဲ့ပြီး ရဟန်းခံနိုင်ချိန် ၁၂၄၉ခုနှစ်တွင်သိမ်ကုန်း ဆရာတော်ကြီးကိုပင် ဥပဇ္ဈာယ်ပြု၍ ရဟန်းဘဝသို့ရောက်ရှိခဲ့ လေသည်။ ရဟန်း ဘွဲ့တော်မှာ ဦးခန္တီဖြစ်၏။ ရဟန်းဝါ ၁၂ ဝါတိုင်တိုင် စာပေ ကျမ်းဂန် များကို သင်ကြား တတ်မြောက် ခဲ့ပြီးနောက်၊ ၁၂၆၁ ခုနှစ်တွင် ရသေ့ အသွင်သို့ ကူးပြောင်း သွားသည်။ ရသေ့ အသွင်ဖြင့် ငါးပါး၊ ရှစ်ပါး၊ ကိုပါး၊ကိုးပါး၊ ဆယ်ပါး၊ စသော ဥပုသ် သီလများကို စောင့်ထိန်းရင်း မန္တလေးမြို့ သာခိုတောင်၊ ရွှေမြင်တင် တောင်များ၌ ကမ္မဋ္ဌာန်း အားထုတ် နေသည်။
 
ထိုသို့ ရဟန်းဘဝရောက်ရှိခဲ့ချိန်မှစ၍ပရိယတ်စာပေ၌ တွင်မက သမထ၊ ဝိပဿနာတို့ကိုလည်း လေ့လာသင်ယူခဲ့ရာ တွင် သစ်ဆိမ့်ဆရာတော်၊ ဘုရားကြီးဆရာတော်၊ စစ်ကိုင်းထွဋ် ခေါင်ဆရာတော်တို့ထံ နည်းနာခံသင်ကြားခဲ့သည်ဆို၏။ဆရာ တော်ကြီး ဦးသီလထံ၌လည်း နည်းနာယ ခံယူခဲ့သည်ဟုဆိုကြ ၏။