သန်းရွှေ (ဗိုလ်ချုပ်မှူးကြီး): တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ပြဌာန်း +ပြဋ္ဌာန်း)
→‎တပ်ချုပ်ကြီး ဘဝ: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၉၁ -
၁၉၉၂ ခုနှစ် မတ်လ ၂ဝ တွင် နဝတအဖွဲ့၏ ကြေညာချက် ၆/၉၂ ဖြင့် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး သန်းရွှေသည် ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် လွှဲပြောင်းယူလိုက်သည်။
ဗိုလ်ချုပ်ကြီးသန်းရွှေသည် သူကိုယ်တိုင် လက်မှတ် ရေးထိုးထားသည့် နဝတ ကြေညာချက်အမှတ် ၈/၉၂ ကို ၁၉၉၂ ခုနှစ် ဧပြီလ ၂၃ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး စောမောင်ကို တာဝန်အရပ်ရပ်က အနားပေးလိုက်ကြောင်း ကြေညာခဲ့သည်။ ကြေညာချက်၌…<br>
'''နိုင်ငံတော်၏ မြားမြောင်ကြီးလေးလှသော အလုပ်တာဝန်များ၏ ဒဏ်ကြောင့် ဗိုလ်ချုပ်မှူးကြီး စောမောင်၏ ကျန်းမာရေးသည် အနားမယူလျှင် မဖြစ်တော့သည့် အခြေအနေအထိ ချွတ်ယွင်းလာသဖြင့် တာဝန်များ ပြန်လည်ထမ်းဆောင်နိုင်သော ကျန်းမာရေး အခြေအနေသို့ ရောက်ရှိသည်အထိ အနားယူနေရန် ကျွမ်းကျင်သော ဆရာဝန်ကြီးများက အကြံပြုထောက်ခံချက်ကို နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အစည်းအေ၀းတွင် တင်ပြပြီး ဗိုလ်ချုပ်မှူးကြီး စောမောင်အား အနားယူစေရန် ဆုံးဖြတ်လိုက်ကြောင်း ကြေညာအပ်ပါသည်''' ဟူ၍ ဖော်ထားသည်။ နဝတအဖွဲ့ အတွင်းရေးမှူး (၁) ဗိုလ်ချုပ် ခင်ညွှန့်ကလည်း အဆိုပါ ရက်စွဲဖြင့်ပင် နဝတ ကြေညာချက် ၉/၉၂ ကို ထုတ်ပြန်ခဲ့ပြီး န၀တ ဥက္ကဋ္ဌနေရာကို ယခုအချိန်မှစ၍ ဗိုလ်ချုပ်ကြီး သန်းရွှေက ဆက်လက်တာဝန်ယူသွားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ အမှန်စင်စစ် ဗိုလ်ချုပ်ကြီး သန်းရွှေသည် ၁၉၉၂ ဧပြီလ ၂၂ ရက်နေ ့ကတည်းကပင်ရက်​နေ့ကတည်းကပင် ကာကွယ်ရေးဦးစီးချုပ် တာဝန်ကို စတင် ထမ်းဆောင်နေခဲ့ပြီ ဖြစ်သည်။
 
တစ်ဖန် ၁၉၉၂ ဧပြီလ ၂၄ ရက်နေ့တွင် နဝတအဖွဲ့၏ ကြေညာချက် ၁ဝ/၉၂ ဖြင့် နဝတ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး သန်းရွှေသည် အစိုးရအဖွဲ့တွင် ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး၏ တာဝန်အပြင် ဝန်ကြီးချုပ်၏ တာဝန်ကိုပါ ထမ်းဆောင်ကြောင်း ကြေညာခဲ့သည်။