ဗထူး၊ ဗိုလ်မှူးကြီး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎ဗထူးတပ်မြို့
→‎လွတ်လပ်ရေးကြိုးပမ်းမှု: စာလုံးပေါင်း ပြင်ခဲ့သည်, သဒ္ဒါပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၄၇ -
တော်လှန်ရေး စချိန်တွင် ဗိုလ်မှူး ဗထူးနှင့် အနီးကပ်ဆုံး တပ်များမှာ မုံရွာ၊ စစ်ကိုင်းနယ်ရှိ ဗိုလ်သိန်ဦး၏ လေယာဉ်ပျံပစ် အမြောက်တပ်ခွဲ၊ မန္တလေးမြို့ရှိ ဗိုလ်အာဠာဝက၏ လေယာဉ်ပျံပစ် အမြောက်တပ်ခွဲနှင့် မြစ်ငယ် ဒေသရှိ ဗိုလ်ရဲခေါင်၏ လေယာဉ်ပျံပစ် အမြောက်တပ်ခွဲတို့ ဖြစ်သည်။ အမှန်လက်တွေ့ တိုက်ခိုက်သူ ၁၅ဝ ခန့်နှင့် တော်လှန်ရေး အင်အားစုမှာ ရှစ်ထောင်ကျော် ရှိသည်။
 
မန္တလေးမြို့နှင့် မန္တလေးနယ်အတွင်း မဟာမိတ်များ မရောက်မီ ဗိုလ်မှူး ဗထူး တပ်များသည် ဂျပန်များကို ရှင်းလင်း ထားနိုင်ခဲ့သည်။ ဖွဲ့စည်းထားသော ပြည့်သူ့ ပြောက်ကျားတပ်များ အကူအညီဖြင့် မဟာမိတ် တပ်များလည်း အောင်မြင်စွာ ချီတက်၍ ဂျပန်တပ်များကို ချေမှုန်း နိုင်ခဲ့သည်။ မေမြို့ကိုမေမြို့(ပြင်ဦးလွင်)ကို မဟာမိတ်များ သိမ်းပိုက်ရာတွင် ဗမာမျိုးချစ် ပြောက်ကျားများ၏ အကူအညီဖြင့် သိမ်းဆည်းနိုင်ခဲ့ကြောင်း မဟာမိတ်တို့၏ သတင်း ထုတ်ပြန်ချက်များတွင် ဖော်ပြထားသာည်ကို တွေ့ရသည်။ ဗိုလ်မှူး ဗထူး၏ ထူးချွန်စွာ ဆောင်ရွက်မှုတို့ကြောင့် ၁၉၄၅ ခု၊ မေလ ၁ ရက်နေ့စွဲပါ ပြည်သူ့ လွတ်လပ်ရေး တပ်မတော် (ဗမာ မျိုးချစ် တပ်မတော်) အမိန့်ဖြင့် ဗိုလ်မှူး အဆင့်မှ ဗိုလ်မှူးကြီး အဆင့်သို့ ၂ ဆင့် တိုးတက် ပေးလိုက်လေသည်။ ထိုအမိန့်ကို ဗိုလ်ချုပ် အောင်ဆန်း ကိုယ်တိုင် လက်မှတ် ရေးထိုး၍ “မန္တလေးနယ်တိုင်း တပ်မှူး ဗိုလ်မှူး ဗထူးအား သူရသတ္တိရှိခြင်း၊ ထူးခြားစွာ ခေါင်းဆောင်နိုင်ခြင်း တို့အတွက် ဗိုလ်မှူး အဆင့်အတန်းမှ ဗိုလ်မှူးကြီး အဆင့်အတန်းသို့ ၂ ဆင့် တိုးပေးလိုက်သည်” ဟု ဖော်ပြ ထားလေသည်။
 
== ကွယ်လွန်ခြင်း ==