မဟာဗန္ဓုလ: တည်းဖြတ်မှု မူကွဲများ

→‎ရန်ကုန် စစ်ပွဲ (မေ-ဒီဇင်ဘာ ၁၈၂၄): စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
→‎ရန္တပို စာချုပ်: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၉၈ -
[[File:MaharBanDuLa.jpg|thumb|ဓနုဖြူမြို့ရှိ သတိုးမဟာဗန္ဓုလအုတ်ဂူမှ ကျောက်စာတိုင်]]
== ရန္တပို စာချုပ် ==
[[File:Maung Gyi.jpg|thumb|မဟာဗန္ဓုလ၏ သား သုံးဆယ်မြို့စား မောင်ကြီး]]သည် နောက်ထပ် ၁၀ လကြာအောင်ဆက်လက်ဖြစ်ပွားခဲ့ပြီး ဗြိတိသျှတပ်များသည် ဖြည်းဖြည်း ချင်းရှေ ့သို့ချီတက်လာကာချင်းရှေ့သို့ချီတက်လာကာ နောက်ဆုံးတွင် အင်းဝမှ လေးရက်ခရီး ချီတက်ရသည့် ရန္တပို ရွာသို့ ရောက်ရှိခဲ့သည်။ ၁၈၂၆ ဖေဖော်ဝါရီလတွင် မြန်မာတို့သည် ရှုံးနိမ့်ခြင်းကို လက်ခံခဲ့သည်။ ရန္တပို စာချုပ် အရ အင်းဝ ရွှေနန်းတော်မှ ဖော်ပြပါတို့ကို သဘောတူခဲ့ရသည်။ (၁) ဗြိတိသျှ အား အာရကန် (ရခိုင်)၊ တန်နစ်စီရင် (တနင်္သာရီ)၊ မဏိပူရ နှင့် အာသံ တို့ကို ပေးအပ်လိုက်ရသည်၊ (၂) ကချာနှင့် ဂျိမ်းရှ တို့ကို ဗြိတိသျှ ပိုင်နက်နယ်မြေများအဖြစ် အသိအမှတ်ပြုရသည်၊ (၃) လျော်ကြေးငွေ ပေါင်စတာလင် တစ်သန်းကို လေးရစ်ခွဲပြီး ပေးရသည်။
ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲသည် ဗြိတိသျှ အိန္ဒိယ သမိုင်းတွင် အရှည်ကြာဆုံးနှင့် တန်ဖိုးအကြီးဆုံးစစ်ပွဲဖြစ်သည်။ ဥရောပနှင့် အိန္ဒိယစစ်သား တစ်သောင်းငါးထောင်နှင့်အတူ ပို၍မြင့် မားသော (အတိအကျအားဖြင့် အလွန်မြင့်မားလုနီးပါး) အရေအတွက်ရှိသည့် မြန်မာစစ်သားများ သေဆုံးခဲ့သည်။ ထိုတိုက်ပွဲစဉ်သည် ဗြိတိသျှတို့အား မည်သည့်နေရာတွင်မဆို စတာလင်ပေါင် ငါး သန်းမှ (အကြမ်းအားဖြင့် ၂၀၀၆ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၈.၅ ဘီလီယံ) စတာလင်ပေါင် ၁၃ သန်း အထိ ကုန်ကျစေခဲ့ပြီး ၁၈၃၃ ခုနှစ်တွင် ဗြိတိသျှ အိန္ဒိယတွင် ဆိုးရွားသော စီးပွားရေးကပ်ဆိုက်မှု တစ်ခုကို ဖြစ်စေခဲ့သည်။
သို့သော် မြန်မာတို့အတွက်မူ ဤအရာသည် သူတို့၏လွတ်လပ်ရေး အဆုံးသတ်ခြင်း၏ တကယ့်အစ ဦးဖြစ်သည်။ ဗြိတိသျှ အိန္ဒိယအတွက် ကြောက်စရာကောင်းခြင်းကို တိုတောင်းသောအချိန်ကာလ တစ်ခု ဖြစ်စေခဲ့သော တတိယ ဗမာ အင်ပါယာသည် ထိထိရောက်ရောက် မပြီးစီးခဲ့ဘဲ အကြီးအ ကျယ် ထိခိုက်ပျက်စီးခဲ့ကာ ဗြိတိသျှ အိန္ဒိယ၏ အရှေ့ပိုင်း ရှေ့တန်းစစ်မျက်နှာပြင်ကို ခြိမ်းခြောက်မှု တစ်ခုအဖြစ်ရှိနေနိုင်တော့မည် မဟုတ်ပါ။ဗမာတို့ကို ထိုအချိန်ကပင် ဥရောပ၌ ကြီးမားသော ငွေ ပမာဏ ဖြစ်သည့် ကြီးမားသော လျော်ကြေးငွေ ပေါင်တစ်သန်း (ထို့နောက်တွင် အမေရိကန် ဒေါ်လာ ၅ သန်း) ကို ပြန်လည်ပေးဆပ်စေခြင်းဖြင့် နှစ်ပေါင်းများစွာ နှိမ်နှင်းထားခဲ့သည်။ ဗြိတိသျှတို့သည် အလွန်အင်အားချိနဲ့နေပြီဖြစ်သော ဗမာတို့အပေါ်တွင် နောက်ထပ်စစ်ပွဲနှစ်ကြိမ်ပြုလုပ်ပြီး တစ်နိုင်ငံ လုံးအား ၁၈၈၅ အရောက်တွင် ဝါးမြိုသိမ်းပိုက်ခဲ့သည်။