စဝ်ရွှေသိုက် (နိုင်ငံတော်သမ္မတ): တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎ဘဝနိဂုံး
→‎ငယ်ဘဝ: အ​ရေးမကြီး
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၃၉ -
သမ္မတကြီး စဝ်ရွှေသိုက်သည် ညောင်ရွှေမြို့၌ အင်းတိန်မြို့စား အဖ စဝ်ချုံ ၊ အမိ စဝ်နန်းဆာတို့မှ ၁၈၉၆ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့ (မြန်မာ သက္ကရာဇ် ၁၂၅၇-ခုနှစ်)တွင် မွေးဖွားခဲ့သည်။ စဝ်ရွှေသိုက်၏ အမည်ရင်း မှာ စဝ်ရွှေဆိုက် ဖြစ်သည်။ အကြောင်းမှာ ၎င်းမွေးဖွားချိန်တွင် ရှမ်းပြည်ညောင်ရွှေဒေသရှိ တန်ခိုးကြီးဘုရားတစ်ဆူဖြစ်သော ဖောင်တော်ဦးစေတီတော်မြတ်ကြီး ပွဲတော်ကျင်းပနေခိုက်ဖြစ်သည်။ ထိုအချိန်အတွင် မယ်တော်စဝ်နန်းကြီးသည် မီးမဖွားနိုင်ပဲ ဒုက္ခတွေ့လျက်ရှိပုံမှာ ဝမ်းတွင်းရှိသန္ဓေသားသည် ဘုန်းကြီးသူဖြစ်၍သာ မွေးဖွားရ ခက်ခဲသည်ဟု ယူဆကြသဖြင့် လောကီယတြာအဖြင့် ရွှေထီးမိုးပေးခဲ့သော်လည်း မီးမဖွားနိုင်ပဲဖြစ်နေသည်။ မီးတထိန်ထိန်အိုးစည် ဗုံမောင်းသံတညံညံဖြင့် လှည့်လည်လာသော် ဖောင်တော်ကြီးသည် ကန်တော်ကို လက်ယာရစ် လှည့်ကာ စေတီတော်မြတ်ကြီးအား ကန်တော့ဦးတိုက် ဆိုက်မိချိန်တွင် မွေးဖွားခဲ့သောကြောင့် စဝ်ရွှေဆိုက်ဟု အမည်မှည့်ခဲ့သည်။ စဝ်ရွှေသိုက် ဟု ဆိုက်မှ သိုက်အသံသို့ ပြောင်းလဲခေါ်ခဲ့ကြောင်း သိရှိရပါသည်။ <ref>{{cite book|title=စာပေဗိမာန်မဂ္ဂဇင်း|volume=အတွဲ ၁၊ အမှတ် ၁|publisher=စာပေဗိမာန်|date=၁၉၅၂|page=၁၅၃-၁၆၅}}</ref>
 
ငယ်စဉ်က တောင်ကြီးမြို့ရှိ ရှမ်းအကြီးအကဲများ၏ သားများအတွက် ဖွင့်လှစ်ထားသောကျောင်း၌ ပညာသင်ကြားခဲ့သည်။ [[ပထမကမ္ဘာစစ်]]အတွင်း ဘားမာရိုင်ဖယ်ဘားမားရိုင်ဖယ် အင်္ဂလိပ် စစ်တပ်(ဗမာ့သေနတ်ကိုင်တပ်ရင်း)တွင် တာဝန်ထမ်းဆောင်ခဲ့သည်။
 
မြန်မာပြည် ပထမ ကျောင်းသား သပိတ် အစပျိုးသော ၁၉၂၀-၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံ အရှေ့မြောက် နယ်ခြားဒေသ ဗမာ့တပ်ဖွဲ့များတွင် တာဝန်ခံ အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ၁၉၂၇ ခုနှစ်၊ အောက်တိုဘာလတွင် ညောင်ရွှေစော်ဘွား အဖြစ် ရွေးချယ်ခံရပြီး ၁၉၂၉ ခုနှစ်တွင် ဖခမည်းတော် စော်ဘွားကြီး ဆာစဝ်မောင် ကံတော်ကုန်သော အခါ ညောင်ရွှေ စော်ဘွား အဖြစ် အရိုက်အရာ ခံယူသည်။ ထိုအခါ စဝ်ရွှေသိုက်၏ သက်တော်မှာ ၃၃ နှစ် အရွယ် ရှိပြီ ဖြစ်သည်။
စာကြောင်း ၄၇ -
စော်ဘွားကြီးသည် မိခင်ဘက်မှ ဝမ်းကွဲတော်စပ်သော ညီအစ်မလေးဦးနှင့် လက်ထပ်ခဲ့သည်။ သူတို့ဖခင်မှာ ညောင်ရွှေ၏ အခွန် ဦးလှဘူးဖြစ်ပြီး နမ့်ခုတ်မှ ရှမ်းလူမျိုးဖြစ်သည်။ ဦးလှဘူး၏ အကြီးဆုံးသမီးတော်မှာ စဝ်နန်းရီဖြစ်၍ သားတော်ကြီး စဝ်ဆဲင်ဖ (စဝ်စိုင်း) နှင့် စဝ်ဆဲအုံ (စိုင်းဆဲင်) သားတော်နှစ်ပါး ဖွားမြင်ခဲ့သည်။ သူမသည် စော်ဘွား၏ အကြီးဆုံး ဇနီးဖြစ်၍ မဟာဒေဝီအဖြစ် မြှောက်စားခံရသည်။ (ဦးလှဘူး၏) ဒုတိယသမီးတော်မှာ စဝ်နန်းစန္ဒာဖြစ်၍ စော်ဘွားကြီး၏ ဒုတိယဇနီးဖြစ်သည်။ သူမသည် သက်တော် ၂၁ နှစ်မှာ ကွယ်လွန်ခဲ့သည်။ သူမမှာ စဝ်စန္ဒာဟူ၍ သမီးတော် တစ်ပါး ဖွားမြင်သည်။ (နောင် Moon Princess စာအုပ်ရေးသူ) ညောင်ရွှေစော်ဘွား စဝ်ရွှေသိုက်သည် ပထမအိမ်ထောင်ဆက် ၄ ဆက် ရှိခဲ့ပြီး သားတော် ၃ ပါး၊ သမီးတော် ၂ ပါး ထွန်းကားခဲ့သည်။<ref name="shan">{{cite journal|author=ခွန်ကျော် (တောင်ကြီး)|journal=Mawk Ngao Ngoon Magazine|publisher=ဗဟိုရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း (တောင်ကြီး)|date=၂၀၁၃|title=မြန်မာနိုင်ငံတော်၏ပထမဆုံးသော သမ္မတဖြစ်သူ ညောင်ရွှေစော်ဘွားစဝ်ရွှေသိုက်၏ အတ္ထုပ္ပတ္တိအကျဉ်း|page=၈၈-၈၉}}</ref>
 
ညောင်ရွှေစော်ဘွား စဝ်ရွေသိုက်သည် ၁၉၃၇ ခုနှစ်၊ ဇွန်လတွင် သိန္နီမြောက်ပိုင်း စော်ဘွာကြီး၏စော်ဘွားကြီး၏ သမီး (သိန္နီစော်ဘွား စဝ်ဟုန်ဖ) (ကွယ်လွန်) ၏ နှမ စဝ်ဟိန်းခမ်းနှင့် လက်ထပ်ခဲ့သည်။ စဝ်နန်းဟိန်းခမ်းနှင့်အတူ သားသမီး ၆ ယောက် ထွန်းကားခဲ့သည်။ ပထမ ကမ္ဘာစစ်ကြီး ပြီးသော အခါ စဝ်ရွှေသိုက်သည် စစ်မှုထမ်း အဖြစ် အနား ယူခဲ့သည်။ သို့သော် ၁၉၃၉ ခုနှစ်တွင် ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်ရန် စစ်ရိပ် စစ်ငွေ့များ တက်လာသော အခါ စစ်မှုထမ်းရန် ပြန်ခေါ်ခြင်း ခံရပြန်သည်။
 
 
== သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခြင်း ==