အမေရိကန်ပြည်ထောင်စု: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး 37.236.117.15 (ဆွေးနွေး) ၏ ပြင်ဆင်မှုများကို Ninjastrikers ၏ နောက်ဆုံးတည်းဖြတ်မူသို့ နောက်ပြန် ပြန်ပြင်ခဲ့သည်
စာတွဲ: နောက်ပြန် ပြန်ပြင်ခြင်း
→‎ပထဝီဝင်၊ ရာသီဥတု နှင့် ပတ်ဝန်းကျင်: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၉၈ -
အီရီအိုင်အရှေ့ဘက်စွန်းမျှ ဟဒ်ဆန်မြစ်အထိ လှေသင်္ဘောများသွားလာနိုင်ရန်အတွက် ဂီရီတူးမြောင်းကို ဖောက်လုပ်ထားသည်။ ထိုရေအိုင်ကြီးများအပြင် အမေရိကန်ပြည်ထောင်စု မြောက်ပိုင်းတွင် ရေအိုင်ကလေး အများအပြား ရှိပေသေးသည်။ အမေရိကန် ပြည်ထောင်စုအတွင်း၌ ရေရှိသောဒေသများ အားလုံး၏ အကျယ်အဝန်းမှာ ၅၃ဝဝ၃ စတုရန်းမိုင် ဖြစ်လေသည်။အမေရိကန်ပြည်ထောင်စုသည် မြောက်သမပိုင်းဇုန်အတွင်း၌ တည်ရှိသော်လည်း ရာသီဥတုမှာ အပူအအေး မညီမျှချေ။ ယေဘုယျအားဖြင့် ရာသီဥတုသည် တိုင်းပြည်မြေမျက်နှာပြင်ကို လိုက်၍ ပြောင်းလဲတတ်သောကြောင့် တောတောင်ထူထပ်သော ပင်လယ်ကမ်းရိုး တောင်တန်းဒေသနှင့် ကက်စကိတ်တောင် အနောက်ဘက်တို့တွင် စိုစွတ်ထိုင်းမှိုင်းခြင်း ဖြစ်စေလေသည်။ အနောက်ဘက် ကမ်းရိုးတန်းသည် ပစိဖိတ်ပင်လယ်လေကြောင့် အရှေ့ဘက်လောက် ရာသီဥတု မပြင်းထန်ချေ။ ဆောင်းရာသီ တွင် အလွန်အမင်း မအေးပဲ နွေရာသီ၌လည်း အလွန်အမင်း မပူချေ။ အနောက်ဘက်ဒေသ၌ ဆောင်းတွင်းမှာသာ မိုးရွာသွန်း ၍ တစ်နှစ်လုံးအတွက် ပျမ်းမျှ မိုးရေချိန်ကို ကြည့်သော် မိုး များသည်ဟု ဆိုနိုင်ပေသည်။ ရော့ကီးတောင်နှင့် ဆီယယ်ရာ နီဗား၊ စပ်ကြားရှိဒေသ၌ကား မိုးအလွန်နည်းသောကြောင့် အရှေ့တောင် ကာလီဖိုးနီးယားဘက်သို့ ရောက်သော် သဲကန္တာရ ကိုပင် တွေ့ရ၏။ အတ္တလန္တိတ်ဘက်ရှိ နယ်ပယ်များတွင်မူ နွေအခါ၌ လွန်စွာပူ၍ ဆောင်းအခါ၌ လွန်စွာအေးလေသည်။
 
တောင်ဘက် မက္ကဆီကို ပင်လယ်ကွေ့တစ်ဝိုက်ရှိ နယ် များ၌ နွေရာသီတွင် အလွန်ပူ၍ ဆောင်းရာသီ၌ အသင့်အတင့် အေးချမ်းကာ ရံဖန်ရံခါ ဆီးနှင်းများ သည်းထန်စွာကျ၏။ မိုး လည်း အတော်များ၏။ အလယ်ပိုင်းလွင်ပြင်များ၌ ဆောင်း ရာသီမှာ အလွန်အေး၍ တစ်ခါတစ်ရံ ဆီးနှင်းများ မုန်တိုင်းများကျ၏။ ထိုဒေသမျာ၌ထိုဒေသများ၌ တစ်နှစ်လုံး ရွာသောမိုး၏ ၃/၄ သည် ဧပြီနှင့် စက်တင်ဘာလ စပ်ကြား၌ ရွာသွန်းလေသည်။ <ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)</ref>
 
== နိုင်ငံတွင်း ပါဝင်သော ဒေသများ ==