အမေရိကန်ပြည်ထောင်စု: တည်းဖြတ်မှု မူကွဲများ

→‎ပထဝီဝင်၊ ရာသီဥတု နှင့် ပတ်ဝန်းကျင်: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၁၄၄ -
[[File:Dust Bowl - Dallas, South Dakota 1936.jpg|thumb|left|၁၉၃၆ခု သဲမုန်တိုင်း ကာလအတွင်း တောင်ဒါကိုတာမှ စွန့်ပစ်ထားသော ယာခင်းတစ်ခု]]
 
၁၉၁၄ ခုနှစ် [[ပထမကမ္ဘာစစ်]] ဖြစ်ပွားချိန်တွင် အမေရိကန်သည် မည်သူ့ဘက်မှ မလိုက်ခဲ့ပေ။ အမေရိကန် အများစုသည် ဗြိတိသျှနှင့် ပြင်သစ်တို့အား စာနာကြသော်လည်း အများစုမှာ ဝင်ရောက်စွက်ဖက်မှု ကို ကန့်ကွက်ခဲ့သည်။<ref>Foner, Eric, and John A. Garraty (1991). ''The Reader's Companion to American History.'' New York: Houghton Mifflin, p. 576. ISBN 0-395-51372-3.</ref> ၁၉၁၇ တွင် အမေရိကန်ပြည်ထောင်စုသည် မဟာမိတ် အဖွဲ့သို ဝင်ရောက်ခဲ့ပြီးနောက် ဂျာမနီပါဝင်သော ဗဟိုအင်အားကြီးနိုင်ငံများ အတွက် အရေးနိမ့်စေခဲ့သည်။ စစ်ပွဲအပြီးတွင် ဆီးနိတ်လွှတ်တော်မှ [[နိုင်ငံပေါင်းချုပ် အသင်းကြီး]] ဖွဲ့စည်းမှု ပါဝင်သော ဗာဆိုင်းစာချုပ်ကို အတည်မပြုခဲ့ပေ။ အမေရိကန်သည် တဖက်သတ်ဝါဒ (unilateralism) ကို ကျင့်သုံးခဲ့ရာမှ အထီးကျန်ဝါဒ (isolationism) ဖြစ်လုနီးပါးပင် ဖြစ်ခဲ့သည်။<ref>McDuffie, Jerome, Gary Wayne Piggrem, and Steven E. Woodworth (2005). ''U.S. History Super Review''. Piscataway, NJ: Research & Education Association, p. 418. ISBN 0-7386-0070-9.</ref> ၁၉၂၀ ခုနှစ်တွင် အမျိုးသမီး အခွင့်အရေးဆိုင်ရာ လှုပ်ရှားမှု အောင်မြင်၍ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အမျိုးသမီးတို့ မဲပေးပိုင်ခွင့် အတွက် ပြင်ဆင်နိုင်ခဲ့သည်။ ၁၉၂၀ ခုနှစ်များအတွင်း အကြီးအကျယ် ကြွယ်ဝချမ်းသာလာခြင်းသည် ၁၉၂၉ ဝေါလ်စထရိ ဈေးကွက် ပြိုလဲခြင်းနှင့် အတူ ပြီးဆုံးခဲ့ပြီး [[ကမ္ဘာ့စီးပွားပျက်ကပ်ကြီး]] ဖြစ်ပေါ်ခဲ့ရသည်။ ၁၉၃၂ ခုနှစ်တွင် ဖရန်ကလင်ဒီ ရုစဗဲ့ သည် သမ္မတအဖြစ် အရွေးခံရပြီးနောက် စီးပွားရေးအပေါ်တွင် အစိုးရမှ ဝင်ရောက်စွက်ဖက်မှုကို တိုးမြှင့်သည့် ပေါ်လစီ အများအပြားကို ချမှတ်ခဲ့သည်။ ၁၉၃၀ ခုနှစ်များ အတွင်း သဲမုန်တိုင်းများတိုက်ခိုက်ချင်းသည်သဲမုန်တိုင်းများတိုက်ခိုက်ခြင်းသည် လယ်ယာ လုပ်ကိုင်သည့် လူ့အဖွဲ့အစည်းများကို ချွတ်ခြုံကျသွား စေပြီး အနောက်ဘက်သို့ ရွှေ့ပြောင်းမှု အများအပြား အသစ်တဖန် ပေါ်ပေါက်ခဲ့ပြန်သည်။
 
[[File:1944 NormandyLST.jpg|thumb|အမေရိကန် စစ်တပ် ခြေလျင် တပ်မ (၁) မှ စစ်သားများ နော်မန်ဒီ ဆိပ်ကမ်းသို့ ဒီဒေးတွင် ကမ်းတက် တိုက်ခိုက်စဉ် ဇွန်လ ၆ ရက် ၊ ၁၉၄၄]]