စန္ဒရား: တည်းဖြတ်မှု မူကွဲများ

No edit summary
စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၁၃ -
 
ဤဗါဂျင်နယ် စန္ဒရားများမှတစ်ဆင့် ပုံစံအမျိုးမျိုး၊ ခလုတ်မောင်းစနစ်အမျိုးမျိုးကြံဆပြုပြင်၍ တီးခဲ့ကြရာ၊ ၁၇ ရာစုနှစ် အစဆီတွင် အင်္ဂလန်ပြည်၌ ပေါ်ပေါက်ခဲ့သော 'စပင်း
နက်' စန္ဒရားမျိုးမှာ အသုံးများသော တူရိယာဖြစ်လာသည်။ ဗာဂျင်နယ်နှင့် စပင်းနက်တို့မှာ ကလာဗီခေါ့၏ စနစ်ကိုအခြေခံ၍ တပ်ဆင်ရသော်လည်း၊ ကြိုးနှင့်မောင်းတံချန်ပုံ၊ကြိုးနှင့်မောင်းတံချိန်ပုံ၊ အသံကိုထိန်း၍ ထားပုံတို့မှာ ကလာဗီခေါ့ထက် ကောင်းမွန်သည်။ ကြိုးများကို လိုရာအသံညှိရာတွင်လည်း ကလာဗီခေါ့ကဲ့သို့ ခလုတ်နှင့်ဖိ၍ ပေးရန်မလိုဘဲ၊ အသံစဉ်အလိုက် ညှိအပ်သောကြိုးကို အတိုအရှည် အစဉ်လိုက်ထား၍ တပ်ဆင်သည်။ စပင်းနက်မှာ စောင်းကဲ့သို့ သုံးထောင့်သဏ္ဌာန်စားပွဲပုံဖြစ်၍၊ ယခုခေတ်တွင် တွေ့မြင်ရသော 'ဂရင်း'ခေါ် စားပွဲစန္ဒရားကြီးများကဲ့သို့ပင် ဖြစ်၏။
 
ဗာဂျင်နယ်၊ စပင်းနက်တို့နှင့် တစ်ခေတ်တည်းပေါ်ပေါက်ခဲ့သော စန္ဒရားတစ်မျိုးမှာ 'ဟာ့ပဆီခေါ့'ခေါ် စားပွဲစန္ဒရားကြီး တစ်မျိုးပင်ဖြစ်သည်။ ဟာ့ပဆီခေါ့တွင် ခလုတ်မောင်းတံနှင့် အသံမြည်စေသော စနစ်မှာ ငှက်တောင်များဖြင့် ကြိုးကိုပွတ်ခတ်သော စနစ်ပင်ဖြစ်သော်လည်း၊ ပမာဏကြီးခြင်း၊ ခလုတ်တန်း ၂ တန်း အထိ ထားရှိခြင်းတို့ကြောင့် အသံမြိုင်သည်။ ကလာဗီခေါ့၊ ဗာဂျင်နယ်၊ စပင်းနက်နှင့် ဟော့ပဆီခေါ့ တူရိယာများကို ၁၇ ရာစုနှစ် အကုန်အထိ ဥရောပတိုက်နိုင်ငံ အနှံ့အပြားတွင် နှစ်သက်စွာသုံးစွဲခဲ့ကြရာ၊ အဆိုပါ တူရိယာများ ဖြင့် ဥရောပတိုက် ဂီတသမိုင်းတွင် ထင်ရှားသော ဂီတပညာရှင်ကြီးများဖြစ်သည့် ဗါခ်၊ ဟန်းဒယ်၊ မိုးဇတ်၊ ဟိုင်းဒင် အစရှိသူများ ထွန်းကားခဲ့ကြသည်။ ဤသို့ ဂီတပညာရှင်များ ထွန်းကားလျက်ရှိသည်နှင့်အမျှ ဂီတတူရိယာလုပ်သူ များကလည်း မနေမနား အားထုတ်လုပ်ကိုင်တီထွင်ကြရာ၊ ၁၇ဝ၉ ခုနှစ်ခန့်တွင် အီတာလျံလူမျိုး ဟာ့ပ ဆီခေါ့ ပြင်သူခရီစတော့ဖိုရီသည် တိုးတက်ကောင်းမွန်သော စနစ်သစ်ဖြင့် အသံကျယ်၍ညက်ညောသော 'ပီယာနိုဖိုတီ'ခေါ် စန္ဒရားတစ်မျိုးကို ပြုလုပ်ခဲ့လေသည်။ အီတာလျံဘာသာ 'ပီယာနိုဖိုတီ'မှ 'ပီယာနို'ဟူသော အခေါ် ဖြစ်ပေါ်လာသည်။
စာကြောင်း ၇၁ -
သော မြန်မာ ဝေါဟာရဖြင့် ခေါ်တွင်ခဲ့သည်ကို လေ့လာရန် လို
အပ်ပေသေးသည်။
 
==မြန်မာ==
မြန်မာနိုင်ငံ၌ စန္ဒရားဟူသော ဝေါဟာရကို သုံးခဲ့သော အစောဆုံးကာလကို ရှာသည်ရှိသော်၊ [[တင်၊ ဦး (ပုဂံဝန်ထောက်)|ပုဂံဝန်ထောက် ဦးတင်]] ရေးသော ကဗျာဗန္ဓသာရကျမ်း၌ 'သဘင်သည် ၃၇ ရပ်' ကျောက်စာများတွင်ပါပုံကို ဖော်ပြရာတွင် '၅၉၇ ခုနေ့စွဲပါသော မင်းဆရာပိတရစ်ကျောက်စာတွင် စန္ဒရားသည်ဟူ၍၎င်း၊ သိခြင်းသည် (သီချင်းသည်) ဟူ၍၎င်း၊ စည်သည်ဟူ၍၎င်း၊ ရေးသား ပါရှိသည်' ဟူ၍ ဖော်ပြထားသည်ကို တွေ့ရ၏။ ထို့ကြောင့် စန္ဒရားမှာ ပုဂံခေတ်လောက်ကပင် ရှိနေသည်ဟုဆိုရပေမည်။ သို့သော် ထိုအချက်ကို ခိုင်လုံစေမည့် အခြားအထောက်အထားများကိုမူ မတွေ့ရချေ။ ထို့ပြင် ထိုကဗျာဗန္ဓသာရကျမ်းအရ