သက်တံ: တည်းဖြတ်မှု မူကွဲများ
တည်းဖြတ်မှုအတွက် စကားချပ် မရှိပါ
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ုု +ု) |
No edit summary စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် |
||
စာကြောင်း ၁၁ -
သက်တံ။ ။မိုးရွာအံ့ဆဲဆဲအချိန်၊ မိုးရွာစအချိန်မျိုးတွင် နေကလည်း ပွင့်လျက်ရှိစဉ် ကောင်းကင်၌ လေးကိုင်းကဲ့သို့ ညွတ်ကွေးလျက်ရှိသောပုံစံဖြင့် စက်ဝိုင်းခြမ်းနီးပါး ထင်နေတတ်သည့် ရောင်စုံသက်တံကိုလူတိုင်းပင် မြင်ဖူးကြပေမည်။ တစ်ခါတစ်ရံတွင် မူလသက်တံကိုအပြင်ဘက်၌ ခပ်မှိန်မှိန်ထင်သော ဒုတိယသက်တံကို တွေ့မြင်ရတတ်၍၊ ထိုဒုတိယသက်တံကို သေသေချာချာကြည့်လျှင် ယင်းသက်တံရှိ အရောင်စင်းများသည် ပထမ သက်တံရှိအရောင်စင်းများနှင့် ပြောင်းပြန်ဖြစ်နေသည်ကို တွေ့ရလိမ့်မည်။ ဒုတိယသက်တံ အပြင်ဘက်၌ တတိယသက်တံလည်းဖြစ်ပေါ်တတ်၏။
ရောင်စုံသက်တံကို ကျွန်ုပ်တို့ဘာသာပြုလုပ်၍ဖြစ်ပေါ်စေနိုင်ပေသည်။ နေသာသော တစ်နေ့တွင် နေကိုကျောပေးလျက် ပါးစပ်ထဲရေငုံပြီး မှုတ်ထုတ်ကြည့်ပါ။
ပန်းထုတ်ပေးပါ။ ထိုအခါနေနှင့်လူ၏အနေအထားတို့မှန်ပါက သဘာဝသက်တံအတိုင်း ရောင်စုံသက်တံဖြစ်ပေါ်လာပုံကို ကောင်းစွာတွေ့ရလိမ့်မည်။ ▼
▲သက်တုံတ်ပန်းခြံသုံး ရေဖျန်းပြွန်ဖြင့် ရေကိုဖွာထွက်အောင်
▲ပန်းထုတ်ပေးပါ။ ထိုအခါနေနှင့်လူ၏အနေအထားတို့မှန်ပါက
သက်တံဖြစ်ပေါ်ပုံအကြောင်းရင်းကိုမသိမီ ရှေးအခါက
သက်တံကိုလူ့ပြည်နှင့် နတ်ပြည်တို့
နတ်လမ်းဟူ၍လည်းကောင်း၊ အချို့ကလည်း သက်တံဆုံးရာ အရပ်၌ အဖိုးထိုက်ရတနာများရှိသည်ဟုလည်းကောင်း၊ လူမျိုးအသီးသီးကပင် အမျိုးမျိုးထင်ကြေးပေးပြီး ယုံကြည်လာခဲ့ကြသည်။ သက်တံတွင် နေ၏အလင်းရောင်နှင့် မိုးသက်တံပေါက်တို့အပေါ်တွင် မှီပြီးဖြစ်ပေါ်လာသည့် ရှုခင်းအမြင်မျှသာ ဖြစ်ရာ မည်သူမှ သက်တံရှိရာသို့ လိုက်ရန်မဖြစ်နိုင်ပေ။
သက်တံဖြစ်ပေါ်ပုံမှာ နေမှထွက်လာသော
အလင်းတန်းများသည် ကောင်းကင်တွင်ဆိုင်းလျက်ရှိသော မိုးပေါက်ရေလုံးကလေးများ အတွင်းဝင်ပြီး အလင်းလမ်းကြောင်း ယိုင်၍ ရေလုံးကလေးတို့၏ ကျောဘက်နံရံနှင့် ထိတွေ့ကာ အလင်းပြန်ဟပ်လာပြီးနောက်ရေလုံးကလေးများ အတွင်းမှ လေထုအတွင်း ထွက်ကာ နောက်တစ်ကြိမ်အလင်းပြန်ယိုင် လေသည်။ ဤကဲ့သို့ သက်တံလုံးကလေးများကို ထွင်းဖောက်၍ အလင်းယိုင်သောအခါ အဖြူရောင်ရှိသည့်နေ၏ အလင်းရောင်သည် ခရမ်း၊ မဲနယ်၊ အပြာ၊ အစိမ်း၊ အဝါ၊ လိမ်မော်၊ အနီ ဟူသော အစီအစဉ်ဖြင့်အရောင်ခုနစ်မျိုးကွဲထွက်သည်။ ဤရောင်စုံ
အလင်းတန်းများ ကျွန်ုပ်တို့၏မျက်စိအတွင်းသို့
ဝင်ရောက်လာမှုကြောင့် သက်တံဟုခေါ်သော စက်ဝိုင်းခြမ်း သက်တံရောင်စုံအစင်းများ ကို ကျွန်ုပ်တို့မြင်ရခြင်းဖြစ်လေသည်။ မျက်စိထဲသို့ ဝင်ရောက်လာသော ထိုရောင်စုံအလင်းတန်းများမှာ မိုးပေါက်ကလေးတစ်ခုတည်းမှ ထွက်လာခြင်းမဟုတ်၊ မျက်စိ နှင့်အနေအထား မှန်တုံးပေါက်ပေါင်း ကုဋေကုဋာမှထွက်လာခြင်းဖြစ်ကြောင်း ကျွန်ုပ်တို့ သိသင့်သည်။
တစ်ခါတစ်ရံတွင်လည်း နေနှင့်လတို့၏
ဘေးပတ်လည်တွင် ဖြူယောင်ယောင်ရှိသက်တံဝိုင်းပုံ
အရောင်စင်းဖြင့်ဖြစ်စေ၊ စက်ဝိုင်းပုံအရောင်ပြင်ဖြင့်ဖြစ်စေ၊ ရစ်ဝိုင်းထားတတ်ပုံကို တွေ့မြင်ရတတ်သည်။
ဤဖြစ်နေခြင်းကို နေထီးဆောင်းသည်၊ လထီးဆောင်းသည်ဟု ဆိုစမှတ်ပြုကြသည်။ ဤအချင်း အရာမှာသက်တံတစ်မျိုးပင်ဖြစ်ပေသည်။ ဤသို့ဖြစ်ခြင်းမှာ
အလွန်မြင့်မားသော ကောင်းကင်၌ ရေခဲပွင့် ကလေးများ ပါဝင်သောအလွှာရှိနေစဉ်၊ အလွန်သေးငယ်သော
ရေလုံးမြူပေါက်ကလေးများ ပါဝင်သည့် တိမ်လွှာများ
ရေလုံးကလေးများကို နေနှင့်လတို့မှ အလင်းတန်းများ
ထွင်းဖောက်ရာမှ
နှင်းကျနေချိန်တွင် လမ်းဓာတ်မီးလုံးကို ကြည့်လျှင်လည်း အလားတူ ထီးဆောင်းလျက်ရှိပုံမျိုးကို ကျွန်ုပ်တို့
တွေ့မြင်ရတတ်လေသည်။ <ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)</ref>
|