ပလေးတိုး: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
အရေးမကြီး
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၃၃ -
ဘီစီ ၃၉၉ ခုနှစ်တွင် ဆိုကရေးတီး သေဒဏ်အပေးခံရသောအခါ ပလေးတိုသည် အလွန်စိတ်နာကြည်းလှသဖြင့် အေသင်မြို့တော်မှ ထွက်ခွာခဲ့ကာ [[စစ္စလီကျွန်း]]၊ [[အီတလီနိုင်ငံ]]၊ [[အီဂျစ်နိုင်ငံ]] နှင့် အာဖရိကတိုက် မြောက်ပိုင်းဒေသများ၌ ၁၂ နှစ် လုံးလုံးခရီးလှည့်လည်သွားလာလျက် ပညာဗဟုသုတ ရှာမှီးနေခဲ့လေသည်။ ယင်းသို့ လှည့်လည်သွားလာနေစဉ် ဆိုင်ရားကျူဘုရင် ဒိုင်အိုနိုးဆပ်၏ မလိုမုန်းထားခြင်းကို ခံရသဖြင့် ထိုဘုရင်၏ ငွေဝယ်ကျွန်းအဖြစ် ရောင်းစားခြင်း ခံရရှာသည်။ သို့သော် ကံကောင်းထောက်မ၍ မိတ်ဆွေတစ်ဦးက ပလေးတို အား ကျွန်ဘဝမှ ကယ်တင်သဖြင့် ဘီစီ ၃၈၇ ခုနှစ်တွင် အက်သင်းမြို့တော်သို့ ပြန်လည်ရောက်ရှိသည်။ အက်သင်းမြို့တော်သို့ ပြန်ရောက်သောအခါ ပလေးတိုသည် အကယ်ဒမီဟုခေါ်သော ကျောင်းတစ်ကျောင်းကို မြို့မှ တစ်မိုင်ခန့်ကွာဝေးသော အရပ်တွင် စတင်တည်ထောင်ပြီးနောက်၊ သူ၏ တပည့်များဖြစ်သော အက်သင်း မြို့သားလူငယ်များအား မိမိလေ့လာမှတ်သားခဲ့သည့် ပညာဗဟုသုတများကို သင်ကြား ပို့ချ နေထိုင်ယင်း၊ အသက် ၈၀ အရွယ်တွင် အနိစ္စရောက်သွားလေသည်။ စင်စစ်အားဖြင့် ထိုအကယ်ဒမီ ကျောင်းတော်သည် ဂရိနိုင်ငံ၏ ပညာရှာမှီးရာ ဗဟိုဌာနတခုဖြစ်လာခဲ့သည်သာမက ဥရောပသမိုင်းတွင် ပထမဆုံးတည်ထောင်ခဲ့သော တက္ကသိုလ်ကြီးတစ်ခုလည်း ဖြစ်လေသည်။
 
ပလေးတို၏ စာပေလက်ရာဟူ၍ တစ်စုံတစ်ခုမျှ ပျောက်ပျက်သွားခြင်း မရှိသော်လည်း၊ တွေ့ရှိသမျှ လက်ရာများသည် သူ၏လက်ရာ အစစ်ဟုတ် မဟုတ်ကိုကား သံသယဖြစ်နေကြသည်။ သူရေးသားထားသော စာပေများမှာ များသောအားဖြင့် စုံတွဲအပြန်အလှန် စကားပြေါဆိုပုံမျိုးဖြစ်သည်။စကားပြောဆိုပုံမျိုးဖြစ်သည်။ ဆရာဖြစ်သူ ဆိုကရေးတီး နှင့်ယထာဘူတပညာဆိုင်ရာ အတွေးအခေါ်တို့ကို ဆွေးနွေးနေဟန် ရေးသားကာ၊ မိမိ၏ ယထာဘူတ ပညာဆိုင်ရာ သဘောတရားများကိုလည်း ဆိုကရေးတီး၏နှုတ်မှ မြွက်ကြားဟန်မျိုးဖြင့် ဖော်ပြခဲ့လေသည်။
စုံတွဲ အပြန်အလှန် စကားပြေါဆိုပုံဖြင့်စကားပြောဆိုပုံဖြင့် ရေးသားထားသော သူ၏ လက်ရာများအနက် “ ဆင်ပိုဆီယမ် ” (အချစ်အကြောင်း)၊ “ ဖေဒိုး ” (ပျက်စီးခြင်းမရှိသော ဝိညာဉ်)၊ “ ရီပတ်ဗလစ် ” (စံပြနိုင်ငံ)၊ “ သေးတီးတပ်” (ပညာဗဟုသုတ)၊ “ တီးမေးအပ် ” (ရုပ်လောက သဘာဝ) စသော စာအုပ်များမှာ အထင်ရှားဆုံးဖြစ်သည်။ “ ရီပတ်ဗလစ် ” တွင် ပလေးတိုသည် စံပြ (စိတ်တိုင်းကျ)နိုင်ငံဖြစ်ပေါ်လာစေရန် မည်သို့ ဆောင်ရွက်ရမည်ကို စကားအခြေအတင်ပြေါဟန်ဖြင့်စကားအခြေအတင်ပြောဟန်ဖြင့် ရေးသားထားသည်။ နိုင်ငံတစ်နိုင်ငံ၏ရည်ရွယ်ချက် ပန်းတိုင်သည် တိုင်းသူပြည်သားတို့အား စိတ်ပျော်ရွှင်ချမ်းမြေ့ရေးအတွက် အကျင့်စာရိတ္တကြံ့ခိုင်၍ တည်ကြည် ဖြောင့်မတ်အောင် လေ့ကျင့်ပေးရန် ဖြစ်ရမည်ဟု ပလေးတိုက ယုံကြည့်လေသည်။ သူရည်မှန်းသော စံပြနိုင်ငံမျိုးသည် ဖောက်ပြန် လျက်ရှိသော ကမ္ဘာလောက ကြီးတွင် တည်ထောင်၍ မဖြစ်နိုင်ဟူသော အချက်ကိုမူ ပလေးတို သိသည်။ သို့သော်လည်း လူတို့က ရရှိအောင်ကြိုးပမ်းသင့်သည့် ရည်မှန်းချက်တစ်ရပ်အဖြစ် သတ်မှတ်ထားခဲ့၏။
 
စံပြနိုင်ငံတွင် လူတိုင်းသည် မိမိနှင့်အသင့်လျော်သော အလုပ်အကိုင်မျိုးကိုသာ ပြုလုပ်သင့်ကြောင်း၊ ယင်းနိုင်ငံအတွင်း နေထိုင်ကြသော ပြည်သူပြည်သားများ အုပ်ချုပ်ရေးဘက်ဆိုင်ရာ လူတန်းစား၊ စစ်ဘက်ဆိုင်ရာ လူတန်းစားနှင့် ကုန်စည်ထုတ် လုပ်သမား လူတန်းစားဟူ၍ သုံးမျိုးသုံးစားခွဲခြါးထားသင့်ကြောင်း၊သုံးမျိုးသုံးစားခွဲခြားထားသင့်ကြောင်း၊ အုပ်ချုပ်ရေးဘက်ဆိုင်ရာ လူတန်းစားသည် ဉာဏ်အမြော်အမြင် ရှိသင့်၍၊ စစ်သားများသည် ရဲစွမ်းသတ္တိ ရှိသင့်ကာ၊ အလုပ်သမားများသည် စည်းကမ်းသေဝပ်မှု ရှိသင့်ကြောင်း စသည်ဖြင့် ပလေးတိုက ပြဆိုထားလေသည်။
ပလေးတို၏ ယထာဘူတ ပညာဆိုင်ရာ အယူအဆများသည် ဂရိယထာဘူတပညာရှင်ကြီးများ၏ အတွေး အခေါ်များ အနက် ဂရိအဆန်ဆုံးသော အတွေးအခေါ်များ ဖြစ်၏။ သို့သော် ပလေးတို ထုတ်ဖော်ရေးသားခဲ့သော အယူအဆများသည် ဖြစ်နိုင်သည်ထက် စိတ်ကူးကွန့်မြူးမှုတို့က များလေသည်။oo