ရွှေသာလျောင်း ရုပ်ပွားတော်ကြီး: တည်းဖြတ်မှု မူကွဲများ

စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
→‎တနည်း: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၂၄ -
 
== တနည်း ==
ရွှေသာလျောင်း ဗုဒ္ဓရုပ်ပွားတော်ကို ဟံသာဝတီဘုရင် သမလ၊ ဝိမလ မင်းဆက်မှ ၁၃ ဆက်မြောက်ဘုရင် မိဂါဒိပ္ပငယ်မင်းလက်ထက် ခရစ်နှစ် ၉၉၄ တွင် တည်ထားသည်။ ရုပ်ပွားတော်၏ မူလဘွဲ့မည်မှာ ကုသိနာရုံဘုရား ဖြစ်ပြီး၊ အလျား အတောင် ၃၀ ရှိကာ၊ အလျားအတောင် ၅၀၊ အနံအတောင် ၂၀ ရှိ သစ်သားတန်ဆောင်းအတွင်း ကိန်းဝပ်တော်မူသည်။ ခရစ်နှစ် ၁၃၂၈ တွင် ပုဂံဘုရင် [[စောနစ်]]မင်းက [[သီဟသူ (ပုဂံ)|သီဟသူ]]မင်း၏ သဘောတူခွင့်ပြုချက်ဖြင့် တန်ဆောင်ကြီးအားတန်ဆောင်းကြီးအား ရွှေချသည်။
 
မွန်ဘုရင်တိဿမင်း (၁၀၄၃-၁၀၅၇) လက်ထက်၌ ဘုရားကြီးအား လယ်ပယ် ၂၀ လှူသည်။ ဗညားဦးမင်း (၁၃၆၉-၁၃၈၃) လက်ထက်ဝယ် ဘုရား‌တန်ဆောင်းကို ပြုပြင်ကာ ရွှေချသည်။ ရာဇာဓိရာဇ် (၁၃၈၃-၁၄၂၃) လက်ထက် ၁၃၈၅ ခုတွင် ရုပ်ပွားတော်ကို ရွှေသင်္ကန်း ကပ်လှူသည်။ ထို့အတူ [[ရှင်စောပု]] (၁၄၅၂-၁၄၇၁) လက်ထက်တွင်လည်း တန်ဆောင်းဟောင်း ဖျက်သိမ်းကာ တင့်တယ်လှပသည့် တန်ဆောင်းသစ် တည်သည်။
 
[[ဘုရင့်နောင်|ဘုရင့်နောင်မင်း]]လက်ထက်က မဟာစေတီတဝိုက်တွင် သုံ့ပန်းများ ထားရာ ယင်းတို့အကြီးအကဲက ဦးဆောင်လျက် ၁၅၆၄ တွင် တန်ဆောင်းကြီးကို မီးရှို့ဖျက်ဆီးသည်။ သို့ဖြင့် ဘုရင့်နောင်မင်းက မူလရုပ်ပွားတော်ကို ဖျက်သိမ်းကာ ရုပ်ပွာ‌တော်သစ်တဆူရုပ်ပွားတော်သစ်တဆူ တည်ထားသည်။ [[အနောက်ဖက်လွန်မင်း|အနောက်ဘက်လွန်မင်း]]က ပြုပြင်ပြီး ရွှေသင်္ကန်းလည်း ကပ်သည်။ ၁၇၈၆၊ [[ဘိုးတော်ဘုရား]]က အုတ်တိုင်နှင့် သစ်သားတန်ဆောင်း ဆောက်လှူသည်။ ဗြိတိသျှအုပ်စိုးစဉ် ပြုပြင်သူ မရှိဘဲ ချုံနွယ်ပိတ်ပေါင်းများ အကြား နှစ်ပေါင်းများစွာ တိမ်မြုပ်နေရာမှ ပြန်တွေ့ကာ ဗုဒ္ဓဘာသာဝင်များက ပြုပြင်သည်။<ref>{{cite book|author=တင်နိုင်တိုး|title=မြန်မာပြည်တစ်ခွင် လမ်းညွှန်|publisher=မဇ္ဈိမစာပေ|page=၇၅|date=ဒီဇင်ဘာလ၊ ၂၀၁၃}}</ref>
 
==ဓာတ်ပုံပြခန်း==