မြန်မာစာပေ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာတွဲ: ၂၀၁၇ ရင်းမြစ်တည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၁ -
==မြန်မာစာပေ==
===ပုဂံခေတ်စာပေ===
မြန်မာစာပေ၏ အစမူလသည် ပုဂံခေတ်စာပေဖြစ်၍
ကျောက်စာ အရေးအသား ထွန်းကားသည်ကို
တွေ့ရ၏။
 
ကျောက်စာကို လေ့လာခြင်းဖြင့် မြန်မာစာပေပေါက်ဖွားစ အချိန်က
အခြင်းအရာများကို သိနိုင်၏။ ကျောက်စာများသည် လွန်ခဲ့သော
နှစ်ပေါင်း ၈ဝဝ ကျော်ပုဂံကောင်းစားသည့် ခေတ်က
ထွန်းကားခဲ့လေသည်။ ဘုရားကျောင်းကန် စေတီပုထိုး စသော
ကုသိုလ်များပြုတိုင်း လှူဒါန်းခဲ့သည့် အကြောင်းအရာနှင့်
သက်ဆိုင်သမျှကို ကျောက်စာများတွင် ရေးထိုးလေ့ ရှိကြ၏။
ထိုပုဂံခေတ် ကုသိုလ်ရှင်တို့သည် ကုသိုလ်ကောင်းမှုကို ပြုပြီးသောအခါ
လှူသောပစ္စည်း အကြောင်းနှင့်တကွ အမျှဝေခြင်း၊
ဆုတောင်းခြင်း၊ ဖျက်ဆီးသူကို ကျိန်စာတိုက်ခြင်းတို့ကို
ကျောက်တိုင်ကျောက်ပြားများပေါ်တွင် မှတ်တမ်းတင်ခဲ့ကြသည်။
တွေ့ရသမျှသော ပုဂံခေတ် ကျောက်စာများထဲတွင်
ရှေးအကျဆုံးဟု ယူဆခန့်မှန်းရသော ကျောက်စာသည် မြစေတီ
ကျောက်စာခေါ် ကူပြောက်ကြီးဘုရား ကျောက်စာဖြစ်၍
အရေးအသား စကားအထားအသိုမှာ ပြေပြစ်ခြင်း မရှိလှချေ။
စာလုံးပေါင်းတို့မှာလည်း အဦးအဖျား ဖြစ်သည်နှင့်အညီ
တသမတ်တည်း ရေးထိုးထားသည်ကို မတွေ့ရချေ။ ကျောက်စာ
တစ်ချပ်တည်း၌ပင် စာလုံးပေါင်းချင်းမတူ ကွဲပြားခြားနားသည်ကို တွေ့ရ၏။
မြေစမ်းခရမ်းပျိုး ဆိုသကဲ့သို့ ကနဦးတီထွင် ရေးသားခြင်းကြောင့်
ဤသို့သော အပြစ်များကို တွေ့ရသည်ဟု ဆိုရပေမည်။ ထိုအပြစ်များကို
ဖယ်ရှားကြည့်လျှင် အဖိုးတန်သော အချက်များကို တွေ့မြင်ရမည်
ဖြစ်ပေသည်။
 
မြစေတီကျောက်စာ၏ မျက်နှာလေးဘက်တွင် ပါဠိ၊
မြန်မာ၊ မွန်၊ ပျူ ဟူသော ဘာသာလေးမျိုးနှင့် တစ်မျက်နှာစီ
ကျောက်စာအသီးသီး ရေးထိုးခဲ့သည်ကို တွေ့ရ၏။
ထိုကြောင့် ပုဂံခေတ်တွင်
မြန်မာစာပေသာမဟုတ်၊ ပါဠိ၊ မွန်၊ ပျူ စသော စာပေကြီးများ ထွန်းကားလျက် ရှိကြောင်းကို
သက်သေအထောက်အထားကောင်း ရရှိလေသည်။
 
ဘာသာခြားစာပေနှင့် အယူဝါဒများသည်
အကလေးအရွယ် မြန်မာစာပေ၌ မည်မျှ လွှမ်းမိုးနေသနည်းဟူမှု
'ၐြီ' (ရှရီ ဟုဖတ်ပါ) ဟူသော ဟိန္ဒူလူမျိုးတို့၏
မင်္ဂလာစကား၊ နမော ဗုဒ္ဓါယ ဟူသော မြန်မာလူမျိုးတို့၏
မင်္ဂလာစကားတို့ဖြင့် နှစ်ခု ပေါင်းစပ်ကာ ဆုမွန်ကောင်းတောင်း၍
ကျောက်စာကို အစချီ ရေးသားထားသည်ကို ကြည့်ခြင်းဖြင့်
သိနိုင်လေသည်။ ကျောက်စာရေးထိုးရာတွင် သာသနာရေးကိစ္စ
ဖြစ်သည့်အလျောက် သာသနာနှစ်ကို အသုံးပြုထားသည်ကို
တွေ့ရလေရာ သာသနာတော်ကို မည်မျှ လေးစားကြောင်း
သိသာနိုင်၏။
 
မြန်မာနိုင်ငံတွင် ကျောက်စာအများ တွေ့ရှိရသောကြောင့်
နိုင်ငံသမိုင်းကို ရေးသားရာ၌ စိတ်ချ ယုံကြည် လောက်သော
အထောက်အထား များစွာကို ရနိုင်ခဲ့လေသည်။
မြစေတီကျောက်စာတွင် ကျန်စစ်သားမင်း၏ နန်းတက်
သက္ကရာဇ်နှင့် နတ်ရွာစံ သက္ကရာဇ်တို့ကို ဖော်ပြထားသဖြင့်
အချို့ချို့သော ရာဇဝင်မှတ်တမ်းများကို ပြုပြင်ယူနိုင်စွမ်းခဲ့၏။
မြစေတီကျောက်စာသည် မြန်မာ စာပေ၏ အစပျိုးစလက်ရာဖြင့်သဖြင့်
ယင်းကျောက်စာ၏ အရေးအသားကို လေ့လာလျှင် မြန်မာစာပေ၏
မြေစမ်းခရမ်းပျိုးချိန်က အခြေအနေကို သိရှိနိုင်လေသည်။
စာအရေးအသား၌ ဝါကျတို အများကို သုံးကြ ၏။
လိုရင်းအဓိပ္ပါယ်ပေါ်လွင်ရုံသာ ဖြစ်၍ စာလုံးပေါင်းနှင့်
စကားအသုံးအနှုန်းမှာ မတိကျသေးချေ။ အခြား ဘာသာစာပေ
များလည်း ထွန်းကားလျက်ရှိသောကြောင့် မြန်မာစာပေသည်
တိုးတက်သင့်သလောက် မတိုးတက်ဘဲရှိခဲ့ရာ ပုဂံခေတ် ပညာ
ရှင်များ၏ မဆုတ်မနစ်သော လုံ့လ ဇွဲသတ္တိကြောင့်
လေ့ကျင့်ဖန်များသဖြင့်သာ တစ်စထက်တစ်စ စည်ပင်ပြန့်ပွား
လာလေ သည်။
 
ပုဂံခေတ် စာပေသမိုင်း၌ မဖော်ပြလျှင် မဖြစ်သည့်
စာပေမှတ်တမ်းဝင် ကျောက်စာတစ်ခုကား သျှင်ဒိသာ ပါမောက္ခ
ကျောက်စာဖြစ်၏။ ယင်းကို မြစေတီကျောက်စာ ရေးထိုးပြီး၍
အနှစ်နှစ်ရာနီးပါးကြာမှ ပုဂံမြို့ မင်္ဂလာစေတီတော်အနီး၌
ရေးထိုး၏။ ထိုကျောက်စာသည် စာပေအရေးအသားအတွက်သာ
ထင်ရှားသည် မဟုတ်၊ ထိုခေတ်က ပြည်တွင်းရေး အနှောင့်အယှက်များရှိပုံ၊
မြန်မာရဟန်းတော်များ တိုင်းပြည်ရေးနှင့် စပ်လျဉ်း၍ ဆောင်ရွက်ကြ
ပုံတို့ကို မှတ်တမ်း တင်ထား သော ကျောက်စာ ဖြစ်၏။
 
ပုဂံ ကျောက်စာခေတ် စာပေအရေးအသားများ၌ လင်္ကာထက်
စကားပြေ အရေးအသားက ပိုများကြောင်း တွေ့ရ၏။ ဤသို့
လင်္ကာကိုမရေးဘဲ စကားပြေကိုသာ ရေးခြင်းမှာ လင်္ကာ
မရေးတတ်၍ကား မဟုတ်တန်ရာ။ ရေးတတ်သူများ ရှိပေ မည်။
အဘယ်ကြောင့် ဆိုသော် ပရိမ္မ ထီးလှိုင်ရှင်ဘုရား ကျောက်စာ၌
ကာရန်ကို ယူ၍ ရေးသားသော စာကြောင်းကို တွေ့ရ၏။
'ဥဿလမည်တန်လိုင်ပြည်ကိုဝ် နည်နည်ညက်ညက် ဖျက်ချေပြီရုယ်'
ဟူ၍လည်းကောင်း၊ နားတောင်းတပ် ဘုရားကျောက်စာ၌ 'အမျိုဝ်ခုနစ်ဆက်
ညက်ညက်ပြုန်တီ ပျက်စီစေသော' ဟူ၍လည်းကောင်း တွေ့ရှိရ၏။
သို့သော် ရှေးကျသော မြန်မာများသည် မြန်မာစာအရေးအသား
အစို့အညှောက် ပေါက်စအခါဖြစ်၍ စကားပြေကိုသာ
ကျင်ကျင်လျင်လျင်ရှိအောင် ရေးသားလိုသည်က တကြောင်း၊ လင်္ကာမှာ
ဂီတသဘော နှောနေသဖြင့် ဗုဒ္ဓဝါဒနှင့် ဆန့်ကျင်နေမည် စိုးသည်က
တကြောင်းတို့ကြောင့် ကာရန်များ မကွန့်ခဲ့ခြင်း ဖြစ်တန်ရာ၏။
 
ကဗျာလင်္ကာတို့ကို ကျောက်စာများတွင် သီးခြား
ရေးထိုးထားခြင်း မရှိသည် မှန်သော်လည်း 'သိုးကလေ။
ပုပ္ပါးနတ်တောင်၊ အခေါင်မြင့်ဖျား၊ စုံတောပြား၌' အစချီသော
လင်္ကာသည်လည်းကောင်း၊ အနန္တသူရိယ အမတ်၏
'သူတည်းတစ်ယောက်' အမျက်ဖြေ လင်္ကာသည် လည်းကောင်း၊
ကျစွာမင်းလက်ထက်တွင် ပေးဟန်တူသော မြကန်သာ
လင်္ကာသည် လည်းကောင်း ထင်ရှားလျက်ရှိ၏။
 
မည်သို့ပင် ဖြစ်စေ ကျောက်စာခေတ်ကား
အဆင့် အတန်း မနိမ့်လှချေ။ ကျောက်စာအရေးအသားများ
ရှိခဲ့သောကြောင့်သာ ကျွန်ုပ်တို့ ယခုခေတ်မြန်မာစာ အရေး
အသားသည် တည်တံ့ခိုင်မြဲခဲ့သည်ဟု ဆိုရပေမည်။ တစ်ခေတ်မှ
တစ်ခေတ်သို့ တစ်ဆင့်ထက် တစ်ဆင့် တိုးတက်အောင် ပြုပြ
ကြရသည်မှာ ဓမ္မတာပေတည်း။
 
 
 
===ပုဂံခေတ်စာပေ===
မြန်မာစာပေ၏ အစမူလသည် ပုဂံခေတ်စာပေဖြစ်၍