မဟာသီယာ မိုဟာမက်: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-နှုတ်ထွက် +နုတ်ထွက်) |
→နိုင်ငံရေးလောကအတွင်း ဝင်ရောက်ပုံ: စာလုံးပေါင်း ပြင်ခဲ့သည် စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ် |
||
စာကြောင်း ၇၆ -
== နိုင်ငံရေးလောကအတွင်း ဝင်ရောက်ပုံ ==
မလေးရှားလွတ်လပ်ရေး အကြိုကာလတွင် မဟာသီယာသည် တက္ကသိုလ်ပညာ ဆက်လက်သင်ယူရန် ၁၉၄၇-ခုနှစ်တွင် စင်ကာပူသို့ ထွက်လာခဲ့သည်။ စင်ကာပူ၌ ၁၉၄၇-မှ ၁၉၅၃-ခုနှစ်အထိ ဆေးပညာ သင်ကြားခဲ့သည်။ ပညာသင်ကြားနေစဉ် မလေးနိုင်ငံရေးနှင့် မျက်ခြည်မပြတ်ခဲ့ပေ။ အခြားတဖက်တွင် စည်းရုံးရေးစွမ်းရည်ကို မြှင့်တင်နိုင်ရန် စာပေးစာယူဆောင်းပါးများ အခါအားလျော်စွာ ရေးသားသည်။ ဆေးကျောင်းတက်နေစဉ် အတန်းတူ ဆေးကျောင်းသူ ဆတီဟာစမာနှင့် လက်ထပ်ခဲ့သည်။ သားသမီး
ထိုအချိန်မတိုင်မီ ၁၉၆၉-ခုနှစ်တွင် လူများစု မလေးနွယ်ဖွားများနှင့် စီးပွားရေးကို ထိန်းချုပ်ထားသော တရုတ်နွယ်ဖွားများအကြား အဓိကရုဏ်း ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ ထိုကိစ္စနှင့်ပတ်သက်၍ UMNO ခေါင်းဆောင်ပိုင်း၏ လုပ်နည်းလုပ်ဟန် မူဝါဒကို မနှစ်မြို့၍ ထိုစဉ်က ဝန်ကြီးချုပ်တွန်ကူအဗ္ဗဒူရာမန်ထံသို့ ပြင်းထန်စွာ ဝေဖန်ကန့်ကွက်သော စာတစောင်ကို ဒေါက်တာမဟာသီယာက ပေးပို့ခဲ့ရာ ဒေါက်တာ မဟာသီယာသည် UMNO ပါတီမှ သုံးနှစ်ခန့် ထုတ်ပယ်ခြင်းခံရသည်။ ၁၉၇၂-ခုနှစ်တွင် ပါတီသို့ ပြန်ဝင်ခွင့်ရပြီး ၁၉၇၄-ခုနှစ်တွင် ပညာရေးဝန်ကြီး ဖြစ်လာသည်။ ၁၉၇၆-ခုနှစ်တွင် ဒုတိယဝန်ကြီးချုပ်အဖြစ် တိုးမြှင့်ခြင်းခံရပြီး ၁၉၈၁-ခုနှစ်တွင် ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။
|