နရပတိစည်သူ(ပုဂံ): တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၁ -
နရပတိစည်သူသည် [[နရသူ]]မင်း၏ သားတော်နှစ်ပါးအနက် အငယ်ဖြစ်သည်။ မြန်မာရာဇဝင်များတွင် ရေးသားထားချက် အရ ညီတော် နရပတိစည်သူ၏ [[ဝေဠုဝတီမိဖုရား]]အား နောင်တော် [[နရသိင်္ခ]]မှ တပ်မက် ၍ အကောက်ကြံကာ သိမ်းပိုက်လိုမှုကြောင့် ညီတော်က မခံမရပ် နိုင်ဖြစ်ပြီး နောင်တော်အား လုပ်ကြံကာ ပုဂံထီးနန်းအား သိမ်းပိုက်သည်။
 
နရပတိစည်သူသည် နောင်တော်အား လုပ်ကြံ၍ နန်းတက်သည် နှင့် ၎င်း မယုံကြည် သည့် နောင်တော် ၏ မင်းမှုထမ်း ကျေးကျွန် များကို ရက်ရက် စက်စက် သုတ်သင် ကွပ်မျက်သည်။ ယင်းကွပ်မျက်သည့်အထဲတွင် အပြစ်မဲ့ပြီး ရဲရင့် တည်ကြည် သည့် ပညာ ရှိ အမတ်ကြီး အနန္တသူရိယ လည်း ပါဝင်၍ ၎င်း မယုံကြည် သူ များ အား ထပ်မံ ကွပ်မျက်ရာတွင် ယင်း၏ သစ္စာတော်ခံ အမှအမှု ထမ်းငယ် ကျွန်ရင်း အောင်စွာငယ် ပါ ကွပ်မျက်လေသည်။ နရပတိစည်သူ သည် အာဏာ တည်တံ့ခိုင်မြဲရေးနှင့် နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေး ကို ကြမ်းကြမ်း တမ်းတမ်း ဆောင်ရွက်ခဲ့သည်မှာ ထင်ရှားလေသည်။
 
နရပတိစည်သူမင်း လက်ထက် သုဝဏ္ဏဘုမ္မိတိုင်းမှ တဆင့်ပုဂံသို့ ရောက်ရှိလာသည့် ကဉ္စပူရိ သာသနာကို သီဟိုဠ်သာသနာ က လွှမ်းမိုးစ ပြုသည်ဟု ထေရဝါဒ သာသနာဆိုင်ရာ သုတေသီတို့က ယူဆကြသည်။ နရပတိစည်သူ၏ ကောင်းမှုတော်များထဲတွင် ပုဂံမှ [[ကန်တော့ပလ္လင်ဘုရား]] နှင့် [[စူဠာမဏိဘုရား|စူဠာမဏိစေတီတော်]]သည် ထင်ရှားလေသည်။ အနန္တသူရိယ အမတ်ကြီး၏ မျက်ဖြေလင်္ကာ နှင့် ဓမ္မဝိလာသ ဓမ္မသတ် ကို အထောက်အထားပြု ၍လည်းကောင်း၊ နရပတိစည်သူမင်း လက်ထက်တွင် ကျောက်စာများတွင် မြန်မာစာ နှင့် ရေးထိုးသည်ကို တစထက်တစ တွေ့လာရ၍ လည်းကောင်း၊ မွန်နှင့် ပါဠိဘာသာများလွှမ်းမိုးမှု အောက်မှ မြန်မာစာပေသည် လွတ်မြောက်စပြုလာသည် ဟု သမိုင်းသုတေသီများက ယူဆကြလေသည်။ <ref>(မသက်ဇင် ၏ အာဏာ ၊ မတူညီသောအတွေးအခေါ် ၊ လုပ်ကြံသတ်ဖြတ်ခြင်း)</ref>