နရပတိစည်သူ(ပုဂံ): တည်းဖြတ်မှု မူကွဲများ

၈ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၃ နှစ်
တည်းဖြတ်မှုအတွက် စကားချပ် မရှိပါ
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စလင်းပြည်စိုး လက်ျာခင်မွန်သည် အင်္ကျိ ရွှေဖျဉ်ဝတ်လျှက် ပက္ကလာမေးတွင်ကြိုးပတ္တများ ဘယက်ကို သွယ်တတ်သော ပက္ကဘာဆောင်း၍ ကျွန်ငယ် သဘောက် (၂၀၀)နှင့် ဆင်ဖြူကန်ရွာ အရှေ့တွင် နှစ်ထောင်မျှလောက်သော နွားကိုရူစား၍နေ၏။ ထိုအခါ ကုလားကျမင်း သားတော် နရပတိစည်သူ ဇမ္ဗူလှည့်သွား မင်းတရားကြီးသည် ငသမန်ဟူသော မင်းချင်းတစ်ယောက်ကို ခေါ်တော်မူ၍ ငသမန်ငယ်၊ နွားကျောင်းသူကြီးမင်းကို ခေါ်ချေဟု စေတော်မူ၏။
ငသမန်လည်း အဆောတလျင် သွား၍ခေါ်လေ၏။ နွားကျောင်းသူကြီးမင်း အကျွန်ုပ်တို့သခင် အရှင်မင်းကြီး ခေါ်တော်မူ၏ ဟုဆို၏။
စလင်းသူကြီး လက်ျာမွန်လည်း မင်းကြီးထံသို့ ကပ်လေ၏။ မင်းကြီးလည်း မင်းမတ်အသူနည်း ဟုမေးတော်မူ၏။ ဘုရားကျွန်တော် စလင်းပြည်စိုး လက်ျာခင်မွန် ဟုနားတော်လျှောက်၏။ မင်းကြီးလည်း ပြည်စိုးလက်ျာခင်မွန် ဤအရပ်ကို အဘယ်အရပ်ခေါ်သနည်း ဟုမေးတော်မူ၏။ ပြည်စိုးလက်ျာခင်မွန်လည်း ဤအရပ်ကို စလင်းအရပ် ခေါ်ပါသည်ဟု နားတော်လျှောက်၏။ ဤစကားကို ကြားတော်မူလျှင် အစဉ်ရှည်ကြာစွာ ပြည်ရွာဖြစ်ခြင်း အကြောင်း ကန်ချောင်း ဆည်မြောင်း တူဖောက်လိုသောတူးဖောက်လိုသော အကြံရှိသည်နှင့် နဂါးရုပ်ဖောင်တော်မှ သက်၍ သက္ကဒါန်လှေတော် တက်စီးပြီးလျင် စလင်းပြည်စိုး လက်ျာခင်မွန်ကိုလည်း သက္ကဒါန်လှေတော် တွင်တင်၍ လုပ်ခင်းဆောင်တာ လယ်ယာကန်ချောင်းဆည် မြောင်း အစဉ်ဖြစ်မည့် အရပ်ကို ပြညွှန်း ရလေ၏။
သက္ကဒါန်လှေတော် နှင့် အနောက်အရပ်သို့ လှည့်လည်ကြည့်ရှုတော် မူပြီးသော် ပေါင်းဝအရပ် တော်အုပ်၌ ဥချိုတွန်သံဥချိုးတွန်သံ ကြားတော်မူ၏။ဤအသံကား အဘယ်အသံနည်း ဟုမေးတော်မူ၏။
ပြည်စိုးလက်ျာခင်မွန်လည်း ဥချိုးတွန်သံ ဟုနားတော်လျှောက်၏။ ဥချိုးတွန်သည်ကို အကြောင်းပြု၍ ဤအရပ်ကို ဥချိုးပစ်ချောင်း ဟုတွင်၏။
ထိုအရပ်မှ သက္ကဒါန်လှေတော်နှင့် လှည့်ပြန်တော်မူ၍ ချောင်းနားသို့ စုံတော်မူမှ ရတနာခြင်္သေ့ရွာ တိုင်အောင် ဖောင်လှည့်တော်မူခဲ့လေ၏။ မှူးမတ်အပေါင်းတို့ သည်လည်း သက္ကဒါန်လှေတော် လာမည့်အရပ်ကို ကြိုဆိုလျှက်နေလင့်ကုန်၏။လှေတော်ဆိုက်လျှင် မှူးမတ်အပေါင်းကို မိန့်တော်မူသည်ကား၊ လှေတော်ဆိုလျှင် မှူးမတ်အပေါင်းကို မိန့်တော်မူသည်ကား၊ မင်းမတ်တို့ အစဉ်ရှည်စွာ မဟာတဋ္ဌာက ထာဝရ ဖြစ်မည့် အကြောင်းကို မောင့်မေ့တော်မူ၍ ကန်ဆည်တော်မူမည် ဟုမိန်တော်မူ၏။စလင်းပြည်စိုးဟုမိန့်တော်မူ၏။စလင်းပြည်စိုး လက်ျာခင်မွန်၊အမတ်ကြံသိုင်း၊ အမတ်သုဝဏ္ဏဗိုလ် ဤသုံးယောက်တို့သည် ကြံတော်မူသော အကြံတော်သည် ကောင်းမြတ်သော အကြံတော် ဟုနားတော်ဟုနားတော်လျှောက်၏။ထိုအခါ အမတ်တော် အနန္တပစ္စည်းကို ခေါ်တော်မူ၍ မင်းမတ် ကန်ဆည်တော်မူမည် ဖြစ်သောကြောင့် တောင်မြောက် တာထိုးလေ ဟုမိန့်တော်မူ၏။ထင်းသို့ဟုမိန့်တော်မူ၏။ယင်းသို့ မိန့်တော်မူရာ အရပ်ကိုလည်း ဂူနှင့် ကျောင်း တည်ဆောက်တော်မူ၍ ဝတ္ထုကန်မြေ လှူတော်မူ၏။
မှူးမတ်အပေါင်းနှင့် တိုင်ပင်တော်မူသည်ကို အကြာင်းပြု၍ ထိုအရပ်ကို မင်းတပေါင်းကူး ဟုတွင်၏။
ယင်းမှသည် တောင်အရပ်သို့ လာတော်မူပြန်၍ ညောင်ပင်ဈေး အနောက်တိုင်လျှင် ကန်ဆည်မည့် အစီအရင်ကို မိန့်တော်မူပြန်၏။ယင်းသည့်အရပ်တွင်လည်း ဂူနှင့်ကျောင်း တည်တော်မူ၍ ဝတ္ထုကန်မြေလှူတော်မူ၏။ ထိုအရပ်ကိုလည်း ကန်စီရင် ဟုတွင်၏။
ယင်းက သည် လာတော်မူပြန်၍ ဝိပဿနာအရပ်သို့ ရောက်တော်မူလျှင် အနန္တပစ္စည်းလည်း တာထိုးရာက ရောက်လျှင် ဤသို့နားတော်လျှောက်၏။မြောက်ကား ရတနာခြင်္သေရွာ ၊တောင်ကား ထစိုက်ရွာ၊ထို အရပ်၌ တာတိုင်စိုက်၍ ပြီးပါကြောင်း ကိုနားတော်လျှောက်လျှင် ဝမ်းမြောက်ဝမ်းသာတော်မူ၏။ ယင်းအရပ်တွင် ဂူနှင့်ကျောင်းတည်တော်မူ၍ ဝတ္ထုကန်မြေလည်း လှူတော်မူ၏။ ဤအရပ်ကိုလည်း ရယ်ရွှင်တော်မူသည်ကို အကြောင်းပြု၍ ရယ်ရွှင် ဟုတွင်၏။
 
== တည်ခဲ့သောစေတီ ဘုရားများ ==
၂၈၆၈

တည်းဖြတ်မှုများ