သဗ္ဗညုဘုရား(ပုဂံ): တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၂၂ -
သဗ္ဗညုလိုဏ်ဂူသည် [[ပုဂံ]]ဝန်းကျင်တွင် ထုထည် အကြီးမားဆုံး အဆောက်အအုံ ဖြစ်သည်။ ဘုံနှစ်ဆင့် ရှိသည်။ အောက်ဘုံတွင်လည်းကောင်း၊ အထက်ဘုံတွင် လည်းကောင်း၊ စိန်တောင် ထောင့်စေတီ၊ ပစ္စယာသုံးဆင့်တို့ဖြင့် တန်ဆာဆင်ထားသည်။ ဘုံနှစ်ခုစလုံးတွင် လေသာပြတင်း နှစ်ဆင့်စီ ရှိသဖြင့် နံရံအတွင်း၌ အလင်းရောင် ကောင်းစွာရနိုင်လေသည်။ ထိုလိုဏ်ဂူသည် ဖိနပ်တော်မှ ငှက်မြတ်နားအထိ ဉာဏ်တော် (၂၀၁) ပေ ရှိလေသည်။

အရှေ့ဘက် အာရုံခံမှာ အခြားဘက်များထက် ပို၍ ကျယ်ပြန့်သည်။ အတွင်းသို့ ဝင်လိုက်သော် အထက်တက်ရန် လှေကားမကြီးကို မြင်ရသည်။ လှေကားမကြီးအစ ဝဲဘက်ယာဘက်တွင် ဒွာရပါလ အစောင့် နတ်ရုပ်များသည် မုခ်ဝကို မျက်နှာမူ၍ မတ်တက်ရပ်နေသည်။မတ်တပ်ရပ်နေသည်။ လှေကားမကြီးအဆုံးတွင် အထပ်ငယ် တစ်ထပ်ရှိသည်။ ထို အထပ်ငယ်၌ အလယ်မဏ္ဍိုင်ကြီးကို စင်္ကြနှစ်ထပ် ပတ်ဝိုင်းထားသည်။ ထိုအထပ်ငယ်မှ တစ်ဆင့် နှစ်ဖတ် နံရံအတွင်း ဖောက်ထွင်းပြုလုပ်ထားသော လှေကားများဖြင့် ဆက်တက်လိုက်သော် အရှေ့ဘက် အာရုံခံအမိုးပေါ်ရှိ လေသာဆောင်သို့ ရောက်လိမ့်မည်။ ထိုမှ လှေကားဖြင့် အနောက်ဘက်တက်သော် ဂန္ဓကုဋိတိုက်တွင်း၌ တင်ပျဉ်ခွေ ရုပ်ပွားတော်ကြီးတစ်ဆူကို ဖူးတွေ့ရလိမ့်မည်။ ဤသည်မှာ တတိယထပ်ဖြစ်သည်။ ထိုအထပ်မှ ပုဂံပတ်ဝန်းကျင်ကို ကောင်းစွာ မြင်နိုင်သည်။

တတိယထပ် တစ်ဖက်တစ်ချက်ရှိ နံရံတွင်း လှေကားဖြင့် တက်ပြန်သော် စတုတ္ထအထပ်ငယ်သို့ ရောက်လိမ့်မည်။ ထိုအထပ်၏ အပြင်ဘက်အာရုံခံမှ နတ်လှေကားဖြင့် အပေါ်တက်ပြန်သော် ကွမ်းထောင် အထက်၌ကား စေတီပေါက်ထားလေသည်။ <ref>ဦးကျော်အောင်(စာတည်းမှူး)၊ တက္ကသိုလ် ဘာသာပြန်နှင့်စာအုပ်ထုတ်ဝေရေးဌာန၊အဆင့်မြင့်ပညာဦးစီးဌာန - ပုဂံစေတီပုထိုးများ</ref>