မြင်စိုင်းခေတ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
No edit summary
စာကြောင်း ၁ -
[[ပုဂံ]]ကို မွန်ဂိုတို့တိုက်ခိုက်ဖျက်ဆီးကာ အပြန်တွင် [[ကျော်စွာ (ပုဂံ)|ကျော်စွာ]] အား ပုဂံမင်းအဖြစ်နန်းတင်ခဲ့ကြသည်။ သို့သော် အမှန်တကယ်အင်အားကြီးနေခဲ့ကြသူများမှာ [[ကျောက်ဆည်မြို့|ကျောက်ဆည်]] နှင့် လယ်တွင်းနယ်များကို အုပ်စီးမိနေသည့် [[အသင်္ခယာ စောယွန်း]]၊ [[ရာဇသင်္ကြန်]] နှင့် [[တစ်စီးရှင်သီဟသူ|သီဟသူ]] တို့ [[ရှမ်းညီနောင်သုံးဦး]] ဖြစ်သည်။ ပုဂံမင်းကျော်စွာအား သုတ်သင်ကာ မိမိတို့ ဩဇာခံဖြစ်သည့် စောနစ်ကို နန်းတင်သည်။ ထိုနောက် [[မက္ခရာမြို့ဟောင်း|မက္ခရာ]] ၊ [[မြင်စိုင်း]] နှင့် [[ပင်လယ်မြို့ဟောင်း|ပင်လယ်]] တို့တွင် အသီးသီး မင်းလုပ်အုပ်ချုပ်ခဲ့ကြသည်။ အဆုံးတွင် အငယ်ဆုံးဖြစ်သည့် သီဟသူက နောင်တော်များကို လုပ်ကြံကာ ၁၃၁၃ ခုနှစ် တွင် [[ပင်းယ]] နန်းတည်ကာ မင်းပြုအုပ်ချုပ်သည်။ ဆင်ဖြူအသေတစ်စီးမျောလာသည်ကို ဆယ်ယူစေပြီး ဆင်ကတင်ကာ ဆင်ဖြူရှင်ဘွဲ့ခံသဖြင့် သမိုင်းတွင် တစ်စီးရှင် သီဟသူ အဖြစ်လည်းကောင်း၊ ပင်းယမြို့တည်သီဟသူ အဖြစ်လည်းကောင်း ကျော်ကြားပေသည်။
 
ပင်းယတွင် မြို့မတည်မီ [[အင်းဝ]]နေရာတွင် မြို့တည်ရန် သုံးကြိမ်တိုင်တိုင် ကြိုးပမ်းသော်လည်း မအောင်မြင်ခဲ့ပေ။ သုံးနှစ်အကြာတွင် သားတော်တစ်ပါးဖြစ်သည့် အသင်္ခယာစောယွန်းကို [[စစ်ကိုင်းမြို့]]တည်ပေးပြီး မင်းအဖြစ်အုပ်ချုပ်စေသည်။