သားမင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဓါတ် +ဓာတ်)
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၃၀ -
သားမင်းသည် တောဆိတ်မှာကဲ့သို့ [[ခွာခွဲ]]များနှင့်[[ဦးချို]]များရှိ၍ ယင်းကဲ့သို့ စားမြုံ့လည်းပြန်သည်။ သားမင်း၏ဦးချိုသည် [[သမင်]]မျိုး၏ ဦးချိုများကဲ့သို့ ခေါင်းပိတ် မဟုတ်ဘဲ ကျွဲ၊ နွား၊ သိုး၊ ဆိတ်တို့၏ ဦးချိုကဲ့သို့ ခေါင်းပွဖြစ်သည်။ သမင်ဦးချိုကဲ့သို့ ခွလျက်လည်းမရှိချေ။ ဆိတ်ဦးချိုကဲ့သို့ဖြောင့်၍ ချွန်ပြီးလျှင်နောက်ဘက်သို့အနည်းငယ်ယိုင်လျှက်ရှိသည်။
 
အဖိုတွင်ရောအမတွင်ပါ ဦးချိုပေါက်၍ အဖို၏ဦချိုသည်လက်မအဖို၏ဦးချိုသည်လက်မ ၂ဝ သာသာရှည်တတ်ကာ အမ၏ဦးချိုမှာထိုထက်တိုသည်။ သားမင်းသည်တောဆိတ်နှင့်ဆိတ်ရိုးရိုးကြားတွင်ရှိနေသော သတ္တဝါတစ်မျိုးဖြစ်သည်။
 
သားမင်းကို [[တိဗက်]]နိုင်ငံအရှေ့တောင်ပိုင်း၊ [[မြန်မာနိုင်ငံ]]မြောက်ပိုင်းနှင့် [[တရုတ်နိုင်ငံ]] အနောက်ဘက်ရှိ မြင့်မား သော[[တောင်တန်း]]များ၌သာတွေ့ရသည်။ မြန်မာနိုင်ငံ၌ သားမင်းကို အာသံ·မြန်မာနယ်စပ်နှင့် [[ကချင်ပြည်နယ်]]၊ [[ပူတာအိုခရိုင်]]မြောက်ဘက်အစွန်ဆုံးရှိ ပေတစ်သောင်းကျော်မြင့်သော တောင်များပေါ်၌တွေ့ရသည်။ ဤသားမင်းမျိုးအပြင် တရုပ်-မြန်မာနယ်စပ်ရှိ ပေတစ်သောင်းကျော်မြင့်သောတောင်များပေါ်၌ တွေ့ရသော သားမင်းတစ်မျိုးနှင့်တရုတ်နိုင်ငံ အနောက်ပိုင်းရှိနယ်များ၌ တွေ့ရသော [[ရွှေရောင်သားမင်း]]ဟူ၍လည်းရှိသေးသည်။
စာကြောင်း ၅၂ -
 
ယင်းသို့အလွန်ကျဉ်းလာပြီး လူလက်လှမ်းမီသောအခါ နေ့တိုင်းကိုင်တွယ်ပွတ်သပ်ပေးခြင်း၊ ယင်းတို့ကြိုက် တတ်သော အစာများနှင့်ရေကိုတိုက်ကျွေးခြင်းတို့ကိုပြုကာ တစ်လ နှစ်လခန့်ယဉ်လာသည့်တိုင်အောင် ထားရလေသည်။ ယဉ်လာသောအခါမှ [[လှောင်အိမ်]]ကြီးတွင်ထည့်၍ယူလာရသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)</ref>
 
 
== ဓာတ်ပုံများ ==