မိုးကုတ်မြို့: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၁၀၄ -
 
== ၁၈၈၅-ခုနှစ်မှ ၁၉၆၂-ခုနှစ်အထိ ==
ပါတော်မူပြီးနောက် ဗြိတိသျှတို့ စတင်အုပ်ချုပ်ချိန်တွင် ကျောက်မျက်ရတနာကုန်သည် တစ်ဦးဖြစ်သူ အက်ဒဝင်စတရိတာ (Edwin Streeter) က စိတ်ဝင်စားလာခဲ့သည်။ Streeter Syndicate ဖွဲ့စည်းပြီး ဆင်ဒီကိတ်လူကြီးဖြစ်သူ ဗိုလ်ကြီး Aubrey Palton မြန်မာနိုင်ငံသို့ရောက်ချိန်၊ ၁၈၈၆-ခုနှစ် ဇန်နဝါရီလတွင် ကာလကတ္တားအခြေစိုက် Gillander Arbuthnot (G&A Co) က ရူပီးနှစ်သိန်းဖြင့် ကျောက်တူးခွင့်ရရန် ကမ်းလှမ်းထားကြောင်း တွေ့ရသည်။ Streeter က ရူပီးလေးသိန်းဖြင့် ကမ်းလှမ်းသည်။ ကမ်းလှမ်းချက်အား ၁၈၈၆-ခုနှစ် ဧပြီလတွင် ယာယီလက်ခံပြီး ၁၈၈၇-ခုနှစ် ဧပြီလတွင် ယာယီ ငါးနှစ်ခွဲလိုင်စင်ဖြင့် ခွင့်ပြုခဲ့သည်။ မိုးကုတ်ကျောက်တူးလုပ်ငန်းတွင် ပထမဆုံး ကျောက်မြို့င်းကုမ္ပဏီမှာကျောက်မိုင်းကုမ္ပဏီမှာ Streeter Co. ဖြစ်ပြီး F.Atlay မှာ ပထမဆုံး ကျောက်မြို့င်း မန်နေဂျာဖြစ်သည်။ကျောက်မိုင်းမန်နေဂျာဖြစ်သည်။ ၁၈၈၇-ခုနှစ် အောက်တိုဘာလတွင် အထက်မြန်မာပြည် ရူဘီဒရက်ဂူလေးရှင်း ကို ထုတ်ပြန်ခဲ့ပြီး နိုဝင်ဘာလတွင် မိုးကုတ်ရတနာနယ်မြေ သတ်မှတ်သည်။ မြန်မာပြည် ရူဘီဒရက်ဂူလေးရှင်းအရ ဒေသခံများကိုသာ ကျောက်မျက်တူးဖော်ခွင့်ပြုခဲ့သည်။ ထိုနောက်ပိုင်းတွင် မိုးကုတ် ကျောက်မျက်ရတနာတူးဖော်ခွင့် လုပ်ငန်းများကို ဗြိတိသျှ ဒု-ကော်မရှင်နာက အုပ်ချုပ်ခဲ့သည်။
၁၈၈၆-ခုနှစ် ဇန်နဝါရီလတွင် ဗြိတိသျှအစိုးရသည် မိုးကုတ်ကျောက်မျက်သတ္တုသိုက်ကို သုံးသပ်အကဲဖြတ်ရန် ဘူမိဗေဒပညာရှင် C-Barrington Brown ကို စေလွှတ်ခဲ့သည်။ ထိုအချိန်တွင် London Rothschilds ကုမ္ပဏီနှင့် ပူးပေါင်းပြီး Burma Ruby Mines (B.R.M) ကို ထူထောင်ခဲ့သည်။ ၁၈၈၈-ခုနှစ်တွင် ဘားမားရူးဘီမိုင်း ကုမ္ပဏီကို ဖွဲ့စည်းသည်။ (၂၂.၂.၁၈၈၉) တွင် မိုးကုတ်ရတနာနယ်မြေ၌ ကျောက်မျက်တူးဖော်ရောင်းဝယ်ဖောက်ကားခွင့်ပြုသည့် လိုင်စင်ကို Streeter Syndicate က ရရှိသည်။ Streeter Syndicate သည် ဖေဖော်ဝါရီလ ၂၇-ရက်နေ့တွင် ပေါင်စတာလင်သုံးသောင်းဖြင့် ရရှိသော အဆိုပါ တူးဖော်ခွင့်လိုင်စင်ကို ပေါင်စတာလင် ငါးသောင်းငါးထောင်ဖြင့် B.R.M သို့ ရောင်းချခဲ့သည်။ B.R.M သည် မိုးကုတ်ကျောက်တူးဖော်ခွင့်လိုင်စင် ရရှိပြီးနောက် သပိတ်ကျင်း-မိုးကုတ်လမ်း ဖောက်လုပ်ခြင်း၊ ၄၀၀-ကီလိုဝပ် ရေအားလျှပ်စစ်စက်ရုံ ဆောက်လုပ်ခြင်း၊ မြေလွတ်ဒေသများတွင် ရှာဖွေစမ်းသပ်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။
မိုးကုတ်တွင် ကျောက်မျက်များကို တစ်ဦးတည်း စက်ဖြင့် တူးဖော်ခွင့်လိုင်စင်ရပြီး နှစ်စဉ် လိုင်စင်ကြေး ပေါင်စတာလင် သုံးသောင်းနှင့် အမြတ်၏၃၀%ကို ပေးဆောင်ရန်ဖြစ်သည်။ ၁၈၈၉-ခုနှစ်မှ ၁၈၉၆-ခုနှစ်ထိ ပထမခုနှစ်နှစ် လိုင်စင်သက်တမ်းတွင် အနည်းငယ်သာ မြတ်သည်။ ကုမ္ပဏီသည် ဆက်တိုက်ရရှိလုပ်ကိုင်ခဲ့ရာ ဒုတိယပါမစ် သက်တမ်းကာလ ၁၈၉၇-ခုနှစ်မှ ၁၉၀၃-ခုနှစ်တွင် အမြတ်ကောင်းစွာ ရခဲ့သည်။ တတိယလိုင်စင်သက်တမ်း ၁၉၀၄-ခုနှစ်မှ ၁၉၁၂-ခုနှစ်တွင် မြေအောက်ရေကြောင့် တူးဖော်မှုများ အဟန့်အတား ဖြစ်ရသဖြင့် မြေအောက်စိမ့်ရေများကို ထုတ်ရန်အတွက် မြေအောက်ပေ ၁၀၀ အနက်တွင် တစ်မြို့င်ခန့်အရှည်ရှိ ရေနှုတ်မြောင်းတစ်ခုကို တူးဖော်ဆောင်ရွက်ခဲ့သည်။ ရေနှုတ်မြောင်းကို ၁၉၀၈-ခုနှစ်တွင် ပြီးစီးအောင် တူးဖော်ခဲ့ရာ အောင်မြင်မှုရပြီး ထုတ်လုပ်မှုတိုးတက်ခဲ့သော်လည်း အဆိုပါနှစ်တွင် Verneuil ပတ္တမြားအတု ချက်လုပ်အောင်မြင်မှုကြောင့် ပတ္တမြားဈေးများ ထိုးကျခဲ့ပြီး တတိယပါမစ်သက်တမ်းကာလအတွင်း အမြတ်နည်းပါးခဲ့သည်။ စတုတ္ထလိုင်စင်သက်တမ်းကာလတွင် ပတ္တမြားဈေးများ ဆက်လက်ကျဆင်းမှုကြောင့် စီးပွားရေးထိခိုက်ပြီး ၁၉၂၅-ခုနှစ်တွင် မြေအောက်ရေနှုတ်မြောင်းကြီးအား ယမ်းခွဲဖျက်ဆီးခံရပြီး လုပ်ငန်းများ ထိခိုက်ခဲ့သည်။ ၁၉၂၅-ခုနှစ် နိုဝင်ဘာလတွင် အစုရှယ်ယာရှင်များ၏ ဆန္ဒဖြင့် ကုမ္ပဏီ ဖျက်သိမ်းခဲ့ပြီး ၁၉၃၁-ခုနှစ်တွင် လိုင်စင် ပြန်အပ်ခဲ့သည်။ B.R.M လုပ်ကိုင်ခဲ့သည့် ၄၂-နှစ်တာကာလတွင် ဗြုံးတန်ချိန် သန်း(၃၀) ဆေးခဲ့ပြီး စတာလင်ပေါင် (၂.၃၅)သန်းခန့်တန်သော ကျောက်မျက်များ ရခဲ့သည်။ B.R.M ဖျက်ပြီးနောက် ၁၉၃၄-ခုနှစ်တွင် Ruby Mines Ltd ကို B.R.M ကုမ ္ပဏီ လူကြီးများက ပြန်၍ ဖွဲ့စည်းခဲ့သည်။ ယခင် B.R.M မှ လုပ်ခဲ့သော လျှပ်စစ်မီးစက်မှ ဓာတ်အားကို ရောင်းစားရန်နှင့် ပတ္တမြားရောင်းဝယ်ရေးကို အရံလုပ်ငန်းအဖြစ် လုပ်ကိုင်ရန် ဖြစ်သော်လည်း လုပ်ငန်းများ မအောင်မြင်ပဲ ၁၉၄၁-ခုနှစ်တွင် ပျက်ခဲ့သည်။
စာကြောင်း ၁၃၀ -
 
== အစပ်ကျောက်သမား ==
အစပ်ကျောက်သမား ဆိုသည်မှာ မိုးကုတ်တွင်းထွက်ကျောက်များစွာ ရှိသည့်အနက် မိမိကျွမ်းကျင်သည့်ကျောက် တစ်မျိုးထဲကိုသာ ဦးစားပေးဝယ်ကြသူများ ဖြစ်ပါသည်။ အစင်အားသန်သူက အစင်၊ ဂေါ်ကြိုးအားသန်သူက ဂေါ်ကြိုး၊ အညံ့အားသန်သူက အညံ့ စသည်ဖြင့် သီးခြားဝယ်ယူကြသူများဖြစ်သည်။ အစပ်ကျောက်သမားလိုင်းတွင် အရိုင်းစပ်သမား နှင့် အယဉ်စပ်သမား ဆိုပြီး နှစ်မျိုးခွဲခြားတွေ့မြင်နိုင်ပါသေးသည်။ အရိုင်းစပ်သမားဆိုသည်မှာ တွင်းမှထွက်လာသောကျောက်များကို နဲနဲစီဝယ်ပြီး များလာလျှင် အရိုင်းအတိုင်း အထုပ်လိုက်ပြန်ရောင်းသူများဖြစ်သည်။ အယဉ်စပ်သမားဆိုသည်မှာ အဓိကဝယ်ထားသော ကျောက်များကို အရိုင်း (မသွေးရသေးသောကျောက်)ြဖြစ်စေ၊မသွေးရသေးသောကျောက်ဖြစ်စေ၊ အယဉ် (သွေးပြီးသားကျောက်) ဖြစ်စေ တစ်ပွင့်ချင်း၊ နှစ်ပွင့်ချင်းဝယ်ယူကြသည်။ အရိုင်းများကိုမူ သွေးယူပြီး အယဉ်ပြုလုပ်ကာ ကိုယ်မှန်ထားသော ကျောက်ချိန်အတိုင်း (ကလပ် ၅၀၊ ကလပ် ၁၀၀) စသဖြင့်ရမှ ကလပ်ချိန်ဈေးဖြင့် ပြန်ရောင်းကြသူများ ဖြစ်သည်။
 
== ဝယ်/ ရောင်းသမား ==