ဂေါတမဗုဒ္ဓ: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၉၆ -
ထို့နောက် နေဝင်ပြီး မှောင်စပျိုးချိန်တွင် ကုသိနာရုံသို့ ဘုရားရှင်ရောက်ရှိတော်မူသည်။ မလ္လာမင်း တို့၏ အင်ကြင်းတောအတွင်း အင်ကြင်းပင်ပျိုနှစ်ပင်ကြား ခင်းထားသော ညောင်စောင်းပေါ်တွင် ဘုရားရှင် လဲလျောင်းတော်မူသည်။ ဘုရားရှင်၏ သတင်းကို ကြားသောအခါ မလ္လာမင်းတို့သည် စုဝေးရောက်ရှိလာကြသည်။ ဘုရားရှင် ပရိနိဗ္ဗာန်စံတော့မည်ဖြစ်ကြောင်း သိကြသောအခါ ပူဆွေးငိုကြွေးကြ သည်။ ဘုရားရှင်အား နောက်ဆုံးဖူးမြော်ရန် ရောက်ရှိလာသော မလ္လာမင်းများကို အရှင်အာနန္ဒာသည် တစ်သုတ်ပြီးတစ်သုတ် ဘုရားရှင်ထံသို့ ပို့ပေးသည်။ ဤသို့ဖြင့် ညဉ့်၏ ပထမယံ ကုန်လွန်သွားသည်။
 
သန်းခေါင်ယံတွင် သုဘဒ္ဒအမည်ရှိ ပရိဗ္ဗိုဇ်ရောက်ရှိလာပြီး ဘုရားရှင်ထံ ပြဿနာမေးခွင့် တောင်းသည်။ ဘုရားရှင် ပင်ပန်းတော်မူမည်စိုးသောကြောင့် အရှင်အာနန္ဒာက ခွင့်ပြုတော်မမူ။ ထိုအကြောင်းကို ဘုရားရှင်သိတော်မူသောအခါ သုဘဒ္ဒအား ခေါ်စေတော်မူပြီး မေးလျှောက်သမျှ ပြဿနာ များကို ကောင်းစွာဖြေကြားတော်မူသည်။ သုဘဒ္ဒစိတ်တွင် မတင်မကျ ဖြစ်နေသော သံသယများ ရှင်းလင်း သွားကာ ရဟန်းပြုခွင့်တောင်းသည်။ ဘုရားရှင်က ချက်ချင်းပင် ရဟန်းပြုခွင့် ပေးတော်မူသည်။ ထို့နောက် တရားအားထုတ်လေရာ ဘုရားရှင် ပရိနိဗ္ဗာန်မစံတော်မူမီပင် ရဟန္တာဖြစ်သွားလေသည်။ ထို့နောက် ရဟန်းတော်များကို မိမိဟောကြားခဲ့သော တရားများသည် မိမိမရှိသည့်နောက် ရဟန်း တော်တို့အတွက် ဆရာဖြစ်တော်မူသည်ဟု မိန့်တော်မူသည်။ ထို့နောက် တရားတော်အပေါ် သံသယတစ်စုံ တစ်ရာရှိလျှင် ယခုပင်မေးရန် လျှောက်ထားတော်မူသည်။ သို့သော် မည်သူမှ မမေးဘဲ ဆိတ်ဆိတ်နေတော် မူကြသည်။ ထိုအခါ ဘုရားရှင်က ယခုစေု၀းနေသောယခုစု‌ေ၀းနေသော ရဟန်းတော်တို့အနက် အနိမ့်ဆုံးမှာ သောတာပန်များ သာဖြစ်ကြောင်း မိန့်ကြားတော်မူသည်။ ထို့နောက် "ဟန္ဒ ဒါနိ ဘိက္ခေဝ အာမန္တယာမိဝေါ၊ ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ" (ရဟန်းတို့ ယခုအခါ၌ အကျဉ်းအားဖြင့် သင်တို့ကို ငါဘုရားမှာကြားတော်မူမည်။ ကံ စိတ် ဥတု အာဟာရ တည်းဟူသော အကြောင်းလေးပါး သင်္ခါရတရားတို့သည် ပျက်တတ်သော သဘောရှိကုန်၏။ သင်တို့သည် မမေ့လျော့သောသတိဖြင့် ပြည့်စုံကြစေကုန်လော့) ဟု နောက်ဆုံးတရားတော်ကို ဟောတော်မူပြီးနောက် စတုတ္ထဈာန်ဝင်စားကာ ပဋိသန္ဓေနေ တော်မူစဉ်က စိတ်နှင့်တူသော စုတိစိတ်ဖြင့် ပရိနိဗ္ဗာန်စံတော်မူသည်။ ထိုအခါ မဟာပထဝီမြေကြီးသည် ပြင်းထန်စွာ မြည်ဟီး၍ အကြီးအကျယ်တုန်လှုပ်လေသည်။ ဤအချိန်သည်ကား မဟာသက္ကရာဇ် ၁၄၈ခု (ဘီစီ - ၅၄၃) ကဆုန်လပြည့်နေ့ အင်္ဂါနေ့ မိုးသောက်ယံအချိန် ဖြစ်သည်။ သက်တော် ၈၀၊ ဝါတော် ၄၅ ဝါအရတွင် ပရိနိဗ္ဗာန်ပြုတော်မူခြင်းဖြစ်သည်။
 
မဟာသက္ကရာဇ် ၁၄၈ခု၊ ကဆုန်လဆုတ် ၁၂ ရက် တနင်္ဂနွေနေ့တွင် တေဇောဓာတ် လောင်တော် မူသည်။ ကြွင်းကျန်ရစ်သော ဓာတ်တော်များကို ဒေါဏပုဏ္ဏားက ရှစ်ပြည်ထောင်မင်းများကို ရှစ်ပုံစီ ခွဲဝေပေး လေသည်။