မာတင် လူသာ: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
အရေးမကြီး 103.73.236.1 (ဆွေးနွေး) ၏ ပြင်ဆင်မှုများကို Mayor mt ၏ နောက်ဆုံးတည်းဖြတ်မူသို့ နောက်ပြန် ပြန်ပြင်ခဲ့သည်
စာတွဲ: နောက်ပြန် ပြန်ပြင်ခြင်း
စာကြောင်း ၄ -
 
 
== ဘဝအစ ==
==<span lang="my" dir="ltr"><code>ဘ</code></span>ဝအစ ==
မာတင်လူသာအား [[ဂျာမနီနိုင်ငံ]]၊အိုင်လဲဗန်မြို့တွင် ဖွားမြင်သည်။ ဖခင်၏တိုက်တွန်းချက်ကြောင့် ဥပဒေပညာကို သင်ယူခဲ့ဖူးသည်။ သို့သော် ပညာကုန်မသင်ဘဲ ဩဂတ်စတီးနီးယား ရဟန်းဘောင်သို့ ဝင်ရောက်ပြီး ၁၅၁၂တွင် ပါရဂူဘွဲ့ ကို ဝတ်တင်ဘာ့ခ်တက္ကသိုလ်မှ ရရှိခဲ့သည်။ နောက် ထိုတက္ကသိုလ်အသိုင်းအဝန်းတွင် ပင်ပျော်ရွင်စွာနေထိုင်နေခဲ့သည်။
ဘာသာရေးအရ အလွန်ယုံကြည်သူ မာတင်လူသာသည် ခရစ်ယာန်ကျမ်းစာပါ လမ်းစဉ်များအတိုင်း လိုက်နာကျင့်သုံးနေထိုင်ခဲ့သည်ဟု ဆိုကြသည်။ မိမိကဲ့သို့ သာမာန် ကျောင်းတော်ဂိုဏ်းအုပ်ကလေးသည်ပင်လျှင် ဤမျှ ဘာသာရေးကိုင်းရှိုင်းနေလျှင် အထက်နေရာတွင်ရှိကြသည့် ရောမမှဂိုဏ်းချုပ်၊ဂိုဏ်းအုပ် ဆရာတော်ကြီးများ ဆိုလျှင် သူတော်စင်ကြီးများသဖွယ် နေထိုင်ကြမည်ဟု ရိုးသားစွာယုံကြည်ခဲ့သည်။ သို့သော် ကျောင်းတော်မှ ဆောင်ရွက်ပုံ၊ အမိန့်ချပုံတို့ကို မူ စဉ်းစားဆင်ခြင်ဉာဏ်ရှိသည့် အခြားသူများနည်းတူ မကျေနပ်သော်လည်း တော်လှန်ပြောဆိုခြင်းမရှိခဲ့ပေ။
စာကြောင်း ၁၀ -
== ဘာသာရေးတော်လှန်မှုစတင်ခြင်း ==
သို့သော် ၁၅၁၀တွင် ရောမသို့သွားရောက်ခဲ့သောအခါ မိမိအထင်နှင့် အမြင်မှာတစ်ခြားစီဖြစ်နေသည်ကိုတွေ့ရတော့သည်။ ဘုန်းတော်ကြီးများအနေဖြင့် ဘာသာရေးကျင့်ဝတ်များကို လှစ်လျှူရှုကာ လူဝတ်ကြောင်များကဲ့သို့ပင် ပေါ့ပျက်ဆိုးသွမ်းနေသည်ကို မျက်ဝါးထင်ထင်တွေ့မြင်ပြီးနောက် မာတင်လူသာအနေဖြင့် များစွာတုန်လှုပ်မိခဲ့ရှာသည်။ သို့သော် အမှန်တကယ် တော်လှန်ခြင်းအမှုကို ပြုသည်မှာ ကျောင်းတော်မှ အပြစ်လွှတ်လွှာများရောင်းချရာမှ အစပြုသည်။ ဗဟိုအဆင့်မှ ဂိုဏ်းအုပ်များ သုံးဖြုန်းပျော်ပါးရန် ငွေလိုသဖြင့် ယခုကဲ့သို့ ငွေရလမ်းရှာခြင်းဖြစ်သည်။ (အမှန်တွင် ခရစ်ယာန် ဘာသာအပြင် အခြားသော ထာ၀ရဘုရား အယူဝါဒများတွင် လူသားတို့တွင်ရှိသည့် အပြစ်မှာ ဘုရားသခင်နှင့်သာ တိုက်ရိုက်သက်ဆိုင်မှုရှိသည်။ ဘုရားသာလျှင် အပြစ်ပေးခွင့်၊အပြစ်မှနုတ်ခွင့်ရှိသည်။)
[[File:Prenzlau Martin LutherPrenzlau_Martin_Luther.jpg|thumb|left|upright|]]
၁၅၁၇၊အောက်တိုဘာ၊၁၅တွင် မာတင်လူသာသည် စွဲချက် ၉၅ချက်ပါသည့် ကြေညာစာတမ်း(စွပ်စွဲချက်စာတမ်း)ကို ဝတ်တင်ဘာ့ခ်ကျောင်းတော် အဝင်တံခါးတွင် ချိတ်စွဲထားခဲ့သည်။ ထိုစွပ်စွဲချက်များတွင် ဂိုဏ်းအထက်ပိုင်းမှ အကျင့်ပျက်ပုံကို တိတိကျကျ စွပ်စွဲပြီးနောက် ယခုကဲ့သို့ အပြစ်လွှတ်လွှာများရောင်းချသည်ကိုလည်း ပြင်းထန်စွာ တိုက်ခိုက်ရှုံ့ချထားသည်။မိတ္တူတစ်စောင်ကို သာသနာပိုင်ထံသို့ ပို့ပြီး နိုင်ငံတစ်ဝန်းသို့လည်း ပုံနှိပ်ပြီး ဖြန့်ဝေပေးသည်။