ရွှေစာရံ စေတီတော် (မန္တလေး): တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
→‎ပွဲတော်တွင်း ကြုံဆုံရသည့်အခက်အခဲ: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၁၀၆ -
ရွှေစာရံဘုရားပွဲတော်မှာ လာရောက်ခင်း ကျင်းရောင်းချ ကြတဲ့ ဈေးဆိုင်တန်းတွေကလည်း ဆိုင်ခန်းတစ်ထောင်ကျော်၊ လာရောက်လည်ပတ်ကြတဲ့ ဘုရားဖူးဧည့်သည် တွေကလည်း အနယ်နယ်အရပ်ရပ်၊ ဘုရားဝင်းအတွင်း ခြေချစရာနေရာလပ် မရှိပြွွတ်သိပ်နေပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူ-သီပေါဒေသတို့မှ မြစ်ဖျားခံစီးဆင်းလာတဲ့ ဒုဋ္ဌဝတီ မြစ်ဟာလည်း ရွှေစာရံဘုရားပွဲတော် ကာလအတွင်းမှာ ရေတိမ်သောင်ထွန်း ပေးတဲ့အတွက် သောင်ပေါ်မှာ စားသောက်ဆိုင်တွေ ဖွင့်ကြ၊ ဒုဋ္ဌဝတီမြစ်ထဲမှာ လူငယ်တွေ ဘာသာသဘာဝ ပျော်ကြပါးကြ ရေကစားကြနဲ့ `အကြိုသင်္ကြန်ရွှေစာရံ’ ရယ်လို့တောင် ပြောစမှတ်တွင်ပါတယ်။
 
ဘုရား ပွဲကာလအတွင်း တပေါင်းလပြည့်နေ့ ဟာ အစည်ကားဆုံး ဖြစ်ပါတယ်။ ရှေးယခင်ကတော့ လပြည့်နေ့မှာ ဆွမ်းတော်ကပ်လှူဖို့အတွက် အနီးအပါးရွာတွေက လှည်းတစ်စီး ဆွမ်းအုပ်တစ်လုံးစီနဲ့ ရွှေစာရံဘုရားကို လှည်းတန်းကြီးနဲ့ လာကြပါတယ်။ အခုတော့ ထော်လာဂျီသံတအုန်းအုန်းနဲ့ လာရောက် ဆွမ်းကပ်ကြတာလည်း တစ်မျိုး တစ်ဘာသာကြည့်ကောင်းတဲ့ မြင်ကွင်းပါပဲ။ ဘယ်လိုပဲ ဘက်စုံမွမ်းမံပြုပြင်မှုတွေ ဆောင်ရွက်ပေးမဲ့ လိုအပ်ချက်ကတော့ ရှိဆဲပါ။ အသေးအမွှားမဟုတ်တဲ့ အခက်အခဲကတော့`ရွှေစာရံဘုရားပွဲကို လူတွေက တပေါင်းလပြည့်နေ့မှ မရောက်ရရင် လူဖြစ်ရကျိုးမနပ်သလိုကို ခံယူပြီး လပြည့်နေ့ကို မဖြစ်မနေ လာရောက် ကြတာများ အမှတ်(၄)ရဲတပ်ရင်း ရှေ့ကနေ လမ်းပိတ်နေတာ ဘုရားဝင်းရောက်တဲ့အထိပါပဲ။ ကားတွေ၊ ဆိုင်ကယ်တွေလည်း ဆက်သွားလို့မရ၊ တိမ်းလို့ ရှောင်လို့မရ၊ သုံးမိုင် ခရီးကို လမ်းမှာတင် သုံးနာရီ လေးနာရီလောက် အချိန်နှောင့်နှေးကြရတယ်။ နေပူကျဲကျဲမှာ လမ်းဆင်း လှျောက်ပြီးလာတဲ့သူတွေလည်းလှျောက်ပြီးလာတဲ့သူတွေ ခွျေးဒီးဒီးကျလို့ချွေးဒ်ီးဒီးကျလို့ ဘုရားဖူးလာ အများပြည်သူ တွေမှာ ပင်ပန်းဆင်းရဲကြရတယ်။ တကယ်လို့များ အုန်းချောနဲ့ ရွှေစာရံကို အသွားလမ်း၊ အပြန်လမ်းလေးများ ဖောက်ပေးနိုင်ခဲ့ရင်တော့ ဘုရားဖူးတွေ စိတ်အေးချမ်းသာနဲ့ ဘုရားဖူးနိုင်ကြမှာ အမှန်မို့ လမ်းလေးဖြစ်ဖို့ပဲ အားလုံးက မှျော်လင့်နေမိ ကြတယ်’လို့ ဂေါပကအဖွဲ့ဝင် ဦးမြင့်သိန်း က လေးလေးနက်နက်ပြောပြခဲ့ပါတယ်။
 
==နဘယံ ဘေးမရှိ==