ဘဟန်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
Citation added
စာကြောင်း ၃၀ -
 
== ငယ်ဘဝ ==
ဒေါက်တာ ဘဟန်ကို အဖ ဦးကျေး၊ အမိ ဒေါ်သိန်းတင် တို့မှ ၁၈၉ဝ ပြည့်နှစ်၊ ဇန်နဝါရီ ၃ဝ ရက် (ကြာသပတေးနေ့)တွင် [[မအူပင်မြို့]]၌ ဖွားမြင်ခဲ့သည်။<ref>http://www.drbamawlibrary.org/about-drbamaw.asp</ref> [[မွန်လူမျိုး|မွန်]]-ဗမာမျိုးရိုးဖြစ်သည်။<ref>''A History of Modern Burma'' (1958), pg 317</ref> ညီအစ်ကို နှစ်ယောက်ရှိရာ ညီဖြစ်သူ မောင်ဘမော်မှာ မြန်မာ့နိုင်ငံရေး လောကတွင် ထင်ရှားသော နိုင်ငံတော်အဓိပတိ ဒေါက်တာ [[ဘမော်]] ဖြစ်သည်။ ဦးကျေးမှာ သာသနာပြု ဆရာကြီး ဒေါက်တာမတ် (Dr. Mark) ၏ တပည့် တဦး ဖြစ်၍ မန္တလေး သံတဲကျောင်းတွင် [[မင်းတုန်းမင်း]]၏ သားတော် မင်းညီမင်းသားများနှင့် အတူ ပညာ သင်ကြား ခဲ့ရသူ ဖြစ်သည်။ ထို့ပြင် အင်္ဂလန်သို့ ပညာ ဆက်လက် သင်ကြာရေး အတွက် အရွေးချယ် ခံရသူ တဦးလည်း ဖြစ်သည်။ သို့သော် အင်္ဂလိပ်တို့က [[သီပေါမင်း]]အား နန်းချ၍ အထက် မြန်မာပြည်ကို သိမ်းပိုက် လိုက်သည့်နောက် နှစ်အနည်းငယ် အတွင်း ပေါ်ပေါက်ခဲ့သည့် [[သထုံမြို့|သထုံ]] ဒေသမှ တော်လှန် ပုန်ကန်မှုတွင် ဦးကျေး ပါဝင် ခဲ့သည်။ နောက်ပိုင်းတွင် ယိုးဒယား (ထိုင်း) သို့ ထွက်ပြေး တိမ်းရှောင်ခဲ့သည်။
 
== ပညာရေး ==
"https://my.wikipedia.org/wiki/ဘဟန်" မှ ရယူရန်