ယိုဟာနဲစ် ဘရမ်စ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၂ -
အနောက်တိုင်း ဂီတပညာ သင်ကြားဆည်းပူးသူများက ''ဗ'' သုံးလုံး (ဗာခ်၊ [[ဘီသိုဗင်]]နှင့် ဗရမ်း)တို့သည် အနောက်တိုင်းဂီတလောကတွင် အထူးချွန်ဆုံးသော ဂီတပညာရှင်ကြီးများ ဖြစ်သည်ဟု ယူဆကြသည်။ ယင်းအယူအဆ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ဗရမ်းကို အထူးချွန်ဆုံး အနောက်တိုင်းဂီတပညာရှင်ကြီးများထဲတွင် ထည့်သွင်းရမည်ကား အမှန်ပင် ဖြစ်သည်။
 
ယိုဟန်းနက်ဗရမ်းသည် ဂျာမန်လူမျိုးဖြစ်၍ ဂျာမနီနိုင်ငံ ဟမ်းဗတ်မြို့၌ ၁၈၃၃ ခုနှစ် မေလ ၇ ရက်နေ့တွင် မွေးဖွားသည်။ ဖခင်ဖြစ်သူသည် တီးဝိုင်းများ၌ တရောကြီးတယောကြီး တီးရသူဖြစ်၍ ဗရမ်းသည် ဂီတနယ်ထဲတွင် ကြီးပြင်းခဲ့ရသည်။ အဖေ့သားသည် အဖေကဲ့သို့ ဂီတသမားတစ်ဦးပင် ဖြစ်လာလိမ့်မည်ဟူ၍ သာ ဖခင်ဖြစ်သူက ခန့်မှန်းခဲ့ရာ၊ ဖခင်ထက် ဂီတဘက်တွင် ပို၍ ထူးချွန်ကာ ပါရမီရှင်တစ်ဦး ဖြစ်လာလိမ့်မည်ဟူ၍ကား မမျှော်မှန်းခဲ့ပေ။ သို့သော် ဗရမ်းအား ဂီတပညာ သင်ကြားပေးကြသော ဆရာကြီးများကမူ ဂီတဘက်တွင် ထူးချွန်လှသည့် ဗရမ်း၏ အရည်အသွေးကို သိမြင်ကြ၍ ဂီတလောကတွင် ထွန်းပေါက်ကျော်ကြားလာမည့်သူတစ်ဦးဟု နိမိတ်ဖတ်ခဲ့ကြ လေသည်။
 
ဗရမ်းသည် ၆ နှစ်သားအရွယ်ကပင် တူရိယာ တီးမှုတ်ခြင်းများကို သင်ကြားဆည်းပူးခဲ့ရာ သူတီးရန် အနှစ်သက်ဆုံး တူရိယာမှာ စန္ဒရားဖြစ်ပေသည်။ အသက် ၂ဝ အရွယ်တွင် ဟန်ဂေရီလူမျိုး တရောဝိဇ္ဇာရမေတယောဝိဇ္ဇာရမေ ညီနှင့်အတူ အမြို့မြို့သို့ လှည့်လည်၍ ဂီတပဒေသာပွဲများတွင် စန္ဒားရားလက်စွမ်း ပြခဲ့သည်။ ထိုကြောင့် ဂျာမန်တရောဝိဇ္ဇာကြီးဂျာမန်တယောဝိဇ္ဇာကြီး ယိုအာကင်နှင့် မိတ်ဖြစ်ခဲ့ရာ၊ ယိုအာကင်က ဗရမ်း၏ ဂီတစွမ်းရည်ကို ရိပ်စားမိသဖြင့်၊ထိုခေတ်က ကျော်ကြားလှသော ဂျာမန်ဂီတပညာရှင်ကြီး များဖြစ်သည့် ဖရန့်လဇ္ဇ၊ [[ရှူးမန်း၊ ရောဗတ်|ရောဗတ်ရှူးမန်း]]တို့နှင့် တစ်ဖန် ဗရမ်းအား မိတ်ဖွဲ့ပေးသည်။ထိုအချိန်မှစ၍ ဗရမ်း၏ဘဝတွင် ထူးခြားပြောင်းလဲမှု စတင်ခဲ့လေသည်။