အီရတ်နိုင်ငံ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
No edit summary
စာကြောင်း ၅၁ -
'''အီရတ်နိုင်ငံ''' (တရားဝင်အခေါ်အားဖြင့် အီရတ် သမ္မတနိုင်ငံ) သည် အနောက်အာရှတွင် ရှိသော နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး ဇာဂရို့စ်တောင်တန်းများ၏ အနောက်မြောက်ဘက်ပိုင်း၊ ဆီးရီးယား သဲကန္တာရ၏ အရှေ့ဘက်ပိုင်းနှင့် အာရပ် သဲကန္တာရ၏ မြောက်ဘက်ပိုင်းတို့ကို ဖြန့်ကျက်နေရာယူထားသော နိုင်ငံဖြစ်သည်။
 
အနောက်ဘက်တွင် ဂျော်ဒန်နိုင်ငံ၊ အနောက်မြောက်ဘက်တွင် [[ဆီးရီးယားနိုင်ငံ]]၊ မြောက်ဘက်တွင် [[တူရကီနိုင်ငံ]]၊ အရှေ့ဘက်တွင် [[အီရန်နိုင်ငံ]] (Kurdistan region)၊ တောက်ဘက်တွင် [[ကူဝိတ်နိုင်ငံ]]နှင့် [[ဆော်ဒီအာရေဗျနိုင်ငံ]]တို့ တည်ရှိသည်။ အီရတ်တွင် အလွန်တိုတောင်းသော ပင်လယ်ကမ်းရိုးတန်းရှီပြီး မြောက်ဘက် [[ပါရှန်ပင်လယ်ကွေ့]]တွင် ၅၈ ကီလိုမီတာ (၃၅မိုင်) အရှည်မျှသာ ရှိသည်။ မြို့တော်ဖြစ်သော [[ဘဂ္ဂဒက်မြို့]]သည် နိုင်ငံ၏ အရှေ့ဘက် အလယ်ပိုင်းဒေသတွင် တည်ရှိသည်။
 
အဓိကမြစ်နှစ်သွယ်ဖြစ်သော တိုင်းဂရစ် နှင့် ယူဖရေးတီးမြစ်တို့သည် အီရတ်နိုင်ငံ၏ အလယ်ပိုင်းမှ ဖြတ်သန်းစီးဆင်းသွားကြပြီး အနောက်မြောက်ဘက်မှ အရှေ့တောင်ဘက်သို့ ဦးတည်၍ စီးဆင်းကြသည်။ ထို့အတွက်အကြောင့် အခြားသော အနောက်အာရှဒေသများကဲ့သို့ ကန္တာရဆန်သော မြေမျိုး မရှိဘဲ စိုက်ပျိုး၍ ရနိုင်သော မြေနေရာများ အီရတ်နိုင်ငံတွင် ဖြစ်ပေါ်စေသည်။