သခင်တင် (ဝိုင်အမ်ဘီ): တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၃၆ -
တပည့်ဟောင်းများ၏ တိုက်တွန်းချက်များကြောင့် ဆရာတင်သည် ၁၉၁၈ ခုနှစ်ခန့်တွင် ဗုဒ္ဓဘာသာ လူငယ်များ အင်္ဂလိပ်ပညာ သင်ကျောင်း ခေါ် 'ဝိုင်၊ အမ်၊ ဘီ' အလွတ်ပညာသင်ကျောင်းကို မန္တလေးမြို့ ၈၄ လမ်းနှင့် ၃၆ လမ်းထောင့်၌ စတင် ဖွင့်လှစ်ခဲ့သည်။ ဆရာတင်၏ကျောင်း၌ မန္တလေးမြို့ပေါ်မှ သာမက [[ရေနံချောင်းမြို့|ရေနံချောင်း]]၊ [[ချောက်မြို့|ချောက်]]၊ [[မကွေးမြို့|မကွေး]]၊ [[စလေမြို့|စလေ]] စသော ရပ်ဝေးမြို့မှ ကျောင်းသားများ လာရောက်တက်ခဲ့သည်။ ကျောင်းဖွင့်စက ကျောင်းသား ၁၀ ယောက်မျှသာ ရှိသော်လည်း သုံးလေးလကြာသောအခါ ကျောင်းသား ၅၀ ကျော်မျှဖြစ်လာခဲ့သည်။ ဆရာတင်သည် ညဘက်တွင် စာသင်၍ နေ့ဘက်တွင် သီချင်းစပ်သည်။ သူ၏ ဂီတရိပ်မြုံ စာဆိုဘုံနန်းမှာ မန္တလေးမြို့၊ မင်းသားစုရပ် နှင့် ပြည်လုံးအံ့ လှေတန်းရပ် အကြား၊ ရွှေတချောင်းမြောင်းဘောင် အနောက်ဘက်၊ သဲပုံ စေတီကြီးနှင့် မျက်နှာချင်းဆိုင် ညောင်ပင်ကြီး အောက်ရှိ ကွပ်ပျစ်လေးပင် ဖြစ်သည်။ ဆရာတင် ပထမဆုံး စပ်ဆိုသော သီချင်းမှာ အာကာသဇိုး အမည်ရှိ သီချင်းဖြစ်သည်။ ထိုသီချင်းကို [[ငွေမြိုင်၊ မ၊ မြခြေချင်း|မြခြေချင်း မငွေမြိုင်]] အား သီဆိုစေရာ အတော်ပင် လူကြိုက်များခဲ့သည်ဟု ဆိုသည်။ ထိုအခါမှ စ၍ ဝိုင်၊ အမ်၊ ဘီ ကျောင်းကို အစွဲပြု၍ သီချင်းရေး ဆရာ 'ဝိုင်၊ အမ်၊ ဘီ ဆရာတင်' ဟု တွင်ကာ တမုဟုတ်ခြင်း ကျော်ကြား လာခဲ့သည်။ ဒုတိယ ရေးသော သီချင်းမှာ ပထမ ကမ္ဘာစစ်အောင် သီချင်း ဖြစ်သည်။ [[ပထမ ကမ္ဘာစစ်]]ပြီးဆုံး၍ စစ်အောင်ပွဲများ ကျင်းပသည်တွင် မန္တလေးမြို့ ဥပုသ်တော်ကုန်း၌ စစ်အောင်ပွဲ အထိမ်းအမှတ်ဖြင့် မငွေမြိုင် ပွဲကသော အခါ ဆိုရန် ရေးပေးထားသော သီချင်း ဖြစ်သည်။ ယင်းသီချင်း ဆိုအပြီးတွင် စစ်သားများ အားလုံး မတ်တတ်ရပ်၍ အလေးပြု ကြသည်ဟု ပြောစမှတ် ပြုခဲ့ကြသည်။
 
ဝိုင်၊ အမ်၊ ဘီ ဆရာတင်သည် ကျောင်းဆရာ လုပ်ရင်း ကာလပေါ် သံဆန်း သီချင်းများ ရေးသား၍ နာမည် ရလာသော အခါ ကျောင်းကပွဲများ ကျင်းပရာတွင် ဆရာတင်သည်ပင် သီချင်းများ ရေးပေးရသည်။ မြန်မာနိုင်ငံ ဦးချစ်မောင်နှင့် အလွန်ရင်းနှီးသည့် အလျောက် ယင်းအငြိမ့် အတွက် သီချင်းများကို ကူး၍ ရေးပေးခဲ့သည်။ ယင်းအငြိမ့်နှင့် အတူ ၁၉၂၅ ခုနှစ်က ရန်ကုန်သို့ လိုက်ပါဖူးသည်။ မန္တလေးမြို့၌လည်း ကိုယ်တိုင် ဦးစီး၍ ဝိုင်၊ အမ်၊ ဘီ တီးဝိုင်း အဖွဲ့ကို ဖွဲ့ပြီး စေတနာ့ ဝန်ထမ်း အဖိုးအခ မယူဘဲ ရပ်ရွာ ကိစ္စများတွင် ကူညီ တီးမှုတ် ပေးခဲ့သည်။ မန္တလေးမြို့၌ ငါးပွင့်ဆိုင် ကွန်ဖရင့်ကြီးပြီး ၁၂၈၃ ခုနှစ်တွင် ဂီတဖြင့်နိုင်ငံရေး စိတ်ဓာတ် လှုံ့ဆော်ရန် တူရိယာ အသင်းချုပ် ဖွဲ့စည်းခဲ့သည်။ နယ်ချဲ့တို့၏ အနှောင့်အယျက်အနှောင့်အယှက် သွေးခွဲမှုကြောင့် ဆရာတင် ရည်ရွယ်ချက် မအောင်မြင်ဘဲ ပျက်ပြားခဲ့သည်။ ဆရာတင်သည် မင်းသမီး ဥဩမယ်တင်၊ ဥက္ကလာ မအေးကြည်၊ တလိုင်းမလေးကျင်၊ နေရှင်နယ် ခင်ပု၊ မြသီ၊ မြရီတို့ အတွက် ဟေမန်တိင်း၊ ရွှေနွယ်ရိုး၊ ပချိုင့်ကလေး၊ သူကလေး၊ အုံ့ပုံးချစ်၊ လူ၊ အောင်တော်မူ၊ မယ့်ဖူးစာ၊ ပလုပ်တုတ်တုတ် စသော သီချင်းများကို ရေးစပ် ပေးကာ သီဆိုခဲ့သည်။
 
လူသား တစ်ယောက် ဖြစ်၍ ဆရာတင်သည် ငွေအသပြာ အတွက် အချစ် နှင့် သက်ဆိုင်သော သီချင်းများ ရေးစပ်ခဲ့သည်။ ရေးဖန် များလာသော အခါ သူငြီးငွေ့သွားပြီ ဖြစ်သည်။ ၁၉၂၇ ခုနှစ်တွင် နိုင်ငံခြားဖြစ် အင်္ကျီပါး ဝတ်စ ပြုလာသည်ကို သရော်သည့် အနေဖြင့် ဦးချစ်ဖွယ် သီဆိုရန် ဝံသာနု သီချင်း တပုဒ် ရေးစပ်ပေးခဲ့သည်။ ခေတ်ကို သရော်ရာတွင် ဆရာတင်သည် ထူးခြားသော အတွေးအခေါ် အယူအဆ ရှိသူ ဖြစ်သည်။ ခေတ်ပြောင်း တော်လှန်ရေးကို ထာဝစဉ် ရှေးရှုနေသော သူတစ်ယောက်လည်း ဖြစ်သည်။ ဇာတိမာန် ဆွပေးသည့် အလောင်းဘုရား ဦးအောင်ဇေယျ သီချင်းကိုလည်း တပ်လှန့်သည့် သဘောဖြင့် စပ်ဆိုခဲ့သည်။