ဦးပိန်တံတား: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၂၇ -
 
တောင်သမန်အင်းကိုဖြတ်၍ တည်ဆောက်ထားသော သမိုင်း၀င်တံတားကြီးကို တောင်သမန်တံ တားဟု မခေါ်ကြဘဲ တံတားဒါယကာ စာရေးတော်ကြီး ဦးပိန်နှင့်တွဲ၍ ဦးပိန်တံတားဟုသာ ခေါ်ကြ ပါသည်။ (တောင်သမန်ကိုလည်း အချို့က တောင်တမန်ဟုခေါ်သည်။)
ပုဂံမင်းတရား လက်ထက် တော်တွင် မြို့၀န်ဘိုင်ဆပ်၏ မြို့စာရေးမှာ ဦးပိန်ဖြစ်သည်။ မြို့၀န်ဘိုင်ဆပ်အကြောင်းကို စာရေးသူ ရေးသည့် သမိုင်းသံသရာ စာအုပ်တွင် ” ပုဂံမင်းလက်ထက် မြို့၀န်ဘိုင်ဆပ်၏မျိုးရိုး ” ခေါင်းစဉ် ဖြင်ပါသည်။ဖြင့်ပါသည်။
 
ထိုဆောင်းပါး၏ အဓိက ဖော်ပြချက်မှာမြို့၀န်ဘိုင်ဆပ်သည် ပသီ(ယခုခေတ် ခေါ် အစ္စလာမ်ဘာသာ၀င်)ဖြစ်သော်လည်း အိန္ဒိယနိုင်ငံသား မဟုတ်၊ သူ၏မျိုးရိုးမှာ မဏိပူရ၊ ကူကီချင်း၊ ကသဲ(ကသည်း) စော်ဘွားမျိုးရိုးဖြစ်ပြီး ကသဲ(ကသည်း) စော်ဘွား” သနာဟံ “၏ ညီတော်စော် ဘွား ” ဇင်ကွဲတာပံ ”သည် မြို့၀န်ဘိုင်ဆပ်၏ အဘိုးအရင်းပင်ဖြစ်ကြောင်း၊ သူ၏ အမည်အရင်းမှာ ဘိုင်ဆပ် မဟုတ်ကြောင်း၊ ” ဆေရက်ခန် ” ခေါ်ကြောင်း၊ ”ဘိုင်” ဆိုသည်မှာ သူတို့ဘာသာ စကား အရ ”အစ်ကို”ဟု သဘောရ၍ “ဆပ်”ဆိုသည်မှာ”ဆရာ” ဟုသဘောရ ကြောင်း၊ သို့ဖြစ်၍ ”ဘိုင်ဆပ်” ဆိုသည်မှာ”အစ်ကိ်ုဆရာ”ဟုဆိုသည်မှာ”အစ်ကိုဆရာ”ဟု အဓိပ္ပာယ်ရသဖြင့် တမင်ပင် အထက်စီးဖြင့်ခေါ်စေခြင်း ဖြစ်ဟန်တူကြောင်း ရေးသားခဲ့ပါသည်။
 
အမှန်မှာ ဘိုင်ဆပ်၏ မြန်မာ အမည်သည် ဦးအောင်မြတ် ဖြစ်ကြောင်း သူ၏သမီးမှမွေးသော သား၏သားဖြစ်သူ ဦးမောင်မောင်ကြီး(မန်း) ကရေးခဲ့သည်ကို ကိုးကား၍ ဖော်ပြခဲ့ပါသည်။ အချို့သော စာရေးဆရာများက ” တောင်သမန်(အင်း)တစ်ဖက်တွင် ပသီအများအပြား နေထိုင်ကြသည့် ဗုန်းအိုးရွာရှိသည်။ ဘိုင်ဆပ်တို့က ရွှေမြို့တော်တွင် အာဏာ သိမ်းလိုသောအခါ အလွယ်တကူ ပသီများလာရောက်၍ ကူညီရန် ဦးပိန်တံတားကို ဆောက်လုပ် ခြင်းဖြစ်သည်။ ” ဟုရေးသားခဲ့ကြသည်။
စာကြောင်း ၃၅ -
ထိုရေးသားချက်မှာ အခြေအမြစ် မခိုင်လုံသော ရေးသား ချက်သာဖြစ်သည်ဟု ဆိုချင်သည်။ ထိုစဉ်က မြို့၀န်ဘိုင်ဆပ်နှင့် မြို့စာရေး ဦးပိန်တို့စိတ်ထဲတွင် မည်သို့ရှိမည်ကို မသိရသော်လည်း မြို့၀န်နှင့် မြို့စာရေးဆိုသူတို့မှာ ခွဲခြား၍ မရသောသူများ ဖြစ်ပါသည်။ တစ်စိတ်တစ်၀မ်းတည်းသာဖြစ်မည်။ မြို့၀န်၏ အလိုကို မြို့စာရေးက မကျော်လွှားနိုင် ပေ။ ဦးပိန်သည်လည်း ပသီ(အစ္စလာမ် ဘာသာ၀င်)ဖြစ်သည်။
 
စာရေးသူအနေဖြင့် တောင်သမန် အင်းကိုဖြတ်၍ ဆောက်ထားသော တံတား တစ်ဖက်တွင်ရှိသည့် ဗုန်းအိုးရွာမှ လူများက အမရပူရ မြို့တော်သို့ အလွယ်တကူ လာ၍ အာဏာသိမ်းရန်၊ ကူညီရန် ဖြစ်သည်ဆိုသည်ကို သဘောမတွေ့ ပါ။ အဘယ်ကြောင့်ဆိုသော် ထိုတစ်ဖက်ရွာမှ အမရပူရ ထီးနန်းသို့ ကုန်းကြောင်းဖြင့် ပတ်လာလျှင် ထိုတံတားမှဖြတ်၍ လာသည်ထက် နီးသည်ကို တွေ့ရသောကြောင့် ဖြစ် ပါသည်။ တံတားကြီး မ ဆောက်ခင်မဆောက်ခင် ဆာအာသာ ဖယ်ယာ ခေါင်းဆောင်သောဗြိတိသျှိ သံအဖွဲ့တစ်ဖွဲ့ အင်းဝြမို့သို့အင်းဝမြို့သို့ လာကြ စဉ်ကလာကြစဉ်က တောင်သမန်အင်းကို သူတို့ပိုင် သင်္ဘောဖြင့်ဖြတ်ပြီးသူတို့ပိုင်သင်္ဘောဖြင့်ဖြတ်ပြီး ၀င်လာကြသည်မှာ နန်းတော်မြို့ရိုး အထိ ပေါက်ခဲ့သည်ဆိုသော သမိုင်းကြောင်းရှိသည်။
 
တံတားကြီးဆောက်ပြီးခဲ့သည့်နောက်တွင် နယ်ချဲ့ သင်္ဘောများနန်းတော်ဦးအထိ မရောက်နိုင်တော့ပေဟု ဆိုပါသည်။ အိမ်ရှေ့စံညီတော်ကနောင်မင်းက နောင်တော်မင်းတုန်းမင်းတရား အမရပူရနန်းမှမနအမရပူရနန်းမှမန္တလေးသို့ ္တလေးသို့ ထီးရောနန်းပါပြောင်း ရခြင်းကိုထီးရောနန်းပါပြောင်းရခြင်းကို ထောက်ခံခြင်းမှာ အကြောင်းရှိသည်။ သက္ကရာဇ် ၁၂၁၇ ခုနှစ်၊ ဝါခေါင်လတွင် အိန္ဒိယနိုင်ငံမှ ဗြိတ်ိသျှအစိုးရက အထက်မြန်မာနိုင်ငံတော်ကစေလွှတ်သည့် သံ တော်တို့တွင် ရာဇသံလက်ဆောင်တော်များနှင့် မှူးကြီးမတ်ကြီးတို့ကို စေလွှတ် ပါမည်ဟု လျှောက် ထားလိုက်ရင်းအတိုင်း၊ အင်္ဂလိပ်၀န်ကြီး ဆာအာသာဖယ်ယာပင် ခေါင်းဆောင်၍ အရာရှိ၁၇ယောက်၊ လူငယ် ၁၄၀၊ ဂေါ်ယာစစ်ပိုင် ၁၀၀၊ ဘင်ခရာအငြိမ့်တီး ဂေါ်ယာ ၁၅၊ လူငယ်နောက်ပါ ၁၇၀၊ မြင်း နှင့် မြင်းစီး ၁၅၊ စုစုအမှုထမ်းလူငယ် ၄၄၀၊ ၂စု ၄၅၇၊ မီးသင်္ဘော ၂စီး၊ တွဲသမ္ဗန်ကြီး ၂စင်းနှင့် လာ ရောက်ရာ မြန်မာအဖွဲ့ကမ မလွန်မြို့မှ ကြိုဆိုရပါသည်။
 
လမ်းစဉ်တစ်လျှောက်၌လည်း ထွက်၍ကြိုဆိုကြရသည်။ အရှင့်နန်းမတော်ဘုရား၀န်၊ အကောက်၀န်၊ ရွှေတိုက်၀န်၊ ဖောင်၀န်စာရေးကြီး၊ သင်္ဘောစာရေးကြီးတို့က ကျောက်တစ်လုံးမှနေ၍ ခတ်လှော်တော်၊ လှေလှော်တော်၊ လှေပေါင်း ၁၀၀၀ ကျော်နှင့် ကြိုယူသည်။ စစ်ကိုင်းမြို့ သံတဲသို့ရောက်လျှင် ၀န်ကြီး၊ ၀န်ထောက်တို့က နှုတ်ခွန်းဆက်သသည်။ စစ်ကိုင်းမြို့ သံတဲမှ တောင်သမန်သံတဲသို့ သံတို့စီးသည့် မီးသင်္ဘော ၂ စင်း၊ ဆွဲသမ္ဗန်ကြီး ၂ စင်း၊ ခတ်လှေ၊ လှော်လှေများနှင့် မြစ်ငယ်၀၊ ရွှေကြူးပေါက်လမ်းမှ တောင်သမန် အင်းအတွင်းသို့၀င်လာ၍ မကွေးမြို့စား ၀န်ကြီး အစရှိသော မြန်မာအရာရှိတို့က ကြိုဆိုဆောင်ယူ သည်။
 
ဤသို့ ဆာအာသာဖယ်ယာတို့သံအဖွဲ့၊ မီးသင်္ဘော ၂စင်း၊ ဆွဲသမ္ဗန်ကြီး ၂စင်းဖြင့် ဝါခေါင်လ တောင်သမန်အင်း ရေပြည့်နေချိန်တွင် ၀င်ရောက်လာသည်ကို အိမ်ရှေ့စံ ကနောင်မင်း မည်သို့မျှ ဘ၀င်မကျဟု ဆိုလေသည်။ အမရပူရနန်းတော်သို့ တောင်သမန် ဦးပိန်တံတားကြီး ခံနေ၍သာ ကပ်ပြီး ရောက်မလာနိုင်ဖြစ်သည်။ ထို့ကြောင့် အမရပူရထီးနန်းတွင် ဆက်လက်စိုးစံပါက မိုးတွင်း လများတွင်ရန်သူအင်္ဂလိပ်တို့ ထီးနန်းအနီးအထိရေလမ်းမှ ၀င်ရောက်လာနိုင်သည်ကိုတွေးမိ၍ မန ္တလေးတောင်ခြေသို့မန္တလေးတောင်ခြေသို့ ထီးနန်းရောမြို့ပါပြောင်းရန်နောင်တော်မင်းတရားကြီး၏ အကြံကိုထောက် ခံခြင်းဖြစ်သည်ဟုဆိုပါသည်။
 
တက္ကသိုလ်နေ၀င်းဘာသာပြန်သည့်အင်းဝရောက် ဗြိတိသျှသံစာအုပ် တွင်လည်း ”အမရပူရမြို့ ပတ်၀န်းကျင်ကို တစ်နှစ်လျှင် နှစ်လကျော် ရေလွှမ်းမိုး လျှက်ရှိရာ လူအ များစီးပွားရေးအတွက်ကုန်ပစ္စည်းများ ၀ယ်ယူဖြတ်သန်း သွားလာရန်အတွက် အမြော်အမြင်ကြီး စွာဖြင့်တံတားကြီး ဆောက်လုပ်ခဲ့ခြင်းဖြစ်ပေသည်။” ဟု သူ့ဆောင်းပါးတွင် အတိအလင်းဖော်ပြ ထားပါသည်။
 
မြန်မာ့စွယ်စုံကျမ်း အတွဲ (၁၄) အမရပူရမြို့အကြောင်းတွင် “ပုဂံမင်းလက်ထက်က မြို့စာရေးမောင်ပိန်သည် ထိုအင်းကိုဖြတ်၍ သင်သားတံတားကြီးတစ်ခု ဆောက်လုပ် လှူဒါန်းခဲ့ရာ ယခုတိုင် ရှိသေးသည်။ တောင်သမန်အင်းတစ်ဖက်တွင် ပုဂံမင်း တည်ထားခဲ့သော ကျောက်တော် ကြီးဘုရားရှိသည်။” ဟု ဖော်ပြထားရာ ပသီ(အစ္စလာမ်ဘာသာ၀င်)တစ်ဦးဖြစ်သော မြို့စာရေး ဦးပိန်သည် စေတနာဆန္ဒ အလျောက် တံတားဆောက်လုပ်လှူဒါန်းရာတွင် တံတားတစ်ဖက်တစ် ချက်ရှိတံတားတစ်ဖက်တစ်ချက်ရှိ ရွာများမှ မြန်မာ ဗုဒ္ဓဘာသာ၀င်များ လွယ်လင့်တကူ အန္တရာယ်ကင်းရှင်းစွာ ဘုရားဖူးသွား နိုင်စေရန် စေတနာကိုလည်း မည်သူမျှ ငြင်းနိုင်မည် မဟုတ်ပါဟု မြန်မာ့ စွယ်စုံကျမ်းက ဆောက် လုပ်လှူဒါန်းခဲ့ ရခြင်းအကြောင်းကိုဖော်ပြထားပါသည်။
 
ဦးပိန်ဆောက်လုပ်ခဲ့သည်မှာ တောင်သမန်အင်းကိုဖြတ်သည့် တံတားကြီးတစ်စင်းသာမကဘဲ စကျင်ဝချောင်း ကိုဖြတ်လျက် တောင်ကြီး တံတား၊ ပန်းဘဲတံတား၊ မင်္ဂလာအမြှောက်ဗုံးအိုးဗုံထောင် တံတား၊ စကျင်တံတား၊ ရွှေလေး တံတား၊ တောင်မြင့် တံတား၊ ရွှေတောင်တံတား၊ ဂျင်းကုန်းတံတား၊ ရွှေတုံးတံတား၊ ကြက်မွေးတံတား စသည့်တံတား ၁၀စင်းကိုလည်း ဆောက် လုပ်လှူဒါန်းခဲ့ပါသည်။