ခရစ်ယာန်ဘာသာ: တည်းဖြတ်မှု မူကွဲများ

→‎သမ္မာကျမ်း: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
→‎တရားစီရင်ခြင်းနှင့် ဘုရားသခင်: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၂၄ -
 
== တရားစီရင်ခြင်းနှင့် ဘုရားသခင် ==
ခရစ်ယာန် သမိုင်းကြောင်း၏ အစောဆုံးရာစုနှစ်များတွင် ယေရှု၏ သဘာဝနှင့် ပတ်သက်သော ဘာသာရေးဆိုင်ရာ အငြင်းပွားမှုများ မြောက်များစွာရှိနေစဉ် အချိန်ကာလတွင် ခရစ်ယာန်များက ယေရှုသည် လူ့ဇာတိကို ခံယူသောဘုရားသခင်နှင့် “စစ်မှန်သော ဘုရားသခင်နှင့် စစ်မှန်သော လူသား” (သို့မဟုတ် တစ်ချိန်တည်းတွင် ဘုရားသခင်စစ်စစ်နှင့် လူစစ်စစ်ဖြစ်ခြင်း) ဖြစ်သည်ဟု အများအားဖြင့် ယူဆကြသည်။ ယေရှုသည် လူသားအဖြစ်လုံးလုံးရောက်ရှိပြီး သေမျိုးဖြစ်သော လူသားတို့ကဲ့သို့ နာကျင်မှုဝေဒနာနှင့် သွေးဆောင်မှုတို့ကို ခံစားခဲ့ရသော်လည်း အပြစ်မှကင်းစင်သူ ဖြစ်သည်။ ဘုရားသခင်အဖြစ်ဖြင့် ယေရှုသည် သေခြင်းမှ ရှင်ပြန်ထမြောက်ခဲ့သည်။ သမ္မာကျမ်းစာအရ “ဘုရားသခင်က ယေရှုကို သေခြင်းမှ ထမြောက်စေခဲ့သည်”၊ ယေရှုသည် ကောင်းကင်သို့ တက်ကြွသွားခဲ့သည်၊ “ခမည်းတော်၏ လက်ယာဘက်၌ ထိုင်နေတော်မူသည်”၊ ကျန်ရှိသော ကယ်တင်ရှင်အကြောင်း နိမိတ်ဖြစ်သည့် သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်း၊ နောက်ဆုံးသော တရားစီရင်ခြင်းနှင့် ဘုရားသခင်၏ နိုင်ငံတော်ကို နောက်ဆုံး ပြန်လည်တည်ထောင်ခြင်းကို ပြည့်စုံစေရန် နောက်ဆုံးအကြိမ် ပြန်လည် ကြွရောက်လာဦးမည် ဖြစ်သည်။
 
တရားစီရင်ခြင်းနှင့် ဘုရားသခင်၏ နိုင်ငံတော်ကို နောက်ဆုံး ပြန်လည်တည်ထောင်ခြင်းကို ပြည့်စုံစေရန် နောက်ဆုံးအကြိမ် ပြန်လည် ကြွရောက်လာဦးမည် ဖြစ်သည်။
ရှင်မဿဲနှင့် ရှင်လုကာ ကျမ်းတို့အရ၊ ယေရှုသည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေစွဲယူ၍ အပျိုစင်မာရိ မှ ဖွားမြင်ခဲ့သည်။ ယေရှု၏ ငယ်စဉ်ဘဝကို ခရစ်ဝင်ကျမ်းများတွင် မှတ်တမ်းတင်ထားသည်။ သို့သော် ရှေးယခင်ကာလများတွင် ငယ်စဉ်ဘဝအကြောင်း ကျမ်းစာများမှာ လူသိများခဲ့သည်။ နှိုင်းယှဉ်ရလျှင် ယေရှု၏ အရွယ်ရောက်ပြီးဘဝ၊ အထူးသဖြင့် မသေဆုံးမီ ရက်သတ္တပတ် တစ်ပတ်အတွင်း သူ၏ဘဝကို ဓမ္မသစ်ကျမ်းရှိ ကျမ်းများတွင် ကောင်းစွာ မှတ်တမ်းတင်ထားသည်။ သမ္မာကျမ်းစာကိုးကားချက်များအရ ယေရှု၏ ဓမ္မအမှုတော်ဆောင်ခြင်းများတွင် သူ၏ ဗတ္တိဇံခံယူခြင်း၊ သူပြုသော အံ့ဩဘွယ်ရာအမှုများ၊ ဒေသနာတော်ဟောကြားခြင်း၊ သွန်သင်ခြင်းနှင့် လုပ်ဆောင်ချက်များ ပါဝင်သည်။