မဟာဆွေ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-နှုတ်ထွက် +နုတ်ထွက်)
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၃၁ -
မဟာဆွေ ကလောင် အမည်ကို ၁၉၂၉ ခုနှစ်၊ ဇူလိုင်လထုတ် သူရိယ မဂ္ဂဇင်းပါ မနန်းဝါ ဝတ္ထုမှ စတင် ခံယူခဲ့သည်။ ဖခင်၏ အမိမှာ လှေသင်း အတွင်းဝန် ဦးခြိမ့်၏ နှမ ဖြစ်၍ မိခင်၏ အဖမှာ တိုင်းတားမင်းကြီး၏ ညီအရင်း ဖြစ်ရာ မဟာဆွေ ဟူ၍ ကလောင်အမည် ခံယူခဲ့ခြင်း ဖြစ်သည်။ သူရိယ မဂ္ဂဇင်းတွင် စောရသက်ပြင်း၊ မဟာဆွေ အမည်ဖြင့် ဝတ္ထု တစ်ပုဒ်စီနှင့် တခါတရံ မွန်းသော်တာ အမည်ဖြင့် ဟာသ ဝတ္ထုများ ရေးသားသည်။ ကြီးပွားရေး မဂ္ဂဇင်းတွင် လစဉ် နေသူရိန် အမည်ဖြင့် ဆောင်းပါး တစ်ပုဒ်၊ မဟာဆွေ အမည်ဖြင့် ဝတ္ထု တစ်ပုဒ်စီ ရေးသား ခဲ့သည်။ အမ်အေ မောင်ကြီး ဦးစီးသည့် ရဲသတင်းစာတွင် ၂ နှစ်ကြာ အခမဲ့တာဝန်ခံ အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။
 
မဟာဆွေသည် သူရိယရုပ်စုံတွင် '''ကြုံဖူးတယ်'''၊ '''ထောင်နန်းစံ''' ဝတ္ထု နှစ်ပုဒ်၊ သူရိယ နေ့စဉ်တွင် '''အကျိုးဆောင်ကြီး'''၊ '''တို့မေမေ'''၊ '''နှစ်ဆင့်မေတ္တာ'''၊ '''ကိုလူလိမ်'''၊ '''စနေဂြိုဟ်နှင့် ဆရာဝန်မို့''' ဝတ္ထုရှည် ခြောက်ပုဒ် ရေးသား ခဲ့သည်။ စစ်ကြိုခေတ်တွင် ဝါဖြန့်ဖြူးရေးဝါဒဖြန့်ဖြူးရေး အရာရှိချုပ် အဖြစ် ခေတ္တ ဆောင်ရွက်ခဲ့ပြီး ရတီမှန်၊ မယ်တို့ပြည်၊ မောင်တို့ပြည်နှင့် မဟာဆွေ၏ မဟာဆွေ စာအုပ်များ ရေးသား ခဲ့သည်။
 
မဟာဆွေသည် ခေတ်ကို မလိုက်ဘဲ မိမိကသာ ခေတ်ကြီးကို ဆွဲဆောင် ပြုပြင်ခဲ့သည်။ မိမိနိုင်ငံ ကျွန်ဘဝမှ လွတ်မြောက်ရေး အတွက် ဝတ္ထု၊ ဆောင်းပါးများဖြင့် လှု့ံဆော် ခဲ့သည်။ တို့မေမေ၊ သူပုန်ကြီး၊ '''သူပုန့်အိမ်''' ဝတ္ထုများဖြင့် တော်လှန်ရေးကို အစပျိုး ပေးခဲ့သည်။ ရဟန်းတို့၏ ချို့ယွင်းချက်ကို''' ဈေးချိုသူ''' ဝတ္ထုနှင့်၎င်း၊ နတ် ဘိုးဘိုးအောင် ကိုးကွယ် ယုံကြည်မှု များကို '''ပျို့တောင်ပြုံး'''၊ '''ဒမစကြာ'''၊ '''စနေဂြိုဟ်''' ဝတ္ထုများဖြင့်၎င်း ရဲဝ့ံစွာ ပြုပြင် ပေးခဲ့သည်။