ဝမ်ယိပေါ်: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၃၆ -
၂၀၁၈ ခုနှစ်တွင် Reality Survival Show တစ်ခုဖြစ်သည့် Produce 101 တွင် အကနည်းပြဖြစ်လာခဲ့သည်။ ထိုအစီအစဉ်တွင် ဝမ်၏ အကစွမ်းရည်များကြောင့် ပိုမိုလူသိများလာခဲ့သည်။
 
၂၀၁၉ ခုနှစ်တွင် ဝမ်သည် Esport ကို အခြေခံသည့် အချစ်ဒရာမာဇာတ်ခုဖြစ်သည့်အချစ်ဒရာမာဇာတ်လမ်းတွဲတစ်ခုဖြစ်သည့် Gank Your Heart တွင် ကျွမ်းကျင်ဂိမ်မာတစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သည်။
 
ထိုနှစ်ထဲမှာပင် ဝမ်သည် Mo Dao Zu Shi ဝတ္ထုရှည်ကို အခြေခံထားသည့် The Untamed ဇာတ်လမ်းတွဲတွင် အမျိုးသားဇာတ်ဆောင်တစ်ဦးအဖြစ် အခြားအမျိုးသားဇာတ်ဆောင် [[ရှောင်ဇန်]]နှင့်အတူ ပါဝင်သရုပ်ဆောင်ခဲ့သည်။ ဝမ်နှင့် ရှောင်သည် ၎င်းဒရာမာ၏ တေးသီချင်းဖြစ်သော "Unrestrained" ကိုလည်း သီဆိုခဲ့ကြသည်။ ဤဇာတ်လမ်းတွဲတွင် ဝမ်၏ ပီပြင်သောသရုပ်ဆောင်စွမ်းရည်ကြောင့် ကောင်းမွန်သော မှတ်ချက်များရရှိခဲ့ပြီး ပိုမိုရေပန်းစားလာခဲ့သည်။ ဝမ်သည် ပထမ‌ဆုံးအကြိမ်အဖြစ် Forbes China ၏ Celebrity 100 စာရင်းတွင် အဆင့် (၇၁) နေရာ ဖော်ပြခြင်းခံခဲ့ရသည်။ ထို့အပြင် ဝမ်ယီဘိုသည် Forbes China ၏ လူကြိုက်များအောင်မြင်ကျော်ကြားသော အသက် ၃၀ အောက်လူငယ် ၃၀ ကို ရွေးချယ်သော "30 Under 30 Asia 2019" စာရင်းတွင် ဖော်ပြခြင်းခံခဲ့ရသည်။