တင်ဇင်းနော်ဂေး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၃ -
တင်ဇင်းနော်ဂေးကို ([[တရုတ်နိုင်ငံ]]၏ နယ်မြေတစ်ခုဖြစ်သည့်) [[တိဘက်|တိဘက်နိုင်ငံ]]၌ ၁၉၁၄-ခုနှစ်တွင် မွေးဖွားခဲ့သည်။ နောက်ပိုင်းတွင် [[နီပေါနိုင်ငံ|နီပေါလ်နိုင်ငံ]]သို့ ‌ပြောင်းရွှေ့ခဲ့ပြီး [[ရှာပါလူမျိုး]]များ ရှိရာတွင် နေထိုင်ခဲ့သည်။ တိဘက်ပြည်မှ နီပေါလ်နိုင်ငံသို့ လွန်ခဲ့သော နှစ်ပေါင်းများစွာက ပြောင်းရွှေ့အခြေချခဲ့ကြသည့် ရှာပါလူမျိုးများသည် နှစ်ပေါင်း ရာနှင့်ချီကာ တောင်တန်းဒေသများတွင် နေထိုင်ခဲ့ကြသည်။ တင်ဇင်းနေထိုင်သည့် ရွာကလေးနှင့် မနီးမဝေးတွင် ဧဝရက်တောင်ကြီး ရှိလေသည်။ ဧဝရက်တောင်ထွတ်သည် [[ဟိမဝန္တာတောင်တန်း]]၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး နီပေါလ်နှင့် တိဘက်နယ်စပ်တွင် တည်ရှိပါသည်။ [[ဥရောပတိုက်သား]]များ နီပေါလ်နိုင်ငံသို့ တောင်တက်ရန် လာကြသောအခါ ပစ္စည်းများ သယ်ဆောင်ရန်၊ တောင်များပေါ်သို့ လမ်းပြရန် ရှာပါလူမျိုးများကို ငှားရမ်းလေ့ရှိသည်။ တောင်တန်းဒေသတွင် နေထိုင်ရှင်သန်ကြသော အတွေ့အကြုံများကြောင့် ရှာပါများသည် လမ်းပြကောင်းများ၊ တောင်တက်သမားကောင်းများ ဖြစ်နေကြပါသည်။
 
တင်ဇင်းနော်ဂေးသည် အသက် (၁၈)နှစ်တွင် အိန္ဒိယနိုင်ငံ၊[[အိန္ဒိယနိုင်ငံ]]၊ [[ဒါဂျီလင်မြို့]]သို့ ပြောင်းရွှေ့ခဲ့သည်။ တောင်တက်သမားများအတွက် ပစ္စည်းများ သယ်ဆောင်သော အလုပ်ကို လုပ်ကိုင်ရန် မျှော်လင့်ချက်နှင့် ဖြစ်သည်။ နောက် (၃)နှစ်ခန့် အကြာတွင် ဧဝရက်တောင်သို့ တက်ရောက်မည့် သုတေသနအဖွဲ့တစ်ဖွဲ့နှင့် အတူ ပစ္စည်းသယ် အလုပ်သမားအဖြစ် လိုက်ပါခဲ့ရသည်။ နောင် နှစ်အနဲငယ် အကြာတွင် ဧဝရက်တောင်ပေါ်သို့ တက်မည့်ခရီးစဉ်များကို အခြားသော တောင်တက်သမားများထက် ပိုမိုလိုက်ပါခဲ့ရလ​ေ
သည်။