မိုဟာမက် အလီဂျင်နာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
No edit summary
စာကြောင်း ၁ -
[[ဖိုင်:Quaid-e-Azam .jpg|thumb|မိုဟာမက် အလီဂျင်နာ]]
မိုဟာမက် အလီဂျင်နာ (၁၈၇၆-၁၉၄၈) သည် အိန္ဒိယနိုင်ငံရေးသမား၊ မွတ်စလင်လိဂ်၏ သက်တမ်းရှည် ခေါင်းဆောင်ဖြစ်သည်။ ဂျင်နာသည် [[ပါကစ္စတန်နိုင်ငံ]]တည်ထောင်သူ ဖခင်ကြီးဖြစ်လာပြီး ၁၉၄၇-ခုနှစ်မှ ၁၉၄၈-ခုနှစ်အတွင်း ပါကစ္စတန်၏ ပထမဆုံးဘုရင်ခံချုပ်အဖြစ် ဆောင်ရွက်ခဲ့သည်။ မိုဟာမက် အလီဂျင်နာကို ၁၈၇၆-ခုတွင် [[ကရာချိမြို့]]၌ မွေးဖွားခဲ့သည်။ ထိုအချိန်က ကရာချိမြို့သည် [[အိန္ဒိယနိုင်ငံ]]၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အိန္ဒိယကို ဗြိတိသျှတို့ မအုပ်ချုပ်ခင် အချိန်ဖြစ်သည်။ ဂျင်နာ လူငယ်ဘဝက မိဘများက လုပ်ငန်းအတ​ွေ့အကြုံရရှိရန် [[လန်ဒန်မြို့]]သို့ ပို့ပ​ေးခဲ့သည်။ ၎င်းအစား သူက ဥပဒေပညာရပ်ကို သင်ယူခဲ့ပြီး ဗြိတိသျှအစိုးရစနစ်ကို လေ့လာခဲ့သည်။ ပညာသင်ယူပြီးသောအခါ အိန္ဒိယသို့ ပြန်လာပြီး ဘုံဘေ (ယခု [[မွန်ဘိုင်း]])တွင် ရှေ့နေအလုပ်ကို စတင်လုပ်ကိုင်ခဲ့သည်။ ထိုအချိန်ကာလသည် အိန္ဒိယပြည်သူများက ဗြိတိသျှအုပ်ချုပ်ရေး အောက်မှ လွတ်မြောက်ရေးကို စတင်ကြိုးပမ်းနေကြချိန် ဖြစ်သည်။